ယောလုံချည်ဆင်တူလေးတွေနဲ့ မန္တလာမြေမှာပျော်နေကြတဲ့ စိုးမြတ်နန္ဒနဲ့စိုးပြည့်သဇင်တို့ရဲ့ပုံရိပ်
အနုပညာအသိုင်းအဝိုင်းကြီးတစ်ခုဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်၊ စိုးပြည့်သဇင်တို့ ညီအစ်မတတွေဟာဆိုရင် ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေများစွာကို ရရှိထားခဲ့ကြတဲ့ မင်းသမီးချောတွေပါ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ကြတဲ့ သူတို့ကတော့ ညီအစ်မလေးယောက်ပေါင်းပြီး “မင်းသမီးပိုးထည်တိုက်” ဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်လှစ်ထားပြီးပဲ ဖြစ်ပါတယ်။
အလုပ်တွေကိုယ်စီနဲ့ အနုပညာလမ်းပေါ်မှာ လျှောက်လှမ်းနေကြဆဲဖြစ်တဲ့ သူတို့ညီအစ်မတတွေကို အများက အားကျ ချစ်ခင်နေခဲ့ကြရတဲ့ မင်းသမီးချောလေးတွေပါ။ လတ်တလောမှာတော့ ဒါဒါနဲ့ စိုးပြည့်တို့ ညီအစ်မနှစ်ယောက်က အလုပ်ကိစ္စအတွက် မန္တလေးမြို့ဘက်ဆီကို ခတ္တရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။
မိုမိုလေး ချစ်ပရိသတ်တွေအတွက် မန္တလာမြေမှာ ယောလုံချည်ဆင်တူလေးတွေဝတ်ဆင်ရင်း အလှပုံရိပ်လေးတွေကို ပျော်ပျော်ပါးပါး ရိုက်ကူးထားခဲ့ကြတဲ့ ဒါဒါနဲ့ စိုးပြည့်တို့ ညီအစ်မနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လှလှလေးတွေကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ ဆက်လက်ကြည့်ရှုအားပေးသွားကြပါဦး ပရိသတ်ကြီးရေ။
မန္တလေးဘက်ကို ရောက်ရှိနေကြောင်းကိုတော့ စိုးပြည့်က ” မင်းသမီးပိုးထည်တိုက်ရဲ့..ယောလုံချည်လေးတွေနဲ့ညီမနှစ်ယောက်..မန္တလာမြေသို့❤️ ” ဆိုတဲ့ စာသားလေးနဲ့၊ ဒါဒါကလည်း ” ခရီးသွားခြင်း အနုပညာ 🤪 ” ဆိုတဲ့ စာသားလေးကို သူတို့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ အသီးသီး ရေးသားဖော်ပြပေးထားခဲ့ကြတာပါ။
ပရိသတ်တွေရဲ့ အချစ်တော် ဒါဒါနဲ့ စိုးပြည့်တို့ ညီအစ်မနှစ်ယောက်ကတော့ အကောင်းဆုံး အကယ်ဒမီဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားခဲ့ပြီးပဲ ဖြစ်ပါတယ်။ ဒါဒါကတော့ “အချစ်ကိုမွေးဖွားခြင်း” ရုပ်ရှင်ကားကြီးနဲ့ “ချစ်ခြင်းငယ်ပြိုင်” ရုပ်ရှင်ကားကြီးနှစ်ကားလုံးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတွေကို ဆွတ်ခူးရရှိထားခဲ့တာပါ။ စိုးပြည့်ကတော့ “မိုးညအိမ်မက်မြူ” ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားခဲ့ပြီးပဲ ဖြစ်ပါတယ်။
ဒါဒါနဲ့ စိုးပြည့်တို့ ညီအစ်မနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း လစ်ဟင်းသွားမှုမရှိရအောင် စီးပွားရေးအလုပ်တစ်ဖက်နဲ့ အဆက်မပြတ် ဆက်လက်သရုပ်ဆောင် ရိုက်ကူးပေးနေကြဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်တွေထံကို အကောင်းဆုံး သရုပ်ဖော်မှုတွေနဲ့ ချပြပေးနေကြဆဲဖြစ်တဲ့ ဒါဒါနဲ့ စိုးပြည့်တို့ ညီအစ်မနှစ်ယောက်ကို ချစ်တယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit \\ original





