၃သိန်း၎သိန်းတန် ဖိနပ်တစ်ရံကရွာမှာ ၃၊၄လ လောက်စားလို့ရတယ်ဆိုတဲ့ ဖြူဖြူထွေး





ဖြူဖြူထွေးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အောင်မြင်ကျော်ကြားလာတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ မိဘကိုလုပ်ကျွေးနေတဲ့ သိတတ်လိမ်မာတဲ့သမီးငယ်လေးလည်းဖြစ်ပါတယ်။မကြာသေးမီက Sunday Media နဲ့အင်တာဗျူးမှာ ဖြူဖြူထွေးနဲ့ ဖြူဖြူထွေးရဲ့အမေက ဖြူဖြူထွေးနဲ့အတူတူပျော်ရွှင်စွာ အင်တာဗျူးဖြေထားခဲ့ပြီး ဖြူဖြူထွေးမှာအနုပညာပိုးပါလာတဲ့အကြောင်းကိုလည်းပြောပြသွားခဲ့ပါတယ်။

ဖြူဖြူထွေးက မြို့မှာတစ်ယောက်တည်းရုန်းကန်ကြိုးစားပြီး ဒီအခြေအနေရောက်လာတာဖြစ်ကြောင်း ဖြူဖြူထွေးရဲ့အမေက “သူကမြို့မှာ အစ်မတွေနဲ့နေရတာလေ သူ့ဟာသူကျောင်းတက်၊အဲ့လိုပေါ့။ဒါပေမယ့် သူ့အစ်မကတော့ အမြဲတမ်း ဆုံးမတယ် သူ့ကို။ ဆုံးမတယ်။ ရိုက်တာမတရားပဲ။ တစ်နှစ်တစ်တန်းလည်း မကျခဲ့ဘူး။ သူ့အစ်က ဘာမှမလုပ်ရဘူး”လို့ပြောပြထားသလို ဖြူဖြူထွေးကလည်း “အစ်မက အစကတည်းကပြောထားတယ်။ ညီမလေး အစ်မတို့က ပိုက်ဆံလည်းမရှိဘူး။ အမေတွေကိုလည်းထောက်ပံ့ရတယ်။အရင်တုန်းက အစ်မတွေဆိုတာ အမေတွေကိုပြန်ထောက်ပံ့လာတဲ့လူတွေလေ။ အခုက ကိုယ့်အနေနဲ့ တတ်နိုင်သလောက်သူတို့ကိုပြန်ပြီးထောက်ပံ့တယ်။ အသိုင်းအဝိုင်းထဲကပဲဖြစ်ဖြစ် အမေ့ကိုပဲဖြစ်ဖြစ်တတ်နိုင်သလောက်ပြန်ပြီးထောက်ပံ့တယ်ပေါ့နော်”လို့ ပြောထားပါတယ်။

ဖြူဖြူထွေးက ပိုက်ဆံသုံးတဲ့နေရာမှာလည်း Addidas ဖိနပ်ဈေးကြားရတာ ခေါင်းတွေပါမူးတယ်လို့ “အခုက မြန်မာဝတ်စုံတွေပဲဝတ်တာလေ။ သိပ်ဈေးမကြီးဘူးလေ။ဝတ်နေကျပုံစံလေးတွေ၊ အရမ်းဈေးကြီးတဲ့ဟာတွေလည်းရှိတယ်သိတယ်မလား။ အဲ့လိုဆိုင်တွေဆိုဆိုင်ရှေ့က ဖြတ်သွားရင်တောင် ဆိုင်ထဲလှည့်မကြည့်ရဲဘူး။ Adidas ဆို သုံးသိန်း၊လေးသိန်းတဲ့။ သမီးသာအဲဒါဝယ်ရင် သမီး ခေါင်းချာချာလည်မူးသွားမှာ၊ရွာမှာသုံးသိန်းလေးသိန်းဆိုတာ အမေတို့အတွက်က သုံးလလေးလလောက်အေးအေးဆေးဆေးစားရတယ်။ ရွာမှာဝယ်ရတယ်ဆိုတာ ဆန်နဲ့ ဆားလေးတွေလောက်ပဲရှိတာ။ ရွာမှာ မန်ကျည်းရွက်တစ်ဆုပ်လောက်ဆိုရင်လည်းပေးတာပဲ။ အဲလိုအကုန်ရတယ်။ ရွာမှာက ခူးစားတာများတယ်။မြို့ကဝယ်တာဆိုလို့အသားလေးငါးလေးပေါ့အာဟာရလေးဖြစ်အောင်”လို့ ပြောပြထားပါတယ်။

ဖြူဖြူထွေးမှာအနုပညာပိုးပါလာပုံကိုတော့ ဖြူဖြူထွေးရဲ့အမေက “ရုပ်ရှင်ရူးကတော့ အမေကလည်း အရွယ်ကောင်းတုန်းကဆိုရင် ရုပ်ရှင်ရူးရူးတာ။ချိုပြုံးနဲ့ ညွန့်ဝင်းလေ။ သြော်မိန်းမ မိန်းမဆိုတာ။ ရေကန်ထဲမယ်ချိုပြုံးဆင်းသွားတဲ့ဟာတွေလုပ်ရင် ကိုယ်ကလည်း နွားကျောင်းတဲ့သူငယ်ချင်းနဲ့ ချိုပြုံးဒီလိုဆင်းတာဆိုပြီး ကန်ဘောင်ပေါ်ကတွန်းချလိုက်တာ။ သူငယ်ချင်းရေထဲနစ်နေတာ။ စိတ်ဆိုးတာ မတရား။ ရုပ်ရှင်ရူးရူးတာ သမီးအထိလာဖြစ်နေတာ”လို့ ရယ်မောရင်းပြောပြထားပါတယ်။

ဖြူဖြူထွေးကလည်း အမေက အနုပညာကိုအရမ်းခုံမင်ကြောင်း “အမေက တစ်ခါတစ်လေကျရင်ပြောတယ်။ သမီးရယ်တဲ့ အမေအရွယ်ကောင်းတုန်းက ဒါမျိုးလေးနာမည်ကြီးလိုက်ပါ့လားတဲ့။ အမေကပြောပြောနေတာ။ အမေအရွယ်ကောင်းတုန်းကဆိုရင် ဘယ်လိုမျိုးတွေကခဲ့တာ။ ရွာမှာဆိုရင်တစ်ရွာလုံးနဲ့အပြိုင်ကခဲ့တာတွေအမေက အမြဲတမ်းပြောပြတယ်။ အမေက ရွာမှာစတားပဲနော်လို့”လည်းပြောပြထားပါတယ်။

Credit   \\   original

Recent Updates

Recent Posts Widget