ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက်မြှုပ် ဆယ်ဖီကင်မရာကို မိတ်ဆက်လိုက်တဲ့ Oppo





နည်းပညာပစ္စည်းကိရိယာတွေက ယခုနှစ်တွေအတွင်းမှာ တိုးတက်မှုအရှိန် အရမ်းမြန်ဆန်နေပါတယ်။ စမတ်ဖုန်းတွေမှာလည်း ဖုန်းရဲ့ မရှိမဖြစ် အစိတ်အပိုင်းအချို့က ဖုန်းမျက်နှာပေါ်မှာ ရှိတတ်ပေမယ့် ဒီအချက်ကို တွန်းလှန်နေတဲ့ တီထွင်မှုတွေ နောက်ပိုင်းမှာ ပိုတွေ့လာရပါတယ်။


ဖုန်းရဲ့ headphone jack ပေါက်တွေ ဖျောက်ပစ်လာတာ၊ fingerprint sensor တွေကို display ထဲ ထည့်လိုက်တာ၊ မျက်နှာပြင်ပေါ်က ဆယ်ဖီကင်မရာကို Pop-up ဒီဇိုင်း လုပ်လိုက်တာတွေ အမျိုးမျိုးပေါ်လာပါတယ်။ အခုဆိုရင်တော့ စမတ်ဖုန်းထဲမှာ ဆယ်ဖီကင်မရာကို နည်းပညာသစ်တစ်မျိုးနဲ့ တပ်ဆင်ခြင်း ထပ်မံပေါ်ပေါက်လို့လာပြန်ပါပြီ။


Oppo
ဆယ်ဖီကင်မရာ အားသာချက်နဲ့ အထူးကျော်ကြားတဲ့ Oppo က ၎င်းကုမ္ပဏီကနေ အသစ်ထွက်ရှိမယ့် ဖုန်းတွေမှာ ပါရှိလာမယ့် နည်းပညာသစ်တစ်မျိုးနဲ့ မိတ်ဆက်လိုက်ပါတယ်။ ဆယ်ဖီကင်မရာကို မျက်နှာပြင်ပေါ်မှာ သက်သက်တစ်နေရာ ပေးထားတာလည်း မဟုတ်သလို၊ Pop-up ဒီဇိုင်းလည်း မဟုတ်ပါတော့ပါဘူး။ အရှေ့ကင်မရာကို မျက်နှာပြင်ထဲ လုံးမြှုပ်လိုက်တာ ဖြစ်ပါတယ်။



ကင်မရာပေါ်ကနေ ထပ်အုပ်ထားတဲ့ မျက်နှာပြင်က မှန်သားကတော့ အလင်းပြန်နှုန်းနည်းပြီး ပါးလွှာတဲ့ မှန်သားကို ရွေးချယ်ထားပါတယ်။ ထိုအလွှာရဲ့ Pixel တွေကိုလည်း အလင်းဖောက်လို့ရအောင် အထူးတည်ဆောက်ထားပါတယ်။ ကင်မရာရဲ့ sensor ကတော့ အခြားပုံမှန် ဆယ်ဖီကင်မရာတွေထက် sensor ပိုကြီးပါတယ်။ အထဲမှာ မြှုပ်ထားပေမယ့်လို့ အနေအထားတချို့မှာတော့ အထဲက ကင်မရာကို လှမ်းမြင်ရပါသေးတယ်။



https://twitter.com/i/status/1143789431360561152 OPPO India

@oppomobileindia
 OPPO's brand new solution for full-screen display - Under-screen Camera (USC) has just been unveiled here at #MWC19 Shanghai! #MoreThanTheSeen

644
2:23 PM - Jun 26, 2019
222 people are talking about this
Twitter Ads info and privacy
မျက်နှာပြင်အောက်မြှုပ် ဆယ်ဖီကင်မရာနဲ့ ဖုန်းမော်ဒယ်အသစ်တွေကိုတော့ Oppo ကနေ သိပ်မကြာသေးခင် ထုတ်သွားတော့မှာ ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ဆိုထားပါတယ်။


Credit  \\  original


Recent Updates

Recent Posts Widget