ေမြးေန႔ကုသိုလ္အျဖစ္ ..မည္သူႏွင့္မ်ွမေတြ႔ဘဲ… ဝစီပိတ္ (၉) ရက္က်င့္မည့္ …ဆရာေလး အဂၢဉာဏီ (ခ) မိုးေဟကို




Zawgyi

သ ရု ပ္ေဆာင္ မုိးေဟကိုဟာ ေအာင္ရဲလင္းႏွင့္အတူ MTV တစ္ခုရိုက္ကူးျပီးေနာက္မွာပဲ ေမြးေန႔ကုသိုလ္အျဖစ္ သီလရွင္ဘဝကုိ ခံယူသြားခဲ့တာျဖစ္ပါတယ္။ အနႏၱဂိုဏ္းဝင္ ေက်းဇူးရွင္ျဖစ္တဲ့ မိခင္ကိုပဲ အနားမွာအျမဲျပဳစုေစာင့္ေရွာက္ျပီး အခ်ိန္ေပးေနခဲ့တာေတြ႔ရပါတယ္။ မိခင္ျဖစ္သူရဲ႕ က်န္းမာေရးအတြက္ သူမဝါသနာပါတဲ့အႏုပညာအလုပ္ေတြကိုပါ ရပ္နားျပီးေတာ့ ျပဳစုေစာင့္ေရွာက္ေနခဲ့တာပါ။



မိုးေ ဟ ကို ဟာ အႏုပညာလမ္းေၾကာင္းေပၚမွာ ရပ္တည္ေအာင္ျမင္ေနခဲ့တာလည္း ဆယ္စုႏွစ္တစ္ခုၾကာျမင့္ခဲ့ပါျပီ။ အႏုပညာအလုပ္ေတြကို စိစစ္လုပ္ကိုင္ေနေပမယ့္ ယေန႔အခ်ိန္ထိ သူမဟာ ထိပ္တန္းမင္းသမီးစာရင္းဝင္ထဲမွာ ပါရွိေနဆဲပဲျဖစ္ပါတယ္။ မိုးဆိုတဲ့အလွတစ္ခုနဲ႔တင္ ေၾကြက်ေလာက္စရာ သူမရဲ႕ အလွအပေတြၾကားမွာ ပရိသတ္ေတြကလည္း တခဲနက္အားေပးေနခဲ့ၾကတာျဖစ္ပါတယ္။


သရု ပ္ေဆာင္ မိုးေဟကိုဟာ ယြန္းေရႊရည္ႏွင့္အတူ မၾကာေသးခင္ရက္ပိုင္းကပဲ မယ္သီလရွင္အျဖစ္ ခံယူသြားခဲ့တာပါ။ သူမရဲ႕ ေမြးေန႔ကုသိုလ္အျဖစ္ ဆရာေလး အဂၢဉာဏီ ဘြဲ႔အမည္ႏွင့္ ဝစီပိတ္ (၉) ရက္က်င့္ၾကံသြားမယ္လို႔သိရပါတယ္။ ဆရာေလး အဂၢဉာဏီရဲ႕ တရားက်င့္ၾကံမည့္ အစီအစဥ္ကို ပရိသတ္ၾကီးလည္း သာဓုေခၚဆုိႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ရျခင္းျဖစ္ပါတယ္။

Credit-We Love Cele

Unicode Version
သရုပ် ဆောင် မိုးဟေကိုဟာ အောင်ရဲလင်းနှင့်အတူ MTV တစ်ခုရိုက်ကူးပြီးနောက်မှာပဲ မွေးနေ့ကုသိုလ်အဖြစ် သီလရှင်ဘဝကို ခံယူသွားခဲ့တာဖြစ်ပါတယ်။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဖြစ်တဲ့ မိခင်ကိုပဲ အနားမှာအမြဲပြုစုစောင့်ရှောက်ပြီး အချိန်ပေးနေခဲ့တာတွေ့ရပါတယ်။ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအတွက် သူမဝါသနာပါတဲ့အနုပညာအလုပ်တွေကိုပါ ရပ်နားပြီးတော့ ပြုစုစောင့်ရှောက်နေခဲ့တာပါ။



မိုးဟေကိုဟာ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်အောင်မြင်နေခဲ့တာလည်း ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့ပါပြီ။ အနုပညာအလုပ်တွေကို စိစစ်လုပ်ကိုင်နေပေမယ့် ယနေ့အချိန်ထိ သူမဟာ ထိပ်တန်းမင်းသမီးစာရင်းဝင်ထဲမှာ ပါရှိနေဆဲပဲဖြစ်ပါတယ်။ မိုးဆိုတဲ့အလှတစ်ခုနဲ့တင် ကြွေကျလောက်စရာ သူမရဲ့ အလှအပတွေကြားမှာ ပရိသတ်တွေကလည်း တခဲနက်အားပေးနေခဲ့ကြတာဖြစ်ပါတယ်။သရုပ်ဆောင် မိုးဟေကိုဟာ ယွန်းရွှေရည်နှင့်အတူ မကြာသေးခင်ရက်ပိုင်းကပဲ မယ်သီလရှင်အဖြစ် ခံယူသွားခဲ့တာပါ။


သူမရဲ့ မွေးနေ့ကုသိုလ်အဖြစ် ဆရာလေး အဂ္ဂဉာဏီ ဘွဲ့အမည်နှင့် ဝစီပိတ် (၉) ရက်ကျင့်ကြံသွားမယ်လို့သိရပါတယ်။ ဆရာလေး အဂ္ဂဉာဏီရဲ့ တရားကျင့်ကြံမည့် အစီအစဉ်ကို ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်အောင် ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

Credit-We Love Cele

Recent Updates

Recent Posts Widget