“႐ုပ္လွသေလာက္၊ တပည့္ေတြကုိ ၾကင္နာစြာဆက္ဆံလုိ႔ နာမည္ႀကီးေနတဲ့ ဆရာမေလး”




ထုိင္းႏုိင္ငံ၊ Banpruewai School ေက်ာင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာမ ေခ်ာေခ်ာေလးကေတာ့ တစ္ျခားဆရာမေတြနဲ႔မတူညီတဲ့ သူမရဲ႕ ႏႈတ္ဆက္ပုံေလးေၾကာင့္ လူမႈကြန္ရက္မွာ ေန႔ခ်င္းညခ်င္း နာမည္ႀကီးလာခဲ့ပါတယ္။ သူမအမည္ကေတာ့ Nattaya Nat ျဖစ္ပါတယ္။

ရုပ္သံၾကည့္ရန္


သူမဟာ လူမႈကြန္ရက္မွာ Tik Tok ဗြီဒီယုိေလးေတြ ႐ုိက္တင္ခဲ့ရာကစၿပီး နာမည္ႀကီးလာတာပါ။ ေက်ာင္းသားတစ္ဦးခ်င္းဆီကုိ ဘယ္လုိႀကိဳေပးရမလဲ ဘယ္လုိ ႏႈတ္ဆက္ရမလဲဆုိတာကို သူမက ပုံကေလးေတြေထာက္ၿပီး စိတ္ႀကိဳက္ေရြးေစကာ ႏႈတ္ဆက္ေလ့ရွိပါတယ္။



ကေလးေတြမွာ ႏႈတ္ဆက္ဖုိ႔ ေရြးခ်ယ္စရာ ေလးခု ရွိပါတယ္။ အဲဒါေတြကေတာ့ hug (ဖက္ျခင္း), handshake (လက္ဆြဲႏႈတ္ဆက္ျခင္း) , fist bump (လက္သီးခ်င္းတုိ႔ျခင္း) နဲ႔ high-5 (လက္ဝါး႐ုိက္ျခင္း)တုိ႔ ျဖစ္ပါတယ္။ ဆရာမေလးအေၾကာင္းကုိ ေဒသခံသတင္းေတြကအစ ေဖာ္ျပခဲ့တာမုိ႔-



အခုဆုိရင္ သူမဟာ ေန႔ခ်င္းညခ်င္း နာမည္ႀကီးလာခဲ့ပါၿပီ။ သူမရဲ ဗြီဒီယုိဖုိင္ေလးကုိ ဝင္ေရာက္ၾကည့္႐ႈသူ (၃.၆)သန္းအထိ ရွိခဲ့ၿပီး၊ ျပန္လည္မွ်ေဝသူ (၃၆၂၀၆)အထိ ရွိခဲ့ေၾကာင္း သိရပါတယ္။ သူမဟာ တစ္ဦးခ်င္း စာကုိ ဂ႐ုစုိက္သင္ေပးေနတဲ့ ဗြီဒီယုိဖုိင္ေတြလည္း ႐ုိက္ကူးခဲ့ပါေသးတယ္။


Credit  \\  original

Unicode Version

ထိုင်းနိုင်ငံ၊ Banpruewai School ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ချောချောလေးကတော့ တစ်ခြားဆရာမတွေနