“ေမာင္ေက်ာ္ဇင္ဝင္းေသဆုံးမႈကို ရဲတပ္ဖြဲ႕က ဆက္လက္ေဆာင္႐ြက္မည္”
ေမာင္ေက်ာ္ဇင္ဝင္းေသဆံုးမႈမွာ အလုပ္ခြင္ကပါဝင္ပတ္သက္ေနတဲ႔ ဝန္ထမ္း(၃)ဦးကို တရားဥပေဒတိုင္းစစ္ေဆးျပီး အမႈမွန္ေပၚေပါက္ဖို႕ MIU ကရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းမယ္လို႔လည္းသိရပါတယ္။
Myanmar Imperial University (MIU)မွာ တာဝန္ထမ္းေဆာင္ေနတဲ႔ ေမာင္ေက်ာ္ဇင္ဝင္းေသဆံုးမႈနဲ႔ပတ္သက္ျပီး အလုပ္ခြင္မွ ပါဝင္ပတ္သက္ေနတဲ႔ ဝန္ထမ္း(၃)ဦးကိုစစ္ေဆးမႈေတြအလုပ္ခင္ အလုပ္မွ ယာယီရပ္ဆိုင္းထားသလို တရားဥပေဒအတိုင္း စစ္ေဆးအေရးယူေဆာင္ရြက္နိုင္ရန္လည္း MIU အုပ္ခ်ဳပ္ေရးအဖြဲ႕က သာေကတျမိဳ႕နယ္ရဲစခန္းကို အေၾကာင္းၾကားျပီးျဖစ္တယ္လို႕ ဒီကေန႔ ဇြန္လ(၂၆)ရက္ေန႔မွာ MIU က ထုတ္ျပန္ေၾကညာထားပါတယ္။
ရဲတပ္ဖြဲ႔အေနနဲ႔ကလည္း လုပ္ထံုးလုပ္နည္းအတိုင္းဆက္လက္ေဆာင္ရြက္သြားမယ္လို႔ ေျပာဆိုထားသလို အမွန္တရားေပၚေပါက္ေရးကိုလည္း ရဲတပ္ဖြဲ႕အတူ MIU အေနနဲ႔ကလည္း ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။
မေန႔က ဇြန္လ(၂၅)ရက္ေန႔က ေမာင္ေက်ာ္ဇင္ဝင္းေသဆံုးမႈမွာ အလုပ္ခြင္ကပါဝင္ပတ္သက္ေနတဲ႔ ဝန္ထမ္း(၃)ဦးကို အလုပ္ကယာယီရပ္ဆိုင္းထားေၾကာင္းကို MIU ကထုတ္ျပန္ခဲ့ပါတယ္။
ေမာင္ေက်ာ္ဇင္ဝင္းဟာ အလုပ္ခြင္မွာ ခြဲျခားဆက္ဆံခံရမႈ၊ ေနွာက္ယွက္ခံရမႈေတြေၾကာင့္ ကိုယ့္ကိုကိုယ္ သတ္ေသရေၾကာင္းကို သူမေသခင္ သူ႔ရဲ႕လူမႈစာမ်က္နွာမွာ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။
သူဟာ ေဆးေသာက္ျပီးကိုယ့္ကိုကိုယ္ သတ္ေသခဲ့တာပါ။ ဒီကေန႕ဇြန္လ(၂၆)ရက္ေန႔ ညေန(၅)နာရီမွာေတာ႔ မာင္ေက်ာ္ဇင္ဝင္းရဲ႕ နာေရး စ်ာပနာကိုက်င္းပျပဳလုပ္သြားမွာပါ။
Credit: Duwun
Unicode Version
မောင်ကျော်ဇင်ဝင်းသေဆုံးမှုမှာ အလုပ်ခွင်ကပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်း(၃)ဦးကို တရားဥပဒေတိုင်းစစ်ဆေးပြီး အမှုမှန်ပေါ်ပေါက်ဖို့ MIU ကရဲတပ်ဖွဲ့နဲ့ ပူးပေါင်းမယ်လို့လည်းသိရပါတယ်။
Myanmar Imperial University (MIU)မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်ကျော်ဇင်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး အလုပ်ခွင်မှ ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်း(၃)ဦးကိုစစ်ဆေးမှုတွေအလုပ်ခင် အလုပ်မှ ယာယီရပ်ဆိုင်းထားသလို တရားဥပဒေအတိုင်း စစ်ဆေးအရေးယူဆောင်ရွက်နိုင်ရန်လည်း MIU အုပ်ချုပ်ရေးအဖွဲ့က သာကေတမြို့နယ်ရဲစခန်းကို အကြောင်းကြားပြီးဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ(၂၆)ရက်နေ့မှာ MIU က ထုတ်ပြန်ကြေညာထားပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ကလည်း လုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားသလို အမှန်တရားပေါ်ပေါက်ရေးကိုလည်း ရဲတပ်ဖွဲ့အတူ MIU အနေနဲ့ကလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မနေ့က ဇွန်လ(၂၅)ရက်နေ့က မောင်ကျော်ဇင်ဝင်းသေဆုံးမှုမှာ အလုပ်ခွင်ကပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်း(၃)ဦးကို အလုပ်ကယာယီရပ်ဆိုင်းထားကြောင်းကို MIU ကထုတ်ပြန်ခဲ့ပါတယ်။
မောင်ကျော်ဇင်ဝင်းဟာ အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရမှု၊ နှောက်ယှက်ခံရမှုတွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေရကြောင်းကို သူမသေခင် သူ့ရဲ့လူမှုစာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
သူဟာ ဆေးသောက်ပြီးကိုယ့်ကိုကိုယ် သတ်သေခဲ့တာပါ။ ဒီကနေ့ဇွန်လ(၂၆)ရက်နေ့ ညနေ(၅)နာရီမှာတော့ မာင်ကျော်ဇင်ဝင်းရဲ့ နာရေး ဈာပနာကိုကျင်းပပြုလုပ်သွားမှာပါ။
Credit: Duwun


