ချစ်သူမှာ တက်တူးရှိမှန်း ကြိုက်ပြီးမှသိတယ်ဆိုတဲ့ ထက်ထက်ထွန်း
အလှမယ် ထက်ထက်ထွန်းက လတ်တလောမှာတော့ အနုပညာအလုပ်တွေဘက် ခြေဦးလှည့်နေပါတယ်။ စည်ပင်ရွေးကောက်ပွဲကလောက် ထက်ထက်ထွန်းရဲ့ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ မကောင်းတော့ပေမဲ့ အချစ်ရေးကိုတော့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။ လိင်တူချစ်သူထားမယ်လို့ ထင်ရလောက်တဲ့ ထက်ထက်ထွန်းက လတ်တလောမှာ တက်တူးရှိတဲ့ ကောင်လေးနဲ့ ချစ်သူတွေပါလို့ ဆိုပါတယ်။ အချစ်ဆိုတာကို ဘယ်လိုမျိုး ပုံဖော်သွားလဲ ဆိုတာကိုတော့ ထက်ထက်ထွန်းရဲ့ ဖြေကြားချက်အရ သိရပါတယ်။
“လူတွေက ကိုယ့်ဘေးနားမှာ မြင်နေရရင် အနီးမှုန်ကြတာ များတယ်လေ။ ကိုယ့်နားမှာ ရှိတဲ့လူကို တန်ဖိုးမထားကြဘူး။ အဝေးကလူ မရနိုင်တဲ့ အရာဆိုရင် လူတွေက ပိုလိုချင်ကြတယ်။ သဘာဝနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါက သဘာဝကြီးပေါ့။ အမှန်တော့ ထက်ဆိုရင်တော့ အဲ့လိုရယ်တော့ မဟုတ်ပါဘူး။ ကိုယ် ဒီတစ်ယောက်အပေါ်မှာ မေတ္တာ ရှိတယ်ထင်ရင် တကယ်ချစ်ရင် ချစ်တဲ့ မျက်လုံးနဲ့ ကြည့်ရင် ပြည်တွင်းဖြစ်ဖြစ် ပြည်ပဖြစ်ဖြစ် လူတစ်ယောက်ကို သဘောကျမှာပဲ။ ငယ်ငယ်တုန်းက အဲ့လို ပုံစံမျိုးကြီး လုံးဝ ငါ့ချစ်သူ မဖြစ်စေရဘူး။ အဲ့လိုမျိုးဆိုရင် ငါ ချစ်မှာ မဟုတ်ဘူးလို့ တွေးထားတဲ့သူကလည်း ပြောလို့ မရဘူး။ အချိန်တန်ရင် ကံပဲ ။ ဖူးစာပဲ။ ရောက်ရင်ရောက်လာမှာပဲ။ အဲ့လူကိုမှ အကြောင်းပြချက်မဲ့စွာ ချစ်ရင်ချစ်နေနိုင်တာပဲ။ အဲ့အတွက် အစွဲ မရှိဘူး။ အရမ်းမစွဲနဲ့။ စွဲရင် အဲ့လူနဲ့မှ ပိုတွေ့တတ်တယ်” လို့ ဆိုပါတယ်။
လက်ရှိတွဲနေတဲ့သူက တက်တူးထိုးထားကြောင်း ခုလိုမျိုး ဥပမာပေး ပြောသွားပါတယ်။
“ငယ်ငယ်တုန်းက တက်တူးတွေ သိပ်ခေတ်မစားသေးဘူးလေ။ အဲ့တော့ထက်က တက်တူးပါတဲ့ ယောက်ျားလေးဆိုရင် မကြိုက်ဘူးပေါ့နော်။ တက်တူးဆိုရင် အရင်တုန်းက လူဆိုးတွေမှ ထိုးတယ်ဆိုပြီး ပြောကြတယ်လေနော်။ လူကြီးတွေက လက်မခံကြဘူး။ ငါ ဘယ်တော့မှ တက်တူးပါတဲ့ လူကို မကြိုက်တော့ဘူးလို့ တွေးထားတာ။ အခုလက်ရှိ တွဲနေတဲ့သူက တက်တူးနဲ့။ အာ့ကြောင့် အများကြီး မပြောပါနဲ့လို့။” ဆိုပြီး ပြောပြသွားပါတယ်။
တက်တူးရှိမှန်း မသိဘဲ ချစ်သူတွေ ဖြစ်သွားပုံကိုတော့ ထက်ထက်ထွန်းက ခုလို ပြောပြပါတယ်။“သူ့မှာ တက်တူးရှိမှန်း ကိုယ်မသိဘဲ ချစ်သူရှိမှန်း တက်တူးရှိမှန်း သိတာ။ ကိုယ်နဲ့ မတွဲခင်က အမြဲတမ်း လက်ရှည်ဝတ်တာ။ ကိုယ်နဲ့ တွဲပြီးမှ လက်တိုဝတ်တော့ လက်အနားလေးမှာ တက်တူးထွက်နေတာ။ ဟာ ..ဘာကြီးလဲဆိုတော့မှ တက်တူးဖြစ်နေတယ်။ မတတ်နိုင်ဘူး ချစ်ပြီးသွားပြီလေ။” လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ထက်ထက်ထွန်းတစ်ယောက် အစွဲတွေကျွတ်ပြီး တကယ်ချစ်ရင် ဘာလာလာ ဖြစ်နိုင်ကြောင်း အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
Credit \\ original




