ခေါင်းဆောင်စိတ်ရှိပြီး အပေါင်းအသင်းကို သံယောဇဉ်ကြီးတဲ့ O သွေးပိုင်ရှင်တို့ အကြောင်း
စိတ်မပါပဲ အသေးအဖွဲအလုပ်လေးကအစ အပျင်းကြီးတယ်၊ တခါတရံကျ အလုပ်အများကြီးကို တစ်ယောက်တည်း မရပ်မနားလုပ်နေတတ်ပြန်ရော။ တခါတလေ အပျော်ကြီးပျော်နေတယ်လို့ သူများအမြင်မှာ နေပြပြီး တစ်ယောက် တည်း နောက်ကွယ် မျက်ရည်ကျကြတယ်။
ဟန်မဆောင် ပွင့်လင်းတတ်တဲ့အခါ ရှိသလို ၊ ဟန်ဆောင် တော်ကြတာလည်း O က နံပါတ်(၁)ပါပဲ။ အငြင်းသန်ပြီး အရွဲ့တိုက်တတ်တယ်။
O သွေးတွေ မာန အလွန်ကြီးပြီး သူများ အသနားမခံတတ်ကြဘူး။ ကိုယ့်ဒူးကိုချွန် ကိုယ့်အားကိုယ်ကိုး ဦးဆောင် တတ်တဲ့ ခေါင်းဆောင်စိတ်ရှိသူတွေပါ။ သူ့တို့မာနက သူများကို မထိခိုက်ပါဘူး၊ ရှိသင့်ရှိထိုက်တဲ့ မာနမျိုးပေါ့၊ အပေါင်းအသင်း သူငယ်ချင်း များအပေါ် အလွန် သံယောဇဉ် ကြီးတတ်ကြပြီး သူငယ်ချင်း အတွက်ဆို ကူညီပေးဖို့ အမြဲအသင့်ရှိတတ်ကြတယ်။
“ငါခင်သလိုသူတို့က မခင်ပါဘူး´´လို့လည်း တစ်ယောက် တည်း တွေးကာ အားငယ်တတ်ကြတယ်။ သူတို့အကြောင်းမသိသူများ Oသွေးတွေကို အပေါ်ယံ ခန့်မှန်းရင် မာကြောကြော ဘုဆက်ဆက် မို့ မခင်တတ်ကြဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ တကယ်လက်တွေ့မှာ
Oတွေရဲ့စိတ်က အလွန်နူံညံ့ပြီး ခံစားလွယ်တယ်။
ချစ်သူနဲ့သူငယ်ချင်းအပေါ် အလွန်အချစ်ကြီးပြီး
ခွင့်လွှတ် နားလည်ပေးတတ်တယ်။ ဒါပေမဲ့ သူ့အပေါ် ချစ်တယ်ဆိုတာ အမြဲ သံသယထားပြီး စိတ်စမ်းလေ့ရှိတယ်၊ အချစ်ကိုမယုံရဲတဲ့ သူမျိုးတွေပေါ့၊
ဒါကြောင့် Oသွေး ချစ်သူများ စိတ်ရှည်ရှည်ထားပေးဖို့တော့လိုလိမ့်မယ်။
သူတို့စိတ်ကို နားလည်ဖို့ အချိန်ယူရလိမ့်မယ်၊ တခါတရံ အရမ်းသဘောထားကြီးပြပြီး တခါတလေ ကလေးဆိုးလေးလို့ ဘာမဟုတ်တာလေးနဲ့စိတ်ကောက်တတ်ကြ တယ်။
O သွေးတွေဟာ သူ့ကို တကယ် ချစ်တဲ့သူကိုသာ သူပြန်ချစ်တတ် ပါတယ် ။ အချစ်ကို အလျော်အစား သဘောမျိုးထားတတ်ပြီး တဖတ်သတ် အချစ်မျိုးကို မလိုလားတဲ့သူတွေ ပါ။ စိတ်ဆိုးပြေလွယ်တတ်ပေမဲ့ စိတ် မှတ် ကြီးသူတွေပါ။ အမှတ်မထင် မှားမိရင် အမှားကို တစိမ့်စိမ့်တွေးကာ နောက်မဖြစ်အောင်
ကိုယ့်ကိုယ်ကို ဆုံးမတတ်ကြတယ်။ လုပ်ချင်တာလုပ်ရတဲ့ အချိန်မှာတော့ Oသွေးတွေ မျက်နှာက ကြည့်အကောင်းဆုံးအချိန်ပါပဲ။ သူတို့ လုပ်ရပ်အတွက် ဘယ်တော့မှ နောင်တ မရတတ်ကြတဲ့ ခေါင်းမာသူတွေပေါ့။
အိုသွေးများ ငြင်းရခက်သော အကြောင်းများ
၁ . စိတ်တိုတာ အရမ်း မြန်တယ်
၂ . ယှဉ်ပြိုင်ရခြင်းကို ဝါသနာပါကြတယ်
၃ . လူသားခြင်း စာနာထောက်ထားတတ်ကြတယ်
၎ . ဂုဏ်အဆင့်အတန်းမခွဲခြားတတ်ဘူး
၅ . ဆင်းရဲချို့ တဲ့ သူများ အားငယ်သူများကို ကူညီပေးတတ်ကြတယ်
