“စြန္႔ပစ္ဂိုေထာင္တြင္ ငါးရက္တာ အစာနဲ ့ေရ မရ ပိတ္ေလွာင္ထားသည့္ ျမန္မာ နိုင္ငံသား (၂၀) အား ထိုင္းအာဏာပိုင္မ်ားက ကယ္တင္ေပးခဲ့”
ထိုုင္းမေလးနယ္စပ္ စုတ္ခလာ ခရိုင္ စေဒါင္ျမိဳနယ္ ပါဒန္ေဘဆာ ရပ္ကြက္ က လူမေန စြန္ ့ပစ္ ဂိုေထာင္ တစ္လံုးအတြင္းမွာ (၅) ရက္တာ ပိတ္ေလွာင္ထားခံရတဲ့ ျမန္မာနိုင္ငံသား ၂၀ ကို ထိုင္းလူကုန္ကူး တိုက္ဖ်က္ေရး အဖြဲ ့ေတြနဲ ့ နယ္ေျမရဲေတြက ကယ္တင္ခဲ့ ေၾကာင္း သိရပါတယ္။
အျပင္ကေန သံၾကိဳးခတ္ပိတ္ထ ာတဲ့ ဂိုေတာင္ အေဟာင္းအတြင္းက ကေလး ငိုသံေတြနဲ ့ အမ်ိဳးသမီးေတြရဲ ့ ေအာ္သံေတါကို အနီးက ရြာသာဒးေတြက ၾကားခဲ့လို ခုလိုသက္ဆိုင္ရာကို အသိေပး အေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။
သက္ဆိုင္ရာက ဂိုေထာင္ေ၇ွ ့က ပိတ္ထားတဲ့ သံၾကိဳးကို ျဖတ္ျပီး ဂိုေထာင္အတြင္းက အလင္းေရာင္မ၇ွိ မီးမရွိ – မဲေမွာင္ေနတဲ့ အတြင္းပိုင္းမွာ ျမင္ေတြ ့ရတာေတာ့ အမ်ိဳးသား ၉ ဦးအမ်ိဳးသမီး (၆) ဦးနဲ ့ ကေလးငယ္ေတြဟာ အစာေရဆာ ျပတ္လပ္ေနျပီး ေၾကာက္လန္ ့ေနၾကတယ္လို ့ ဆိုပါတယ္။
သူတို ့ကို လူေမွာင္ခိုသတားေတြက ခုလို ဂိုေထာင္ေဟာင္းမွာ စြန္ ့ပစ္သြားခဲ့ျပီး အစားအေသာက္နဲ ့ ေရ လည္း လာမေပးခဲ့တာေၾကာင့္ မိုးရြာလို ့က်ခာတဲ့ ေရစက္ေတြကို အ၀တ္နဲ ့ ခံျပီး ညွစ္ေသာက္ခဲ့ရတယ္လို ့ ျမန္မာနိုင္ငံသားေတြကေျပာပါတယ္။
ထိုင္းမေလးနယ္စပ္မွာ ထိုင္းအာဏာပိုင္က နယ္ေျမရွင္းလင္းေရးနဲ ့ လူကုန္ကူးေနတဲ့ ပြဲစားေတြကို ဆက္တိုက္ဖမ္းဆီးမွုေတြ လုပ္ေဆာင္ေနၾကတာေၾကာင့္ ျမန္မာနိုင္ငံငံသားေတြကို ခုလို လူမေနတဲ့ ဂိုေထာင္ေဟာင္းမွာ စြန္ ့ပစ္သြားခဲ့တာျဖစ္နိုင္ေၾကာင္း ထိုင္းအရာရွိေတြက ေျပာပါတယ္။
Credit: SAW
Unicode Version
ထိုင်းမလေးနယ်စပ် စုတ်ခလာ ခရိုင် စဒေါင်မြိုနယ် ပါဒန်ဘေဆာ ရပ်ကွက် က လူမနေ စွန့်ပစ် ဂိုထောင် တစ်လုံးအတွင်းမှာ (၅) ရက်တာ ပိတ်လှောင်ထားခံရတဲ့ မြန်မာနိုင်ငံသား ၂၀ ကို ထိုင်းလူကုန်ကူး တိုက်ဖျက်ရေး အဖွဲ့တွေနဲ့ နယ်မြေရဲတွေက ကယ်တင်ခဲ့ ကြောင်း သိရပါတယ်။
အပြင်ကနေ သံကြိုးခတ်ပိတ်ထ ာတဲ့ ဂိုတောင် အဟောင်းအတွင်းက ကလေး ငိုသံတွေနဲ့ အမျိုးသမီးတွေရဲ့ အော်သံတေါကို အနီးက ရွာသာဒးတွေက ကြားခဲ့လို ခုလိုသက်ဆိုင်ရာကို အသိပေး အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
သက်ဆိုင်ရာက ဂိုထောင်ရှေ့က ပိတ်ထားတဲ့ သံကြိုးကို ဖြတ်ပြီး ဂိုထောင်အတွင်းက အလင်းရောင်မ၇ှိ မီးမရှိ – မဲမှောင်နေတဲ့ အတွင်းပိုင်းမှာ မြင်တွေ့ရတာတော့ အမျိုးသား ၉ ဦးအမျိုးသမီး (၆) ဦးနဲ့ ကလေးငယ်တွေဟာ အစာရေဆာ ပြတ်လပ်နေပြီး ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။
သူတို့ကို လူမှောင်ခိုသတားတွေက ခုလို ဂိုထောင်ဟောင်းမှာ စွန့်ပစ်သွားခဲ့ပြီး အစားအသောက်နဲ့ ရေ လည်း လာမပေးခဲ့တာကြောင့် မိုးရွာလို့ကျခာတဲ့ ရေစက်တွေကို အဝတ်နဲ့ ခံပြီး ညှစ်သောက်ခဲ့ရတယ်လို့ မြန်မာနိုင်ငံသားတွေကပြောပါတယ်။
ထိုင်းမလေးနယ်စပ်မှာ ထိုင်းအာဏာပိုင်က နယ်မြေရှင်းလင်းရေးနဲ့ လူကုန်ကူးနေတဲ့ ပွဲစားတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေကြတာကြောင့် မြန်မာနိုင်ငံငံသားတွေကို ခုလို လူမနေတဲ့ ဂိုထောင်ဟောင်းမှာ စွန့်ပစ်သွားခဲ့တာဖြစ်နိုင်ကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။
Credit: SAW





