ယူတာခ်ည္းပဲ မေျပာၾကပါနဲ႕ လွဴတာ ကိုလဲ အမ်ားသိေအာင္ မွ်ေဝၾကပါဦး ဗ်…
ယူတာခ်ည္းပဲ မေျပာၾကပါနဲ႕ လွဴတာ ကိုလဲ အမ်ားသိေအာင္ မွ်ေဝၾကပါဦး ဗ်…
ေဈးေရာင္းလို႔ ရတဲ့ပိုက္ဆံေလးနဲ႔ မုန႔္ထုပ္ေလးေတြဝယ္ၿပီး food boxမွာ ျပန္ၿပီး လာလႉ ေနရွာတဲ့ အန္တီႀကီး
မိခင္ ငွက္မႀကီးဟာ အသိုက္ထဲမွာ က်န္ခဲ့တဲ့ သူ႔ကေလးေတြ အစာလည္းေျပ အသက္လည္းရွင္ဖို႔အတြက္ ကိုယ္တိုင္အငတ္ခံၿပီး ေန႔စဥ္အစာေတြ အံအံၿပီး ေကြၽးေမြးေစာင့္ေရွာက္ခဲ့တယ္
ဒါ လူျဖစ္ျဖစ္ တိရိစာၦန္ျဖစ္ျဖစ္ မိခင္တိုင္းရဲ႕ သားသမီးအေပၚထားတဲ့ တူညီတဲ့ ေမတၱာပါပဲ…
အခုလည္း မိခင္တစ္ေယာက္ျဖစ္တဲ့ ဒီမိန္းမႀကီးဟာ food box မွာ လာလႉ ၿပီးထားသြားတဲ့ မုန႔္ေတြထဲက မုန႔္ထုပ္ေလး၂ထုပ္ ၃ထုပ္ကို လက္မွာပိုက္ခါ အိမ္မွာက်န္ခဲ့တဲ့ သူ႔ကေလးေတြ အတြက္ အားရဝမ္းသာ သယ္သြားရွာတာကိုဗ်ာ
လူေတြ မေကာင္းလိုက္ပုံမ်ား ဓာတ္ပုံခ်က္ခ်င္း႐ိုက္ၿပီး လိုင္းေပၚတင္ကာ အရွက္ခြဲလိုက္ၾကသတဲ့!
ဒီေနရာမွာ ခင္မ်ားတို႔ရဲ႕အေမ သို႔မဟုတ္ အစ္မ သို႔မဟုတ္ အေဒၚျဖင့္ေသာ္၎ ျဖစ္ေနမယ္ဆိုရင္ ခင္မ်ားတို႔ ဘယ္လိုခံစားရမယ္ ထင္သလဲ …?
အခုေတာ့ သူ႔ခမ်ာ ေနာင္တေတြ ရေနရွာၿပီး ေဈးေရာင္းလို႔ရတဲ့ ပိုက္ဆံေလးနဲ႔ မုန႔္ထုပ္ေလးေတြဝယ္ၿပီး food box မွာ ျပန္ၿပီး လာလႉ ေနရွာပါတယ္…
Source;kaungmyatsaing
Credit \\ original
Unicode
ယူတာချည်းပဲ မပြောကြပါနဲ့ လှူတာ ကိုလဲ အများသိအောင် မျှဝေကြပါဦး ဗျ…
ဈေးရောင်းလို့ ရတဲ့ပိုက်ဆံလေးနဲ့ မုန့်ထုပ်လေးတွေဝယ်ပြီး food boxမှာ ပြန်ပြီး လာလှူ နေရှာတဲ့ အန်တီကြီး
မိခင် ငှက်မကြီးဟာ အသိုက်ထဲမှာ ကျန်ခဲ့တဲ့ သူ့ကလေးတွေ အစာလည်းပြေ အသက်လည်းရှင်ဖို့အတွက် ကိုယ်တိုင်အငတ်ခံပြီး နေ့စဉ်အစာတွေ အံအံပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ်
ဒါ လူဖြစ်ဖြစ် တိရိစ္ဆာန်ဖြစ်ဖြစ် မိခင်တိုင်းရဲ့ သားသမီးအပေါ်ထားတဲ့ တူညီတဲ့ မေတ္တာပါပဲ…
အခုလည်း မိခင်တစ်ယောက်ဖြစ်တဲ့ ဒီမိန်းမကြီးဟာ food box မှာ လာလှူ ပြီးထားသွားတဲ့ မုန့်တွေထဲက မုန့်ထုပ်လေး၂ထုပ် ၃ထုပ်ကို လက်မှာပိုက်ခါ အိမ်မှာကျန်ခဲ့တဲ့ သူ့ကလေးတွေ အတွက် အားရဝမ်းသာ သယ်သွားရှာတာကိုဗျာ
လူတွေ မကောင်းလိုက်ပုံများ ဓာတ်ပုံချက်ချင်းရိုက်ပြီး လိုင်းပေါ်တင်ကာ အရှက်ခွဲလိုက်ကြသတဲ့!
ဒီနေရာမှာ ခင်များတို့ရဲ့အမေ သို့မဟုတ် အစ်မ သို့မဟုတ် အဒေါ်ဖြင့်သော်၎င်း ဖြစ်နေမယ်ဆိုရင် ခင်များတို့ ဘယ်လိုခံစားရမယ် ထင်သလဲ …?
အခုတော့ သူ့ခမျာ နောင်တတွေ ရနေရှာပြီး ဈေးရောင်းလို့ရတဲ့ ပိုက်ဆံလေးနဲ့ မုန့်ထုပ်လေးတွေဝယ်ပြီး food box မှာ ပြန်ပြီး လာလှူ နေရှာပါတယ်…
Source;kaungmyatsaing
Credit \\ original




