၂၀၁၉ ဇူလိုင္လအတြက္ ..ထူးျခားျဖစ္စဥ္မ်ား






၂၀၁၉ ဇူလိုင္လအတြက္ ..ထူးျခားျဖစ္စဥ္မ်ား

လာ မယ့္ ဇူလိုင္လအတြင္းမွာ အာကာသအတြင္း ျဖစ္ေပၚမယ့္ ထူးျခားျဖစ္စဥ္အခ်ိဳ႕ကို အာကာသႏွင့္စၾကဝဠာ ရဲ႕ စာဖတ္ပရိတ္သတ္မ်ားအတြက္ ေရးသားတင္ဆက္ေပးလိုက္ပါတယ္။

ပထမဆံုးအခ်က္ကေတာ့ နယုန္လကြယ္ေန႔မွာ ေန အျပည့္ၾကတ္ျခင္း နဲ႔ ဝါဆိုလျပည့္ညမွ လ တပိုင္းၾကတ္ျခင္းတို႔ ျဖစ္ေပၚမွာျဖစ္ပါတယ္။

ေနၾကတ္ျခင္းကို ျမန္မာႏိုင္ငံမွ မျမင္ေတြ႕ရေပမယ့္ လၾကတ္ျခင္းကိုေတာ့ သာမန္မ်က္စိျဖင့္ ျမင္ေတြ႕ရႏိုင္ပါမယ္။

ဇူ လိုင္ လ (၂) ရက္ေန႔ည (ျမန္မာ) အခ်ိန္မွာ ေနၾကတ္ျခင္းျဖစ္ေပၚမွာျဖစ္ၿပီး ေတာင္အေမရိကေဒသမွာ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။



အဲ့ဒီ့ေနာက္မွာေတာ့ လဟာ ေနရဲ႕ အနီးနားေရာက္ေနတဲ့ မားစ္ၿဂိဳဟ္၊ မာက်ဴရီၿဂိဳဟ္တို႔နဲ႔ ဆက္လက္ပူးကပ္သြားမွာပါ။ ဆိုလိုတာကေတာ့.. လက္ရွိ

ေန ရွိတဲ့ဘက္မွာ လေရာ၊ မာက်ဴရီ၊ ဗီးနပ္စ္ နဲ႔ မားစ္ ၿဂိဳဟ္ေတြပါ ေရာက္ရွိေနတာျဖစ္ပါတယ္။

ေန ရဲ႕ ဆန္႔က်င္ဘက္ အရပ္မွာ ဂ်ဴပီတာၿဂိဳဟ္ႀကီးႏွင့္အတူ ေရာက္ရွိလာသူကေတာ့.. ေစတန္ (ခ) စေနၿဂိဳဟ္ျဖစ္ပါတယ္။ စေနၿဂိဳဟ္ဟာ

ဇူလိုင္လ (၉) ရက္ေန႔မွာ ေနနဲ႔ ဆန္႔က်င္ဘက္ အရပ္တည့္တည့္ကို ေရာက္ရွိမွာမို႔.. မိုးတိမ္ကင္းစင္လွ်င္ လွပတဲ့ စေနၿဂိဳဟ္ကို တညလံုး သာမန္မ်က္စိျဖင့္ ထင္ထင္ရွားရွား ျမင္ႏိုင္သလို.



. တယ္လီစကုတ္မ်ားျဖင့္လည္း အေသးစိတ္ရွာေဖြ ႏိုင္ပါတယ္။

ဝါ ဆို လျပည့္ညမွာေတာ့ လမင္းဟာ စေနၿဂိဳဟ္နဲ႔အတူယွဥ္တြဲၿပီး ေပၚထြက္လာမွာျဖစ္ပါတယ္။ ဇူလိုလ (၁၆)ရက္ည (၁၇) မနက္ ၂ နာရီခြဲ မွ ၅ နာရီခြဲအထိ

လ တပိုင္းၾကတ္ျခင္းကို ျမန္မာႏိုင္ငံမွ ျမင္ေတြ႕ရပါမယ္။ လရဲ႕ အေပၚျခမ္း တစ္ျခမ္းလံုးဟာ ေမွာင္မဲၿပီး နီရဲသြားမွာျဖစ္ပါတယ္။ ကမ႓ာ့အရိပ္ရွိတဲ့ေနရာကို လရဲ႕အေပၚပိုင္း ဝင္ေရာက္သြားျခင္းေၾကာင့္ျဖစ္ပါတယ္။



ေနၾကတ္ျခင္းဟာ လကြယ္ေန႔မွာသာျဖစ္ၿပီး..၊ လၾကတ္ျခင္းကေတာ့.. လျပည့္ေန႔မွာသာ ျဖစ္ပါတယ္။ အၿမဲတန္းေတာ့ မျဖစ္ပါ။ တစ္ႏွစ္ကို ၂-၃ ႀကိမ္ေလာက္ ျဖစ္တတ္တဲ့ သဘာဝျဖစ္စဥ္မ်ား ျဖစ္ပါတယ္။

ဇူ လိုင္ လအတြင္းမွာ ၾကယ္မိုးရြာျခင္း (တနည္း) ဥကၠာခဲမ်ား အစုလိုက္ေႂကြက်ျခင္းမ်ားကို ဇူလိုင္ (၈) ရက္၊ (၁၅) ရက္၊ (၂၁)ရက္၊ (၂၆) ရက္၊ (၂၉) ရက္တို႔မွာ

ျမင္ေတြ႕ရႏိုင္ပါတယ္။ မိုးတိမ္ကင္းစင္လို႔ ေကာင္းကင္ၾကည္လင္မွ ျမင္ရမွာမို႔.. အခုလိုမိုးတြင္းဘက္မွာ ျမင္ရဖို႔ ေမွ်ာ္လင့္ရခက္ပါတယ္။ ၿဂိဳဟ္ေတြ လေတြ အားၿပိဳင္ၾကမယ့္ လ တစ္လပါပဲ…



အနာဂတ္ပညာေရးအတြက္..သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Credit  \\  original

Unicode

၂၀၁၉ ဇူလိုင်လအတွက် ..ထူးခြားဖြစ်စဉ်များ

လာ မယ့် ဇူလိုင်လအတွင်းမှာ အာကာသအတွင်း ဖြစ်ပေါ်မယ့် ထူးခြားဖြစ်စဉ်အချို့ကို အာကာသနှင့်စကြဝဠာ ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ရေးသားတင်ဆက်ပေးလိုက်ပါတယ်။

ပထမဆုံးအချက်ကတော့ နယုန်လကွယ်နေ့မှာ နေ အပြည့်ကြတ်ခြင်း နဲ့ ဝါဆိုလပြည့်ညမှ လ တပိုင်းကြတ်ခြင်းတို့ ဖြစ်ပေါ်မှာဖြစ်ပါတယ်။

နေကြတ်ခြင်းကို မြန်မာနိုင်ငံမှ မမြင်တွေ့ရပေမယ့် လကြတ်ခြင်းကိုတော့ သာမန်မျက်စိဖြင့် မြင်တွေ့ရနိုင်ပါမယ်။

ဇူ လိုင် လ (၂) ရက်နေ့ည (မြန်မာ) အချိန်မှာ နေကြတ်ခြင်းဖြစ်ပေါ်မှာဖြစ်ပြီး တောင်အမေရိကဒေသမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

အဲ့ဒီ့နောက်မှာတော့ လဟာ နေရဲ့ အနီးနားရောက်နေတဲ့ မားစ်ဂြိုဟ်၊ မာကျူရီဂြိုဟ်တို့နဲ့ ဆက်လက်ပူးကပ်သွားမှာပါ။ ဆိုလိုတာကတော့.. လက်ရှိ

နေ ရှိတဲ့ဘက်မှာ လရော၊ မာကျူရီ၊ ဗီးနပ်စ် နဲ့ မားစ် ဂြိုဟ်တွေပါ ရောက်ရှိနေတာဖြစ်ပါတယ်။

နေ ရဲ့ ဆန့်ကျင်ဘက် အရပ်မှာ ဂျူပီတာဂြိုဟ်ကြီးနှင့်အတူ ရောက်ရှိလာသူကတော့.. စေတန် (ခ) စနေဂြိုဟ်ဖြစ်ပါတယ်။ စနေဂြိုဟ်ဟာ

ဇူလိုင်လ (၉) ရက်နေ့မှာ နေနဲ့ ဆန့်ကျင်ဘက် အရပ်တည့်တည့်ကို ရောက်ရှိမှာမို့.. မိုးတိမ်ကင်းစင်လျှင် လှပတဲ့ စနေဂြိုဟ်ကို တညလုံး သာမန်မျက်စိဖြင့် ထင်ထင်ရှားရှား မြင်နိုင်သလို.

. တယ်လီစကုတ်များဖြင့်လည်း အသေးစိတ်ရှာဖွေ နိုင်ပါတယ်။

ဝါ ဆို လပြည့်ညမှာတော့ လမင်းဟာ စနေဂြိုဟ်နဲ့အတူယှဉ်တွဲပြီး ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဇူလိုလ (၁၆)ရက်ည (၁၇) မနက် ၂ နာရီခွဲ မှ ၅ နာရီခွဲအထိ

လ တပိုင်းကြတ်ခြင်းကို မြန်မာနိုင်ငံမှ မြင်တွေ့ရပါမယ်။ လရဲ့ အပေါ်ခြမ်း တစ်ခြမ်းလုံးဟာ မှောင်မဲပြီး နီရဲသွားမှာဖြစ်ပါတယ်။ ကမ႓ာ့အရိပ်ရှိတဲ့နေရာကို လရဲ့အပေါ်ပိုင်း ဝင်ရောက်သွားခြင်းကြောင့်ဖြစ်ပါတယ်။

နေကြတ်ခြင်းဟာ လကွယ်နေ့မှာသာဖြစ်ပြီး..၊ လကြတ်ခြင်းကတော့.. လပြည့်နေ့မှာသာ ဖြစ်ပါတယ်။ အမြဲတန်းတော့ မဖြစ်ပါ။ တစ်နှစ်ကို ၂-၃ ကြိမ်လောက် ဖြစ်တတ်တဲ့ သဘာဝဖြစ်စဉ်များ ဖြစ်ပါတယ်။

ဇူ လိုင် လအတွင်းမှာ ကြယ်မိုးရွာခြင်း (တနည်း) ဥက္ကာခဲများ အစုလိုက်ကြွေကျခြင်းများကို ဇူလိုင် (၈) ရက်၊ (၁၅) ရက်၊ (၂၁)ရက်၊ (၂၆) ရက်၊ (၂၉) ရက်တို့မှာ

မြင်တွေ့ရနိုင်ပါတယ်။ မိုးတိမ်ကင်းစင်လို့ ကောင်းကင်ကြည်လင်မှ မြင်ရမှာမို့.. အခုလိုမိုးတွင်းဘက်မှာ မြင်ရဖို့ မျှော်လင့်ရခက်ပါတယ်။ ဂြိုဟ်တွေ လတွေ အားပြိုင်ကြမယ့် လ တစ်လပါပဲ…

အနာဂတ်ပညာရေးအတွက်..သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Credit  \\  original

Recent Updates

Recent Posts Widget