ေဟာလီ၀ုဒ္က မာရီလင္မြန္း႐ိုးရဲ႕ ႐ုပ္တုကို လႊနဲ႔ ျဖတ္ယူသြားတဲ့ သူခိုး






ေဟာလီ၀ုဒ္မွာရွိတဲ့ မာရီလင္မြန္႐ိုးရဲ႕ ႐ုပ္တုကို လႊနဲ႔တိုက္ၿပီး ခုိးယူသြားတာအတြက္ ‘မြန္႐ိုးရဲ႕ ၂၀၁၉ တစ္ေက်ာ့ျပန္ ညွိ႕ဓာတ္’ လို႔ေတာင္ တင္စားေခၚၾကပါတယ္။



Hollywood Walk of Fame က Ladies of Hollywood Gazebo ဆိုတဲ့ အမ်ဳိးသမီး ေလးေယာက္ ႐ုပ္တုရဲ႕ ဦးေခါင္းထက္ အီဖယ္ေမွ်ာ္စင္ပုံစံ အေပၚမွာ ရွိတဲ့ မြန္႐ိုးရဲ႕ ႐ုပ္တုကို တက္ျဖဳတ္ အခုိးခံရတာ ျဖစ္ပါတယ္။



ညွိ႔မင္းသမီးေခ်ာ မြန္႐ိုးရဲ႕ The Seven Year Itch ဇာတ္ကားထဲက ဂႏၱ၀င္တြင္တဲ့ ကိုယ္ဟန္ျပပုံျဖစ္တဲ့ ေလေၾကာင့္ လန္တက္ေနတဲ့ ဂါ၀န္စကို ဖုံးဖိေနတဲ့ပုံကို ထုလုပ္ထားတဲ့ ႐ုပ္တုကို ခုလို အေပၚထိ တက္ၿပီး လႊနဲ႔ ျဖတ္ယူသြားတာ ျဖစ္ပါတယ္။



အခင္းျဖစ္ရာက လက္ေဗြရာေတြကို ရထားၿပီးလို႔ ရဲဌာနက ေျပာေပမယ့္ ဖမ္းဆီးႏိုင္ေသးျခင္းေတာ့ မရွိပါဘူး။

မ်က္ျမင္တစ္ဦးကေတာ့ အဲဒီ အီဖယ္ေမွ်ာ္စင္ပုံစံတူ ေပၚက မြန္႐ိုး႐ုပ္တုဆီ လူတစ္ဦး ေလွကားေထာင္ တက္သြားၿပီး လႊနဲ႔ ျဖတ္ကာ ယူေဆာင္သြားတာကို တနဂၤေႏြညက ျမင္ေတြ႔ေၾကာင္း ေျပာထားပါတယ္။

ဂႏၱ၀င္မင္းသမီးတစ္လက္အျဖစ္ သမိုင္းမ်က္ႏွာစာမွာ က်န္ရစ္တဲ့ မြန္႐ိုးဟာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခ်ိန္ အသက္ ၃၆ ႏွစ္မွာ အိပ္ေဆးအေသာက္လြန္ၿပီး ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ သဲသဲလႈပ္အားေပးခံရတဲ့ မြန္႐ိုးရဲ႕ ေသဆုံးျခင္းဟာ ကိုယ္ကိုကို သတ္ေသတယ္လို႔ ဆိုၾကသလို ကေနဒီနဲ႔ ၿငိစြန္းမႈ ရွိတယ္္ဆိုတဲ့ ေကာလဟလေတြၾကား ေသဆုံးရတာျဖစ္တာေၾကာင့္ ပေဟဠိသဖြယ္ ထင္က်န္ေနသလို မြန္႐ိုးရဲ႕ ညွိ႔ယူဖမ္းစားႏုိင္တဲ့ အမူအရာနဲ႔ လွေသြးၾကြယ္မႈဟာ ေခတ္အဆက္ဆက္ လႊမ္းမိုးေနႏိုင္ဆဲ ရွိပါတယ္။

Rf; Asia One

Writer- ေမာင္သံဆင့္(Daily Hot News)

Credit  \\  original

Unicode

ဟောလီဝုဒ်မှာရှိတဲ့ မာရီလင်မွန်ရိုးရဲ့ ရုပ်တုကို လွှနဲ့တိုက်ပြီး ခိုးယူသွားတာအတွက် ‘မွန်ရိုးရဲ့ ၂၀၁၉ တစ်ကျော့ပြန် ညှိ့ဓာတ်’ လို့တောင် တင်စားခေါ်ကြပါတယ်။

Hollywood Walk of Fame က Ladies of Hollywood Gazebo ဆိုတဲ့ အမျိုးသမီး လေးယောက် ရုပ်တုရဲ့ ဦးခေါင်းထက် အီဖယ်မျှော်စင်ပုံစံ အပေါ်မှာ ရှိတဲ့ မွန်ရိုးရဲ့ ရုပ်တုကို တက်ဖြုတ် အခိုးခံရတာ ဖြစ်ပါတယ်။

ညှိ့မင်းသမီးချော မွန်ရိုးရဲ့ The Seven Year Itch ဇာတ်ကားထဲက ဂန္တဝင်တွင်တဲ့ ကိုယ်ဟန်ပြပုံဖြစ်တဲ့ လေကြောင့် လန်တက်နေတဲ့ ဂါဝန်စကို ဖုံးဖိနေတဲ့ပုံကို ထုလုပ်ထားတဲ့ ရုပ်တုကို ခုလို အပေါ်ထိ တက်ပြီး လွှနဲ့ ဖြတ်ယူသွားတာ ဖြစ်ပါတယ်။

အခင်းဖြစ်ရာက လက်ဗွေရာတွေကို ရထားပြီးလို့ ရဲဌာနက ပြောပေမယ့် ဖမ်းဆီးနိုင်သေးခြင်းတော့ မရှိပါဘူး။

မျက်မြင်တစ်ဦးကတော့ အဲဒီ အီဖယ်မျှော်စင်ပုံစံတူ ပေါ်က မွန်ရိုးရုပ်တုဆီ လူတစ်ဦး လှေကားထောင် တက်သွားပြီး လွှနဲ့ ဖြတ်ကာ ယူဆောင်သွားတာကို တနင်္ဂနွေညက မြင်တွေ့ကြောင်း ပြောထားပါတယ်။

ဂန္တဝင်မင်းသမီးတစ်လက်အဖြစ် သမိုင်းမျက်နှာစာမှာ ကျန်ရစ်တဲ့ မွန်ရိုးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ချိန် အသက် ၃၆ နှစ်မှာ အိပ်ဆေးအသောက်လွန်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပရိသတ် သဲသဲလှုပ်အားပေးခံရတဲ့ မွန်ရိုးရဲ့ သေဆုံးခြင်းဟာ ကိုယ်ကိုကို သတ်သေတယ်လို့ ဆိုကြသလို ကနေဒီနဲ့ ငြိစွန်းမှု ရှိတယ်ဆိုတဲ့ ကောလဟလတွေကြား သေဆုံးရတာဖြစ်တာကြောင့် ပဟေဠိသဖွယ် ထင်ကျန်နေသလို မွန်ရိုးရဲ့ ညှိ့ယူဖမ်းစားနိုင်တဲ့ အမူအရာနဲ့ လှသွေးကြွယ်မှုဟာ ခေတ်အဆက်ဆက် လွှမ်းမိုးနေနိုင်ဆဲ ရှိပါတယ်။

Rf; Asia One

Writer- မောင်သံဆင့်(Daily Hot News)

Credit  \\  original


Recent Updates

Recent Posts Widget