ချစ်စရာခွေးလေးနဲ့ ရှုတင်ပေါ်မှာ ပျော်ပျော်ကြီးကစားနေတဲ့ ရွှေသမီးရဲ့ ဗီဒီယို





ရွှေရောင်အဆင်းတမျှ ချစ်စရာကောင်းလွန်းတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေသမီးဟာဆိုရင် ချစ်စရာမျက်နှာလေးနဲ့ ပိုင်နိုင်တဲ့အနုပညာလုပ်ရှားမှုတွေကို ပရိသတ်တွေကြားချပြပေးနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ယနေ့အချိန်အထိ အဆက်မပြတ် လုပ်ကိုင်ပေးနေဆဲဖြစ်တဲ့ သူမကတော့ “အနုပညာပျိုးခင်းကနေ” အနုပညာလောကထဲကို ဝင်ရောက်လာသူလေးပဲ ဖြစ်ပါတယ်။



သူမကတော့ လတ်တလောမှာလည်း ကြော်ငြာတွေကို အဆက်မပြတ်ရိုက်သူနေသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမက ရိုက်ကူးရေးတစ်ခုလုပ်ကိုင်ရင်း ရှုတင်ပေါ်မှာ ခွေးလေးနဲ့အတူ ပြေးတမ်းလိုက်တမ်းကစားနေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။



ရွှေသမီးကတော့ ” ရွှေ့ရဲ့တစ်နေ့တာမှာ ဒီလိုလေးတွေရှိရင် ပိုပြည့်စုံတယ်လို့ခံစားရတယ်🥰🥰🥰 ချစ်လိုက်တာ❤️❤️❤️ ” ဆိုပြီး ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးနေဆဲဖြစ်တဲ့ ရွှေသမီးကတော့ မကြာခင်ရုံတင်ပြသပေးတော့မယ့် “သခင်ကြီးနဲ့ ငပိတို့စရာ” ရုပ်ရှင်ကားကြီးမှာ အကောင်းဆုံး ကြိုးစားထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမက ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) “ငါတို့သည်” ရုပ်ရှင်ကားကြီးမှာ ပါဝင်ရန်အတွက် အဆင်သင့်ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

ချစ်စရာခွေးလေးနဲ့ ရှုတင်ပေါ်မှာ ပျော်ပျော်ကြီးကစားနေတဲ့ ရွှေသမီးရဲ့ ဗီဒီယို


ရွှေသမီးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုကြည့်ရင်း ပရိသတ်တွေသဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ အချစ်ရေးမှာလည်း ငြိမ်သက်နေဆဲဖြစ်တဲ့ ရွှေသမီးကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ပေးရင်း ချစ်ရတဲ့မိသားစုတွေနဲ့သာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေသူလေးတစ်ယောက်ပါ။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit  \\  original

Recent Updates

Recent Posts Widget