၆. ထူးခြားဆုံး အချက်မှာ စိတ်ညစ်နေတဲ့ လူများ အဆင်မပြေဖြစ်နေတဲ့ လူများကို
အားပေးစကား အကြံကောင်းဥာဏ်ကောင်းများပေးတတ်ကြတယ်
၇ . စဉ်စားတွေးခေါ် စိတ်ကူးယဉ်တတ်တဲ့ စိတ်မျိုး ရှိကြတယ်
၈ . အာရုံနောက်တာ စိတ်ကသိ ကအောင့် ဖြစ်တာ မကြိုက်ဘူး
၉ . မထင်ရင် မထင်သလို ပြောတတ်ကြတယ်
၁၀ . လုပ်မယ်လို့  ပြောထားရင် လုပ်မှ ကြိုက်တယ်
၁၁ . ဘယ်လို အခက်အခဲများ ရှိပါစေ
ဖြေရှင်းဖို့ နည်းလမ်းများကို သူများတွေထပ် လွယ်ကူစွာ ရှာတွေ့ တတ်ကြတယ်
၁၂ . သူငယ်ချင်းများကို ပျော်ရွှင်စေရန် စနောက်တတ်ကြတယ်
၁၃ . အဆင်မပြေဖြစ်နေတဲ့ အခါမျိုးမှာ
ဘယ်သူမှ စကားပြောချင်စိတ် မရှိလောက်အောင် ဖြစ်တတ်ကြတယ်
၁၄ . ဦးဆောင် လုပ်ကိုင်ရတာကို သဘောကျတယ်
၁၅ . မိသားစုအပေါ် တာဝန်ယူတတ်ကြတယ်
၁၆ . ဘယ်သူကိုမှ စိတ်ဒုက္ခ မပေးကြဘူး
၁၇ . ကိုယ့်အပေါ် စိတ်ဒုက္ခ ပေးလာရင်လည်း လုံးဝ မကြိုက်ကြဘူး
၁၈ . တစ်ခါတလေ အရမ်း ဝမ်းနည်းစရာ အကြောင်းအရာများ ကြုံတွေ့ လာတိုင်း
အရမ်း ခံစားတတ်ကြတယ်
၁၉ . ပျော်ရွှင်စွာ နေထိုင်ရခြင်းကို မြတ်နိုးပေမဲ့
ပျော်ရွှင်ခြင်းများ သိပ်မရှိခဲ့ပါ
၂၀ . အိုသွေးဆိုတာ လူသားအားလုံးအတွက်
ပေးဆပ် အနစ်အနာခံနိုင်သော စိတ်ထားမျိုး ပိုင်ဆိုင်ကြပါသည်
အိုသွေးရဲ့ ချစ်သူအပေါ်ထားတဲ့ စိတ်
၁ ချစ်သူအပေါ် စိတ်ချမ်းသာအောင် ပြောဆိုတတ်ကြတယ်
၂ စိတ်တိုင်းမကျတာ တွေ့တိုင်း ပြောဆိုတတ်ကြတယ်
၃ အိုသွေးအပေါ် ချစ်သူက အရေးမလုပ်ရင်
ဝမ်းနည်း အားငယ်တတ်ကြတယ်
၎ ချစ်သူအကြောင်းပဲ ခဏခဏ တွေးနေတတ်ကြတယ်
၅ ချစ်သူကို ကိုယ်ကလွဲပြီ တခြား လူကို အရေးလုပ်တာ အလေးထားတာမျိုး လုံးဝ မကြိုက်ကြဘူး
6 သံယောဇဉ် တအားဖြစ်တတ်လွန်းလို့ ချစ်သူကို စိတ်မချခြင်းများ အမြဲတမ်း ဝင်ရောက်လာတတ်ကြတယ်
7 ချစ်သူကို ကြည်ကြည်နူးနူး စကားပြောနေချိန် ကိုယ်ပြောနေတဲ့ စကားများကို အလေးမထားသလို လုပ်လာရင်တော့
စိတ်တိုင်းမကျဖြစ်လာပြီ ရစ်တတ်ကြပါတယ်
၈ အရမ်း ချစ်နေလို့ ချစ်သူကို အလျှော့ပေးတယ် အလေးထားတယ်
ဒါပေမဲ့ ကိုယ်ပေးသလောက် ပြန်မရဘူးဆိုရင်
တခြား တစ်ယောက်နဲ့ ဖြစ်နေလား ချစ်နေလားဟု တွေးနေတတ်ပါတယ်
၉ ဘယ်လို အခက်အခဲတွေ ဖြစ်လာပါစေ ရှိလာပါစေ ချစ်သူနဲ့ ထာဝရ လက်တွဲနိုင်ဖို့အင်အားများ ရှိတတ်ကြပါတယ်
၁၀ မည်သို့ပင်ဆိုစေကာမူ အရမ်းချစ်တတ်တဲ့ စိတ်များကြောင့် သဝန်တိုစိတ်များ ဖြစ်ပေါ်လာပြီ ချစ်သူနဲ့ ခဏခဏ စကားများရင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
အချစ်ခရီးလမ်းကို လျှောက်လှမ်းနေကြလေသည်။
Credit: shwelayoung


