စင္ကာပူက ..တကယ့္အဟုတ္ၾကီးကုိ …အခမဲ့ေပးတဲ့ယာယီပ်ံက်ေစ်း






စင္ကာပူက ..တကယ့္အဟုတ္ၾကီးကုိ …အခမဲ့ေပးတဲ့ယာယီပ်ံက်ေစ်း

စင္ ကာ ပူ မွာ အဲဒီလို အခမဲ့ေပးေနတဲ့ ယာယီပ်ံက်ေစ်းေလးတစ္ခု ရွိေနတယ္ဆုိတာ မိတ္ေဆြတုိ႔သိၾကပါသလား။ တခ်ိဳ႕ေတြကလည္း သိျပီးသားျဖစ္ပါလိမ့္မယ္။

အဲ ဒီေစ်း မွာ ခင္းက်င္းျပသမယ့္ ကုန္ပစၥည္းမွန္သမွ်ဟာ အခမဲ့ပါ။ မည္သူမဆုိ သြားေရာက္ႏုိင္ျပီး ၾကိဳက္တာယူငင္လုိ႔ရပါတယ္။ ဦးရာလူစနစ္ပါ။

လုိအပ္တာပဲယူျပီး ကုိယ္မလုိအပ္တာကုိ တျခားသူေတြကုိ ျပန္မွ်ေပးႏိုင္တာမ်ိဳး စီစဥ္ေပးထားတာပါ။ ကုိယ့္အိမ္မွာ ပုိိေနတဲ့ ပစၥည္းေတြကို ယူသြားျပီး ျပန္မွ်ေ၀ေပးလုိ႔ လည္းရပါတယ္။

အ ၀ တ္ အ စား၊ စာအုပ္၊ ဗြီစီဒီ၊ စီဒီ၊ အရုပ္၊ စားစရာ စတာေတြကုိ အခမဲ့ မွ်ေ၀းေပးပါတယ္။ အတတ္ပညာရွင္၊ ၀ါသနာရွင္ေတြကလည္း

သူတုိ႔တတ္ကၽြမ္းတဲ့ တာေရာ့ကားခ်ပ္ ဖတ္ေပးျခင္း၊ ဆံသေပးျခင္း၊ ကဗ်ာေရးျခင္း၊ သီခ်င္းသီဆုိျပျခင္း စတာေတြကို အခမဲ့ ျပဳလုပ္ေပး ၾကပါတယ္။

ဒီ တစ္ ခါ အခမဲ့ယာယီပ်ံက်ေစ်း က်ေရာက္မယ့္ေန႔ကေတာ့ ဇြန္လ ၃၀ ရက္ေန႔ တနဂၤေႏြေန႔ပါ။ ေနရာကေတာ့ Kampung Kampus, 91 Lorong Chencharu (Yishun), Singapore 769201 မွာ ျဖစ္ပါတယ္။



Caring နဲ႔ Sharing ကေတာ့ သူတုိ႔ရဲ ႔ ေဆာင္ပုဒ္ေလးပါပဲ။

သူ တုိ႔ ရဲ ႔ လႈပ္ရွားမႈကို မ်က္ေျခမျပတ္ေစာင့္ၾကည့္ခ်င္လွ်င္ေတာ့ https://www.facebook.com/srrfm/ တြင္ သြားေရာက္ ေလ့လာႏိုင္ပါတယ္။

Credit  \\  original

Unicode

စင်ကာပူက ..တကယ့်အဟုတ်ကြီးကို …အခမဲ့ပေးတဲ့ယာယီပျံကျစျေး

စင် ကာ ပူ မှာ အဲဒီလို အခမဲ့ပေးနေတဲ့ ယာယီပျံကျစျေးလေးတစ်ခု ရှိနေတယ်ဆိုတာ မိတ်ဆွေတို့သိကြပါသလား။ တချို့တွေကလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။

အဲ ဒီစျေး မှာ ခင်းကျင်းပြသမယ့် ကုန်ပစ္စည်းမှန်သမျှဟာ အခမဲ့ပါ။ မည်သူမဆို သွားရောက်နိုင်ပြီး ကြိုက်တာယူငင်လို့ရပါတယ်။ ဦးရာလူစနစ်ပါ။

လိုအပ်တာပဲယူပြီး ကိုယ်မလိုအပ်တာကို တခြားသူတွေကို ပြန်မျှပေးနိုင်တာမျိုး စီစဉ်ပေးထားတာပါ။ ကိုယ့်အိမ်မှာ ပိုိနေတဲ့ ပစ္စည်းတွေကို ယူသွားပြီး ပြန်မျှဝေပေးလို့ လည်းရပါတယ်။

အ ၀ တ် အ စား၊ စာအုပ်၊ ဗွီစီဒီ၊ စီဒီ၊ အရုပ်၊ စားစရာ စတာတွေကို အခမဲ့ မျှဝေးပေးပါတယ်။ အတတ်ပညာရှင်၊ ၀ါသနာရှင်တွေကလည်း

သူတို့တတ်ကျွမ်းတဲ့ တာရော့ကားချပ် ဖတ်ပေးခြင်း၊ ဆံသပေးခြင်း၊ ကဗျာရေးခြင်း၊ သီချင်းသီဆိုပြခြင်း စတာတွေကို အခမဲ့ ပြုလုပ်ပေး ကြပါတယ်။

ဒီ တစ် ခါ အခမဲ့ယာယီပျံကျစျေး ကျရောက်မယ့်နေ့ကတော့ ဇွန်လ ၃၀ ရက်နေ့ တနင်္ဂနွေနေ့ပါ။ နေရာကတော့ Kampung Kampus, 91 Lorong Chencharu (Yishun), Singapore 769201 မှာ ဖြစ်ပါတယ်။

Caring နဲ့ Sharing ကတော့ သူတို့ရဲ ့ ဆောင်ပုဒ်လေးပါပဲ။

သူ တို့ ရဲ ့ လှုပ်ရှားမှုကို မျက်ခြေမပြတ်စောင့်ကြည့်ချင်လျှင်တော့ https://www.facebook.com/srrfm/ တွင် သွားရောက် လေ့လာနိုင်ပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget