ရှမ်းပြည်ရောက်နေတဲ့ ဖြိုးမြတ်အောင် ရဲ့ လေပေါ်ပျံနေတဲ့ Pose များ
Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ရှမ်းပြည်ရောက်နေတဲ့ ဖြိုးမြတ်အောင် နဲ့ပုံရိပ်ကလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဖြိုးမြတ်အောင်က နယ်ပွဲများမှာ သွားရောက်ဖျော်ဖြေပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံးရင်း ချစ်ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိနေတာပါ။
ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့အတူဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် က ရှမ်းပြည်ဘက်ကို ရောက်ရှိနေတဲ့ အကြောင်းကိုသူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။
ဖြိုးမြတ်အောင် ရဲ့ ချစ်ပရိသတ်တွေကြားထဲမှာတော့ သူ့ရဲ့ လေပေါ်ပျံနေတဲ့ Pose တွေနဲ့ ပုံရိပ်ကလေးတွေက နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။
ဖြိုးမြတ်အောင် ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။
Pose တွေက အရမ်းမိုက်နေတာနော်
ဖြိုးမြတ်အောင် ရဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ လေပေါ်ပျံနေတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit \\ original









