အောင်လအန်ဆန် နဲ့ ဗီရာ ထိုးသတ်မဲ့ရက် ကြေညာလိုက်ပြီ….
မြန်မာ့ဂုဏ်ဆောင် မြန်မာကိုကမ္ဘာကသိအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ရဲ့ ဟဲဗီးဝိတ် ထိုးသတ်ပွဲအဖြစ် ဗီရာနဲ့ထိုးသတ်ဖို့အတွက် အောက်တိုဘာ ၁၃ ရက်နေ့ ဂျပန်မှာ ကျင်းပမယ်လို့ ONE Championship ရဲ့ CEO / Founder ဖြစ်သူ Chatri Sityodtong က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြေညာထားပါတယ်….
အောင်လကလည်း ဗီရာနဲ့ထိုးသတ်ဖို့အတွက် ၀ိတ်တန်းမြှင့်ထားပြီး ထိုးသတ်ဖို့အတွက် အကောင်းဆုံးကြိုးစားနေတာလည်းဖြစ်ပါတယ်…..
အောင်လထိုးသတ်ခဲ့တဲ့ပွဲတိုင်းမှာ နိုင်ပွဲရပ်တွေ… အလဲထိုးတွေနဲ့ ပရိသတ်စိတ်ကျေနပ်အောင် ထိုးသတ်နိုင်ခဲ့တဲ့ အောင်လ ဒီတစ်ခါမှာလည်း အနိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….
Credit \\ original




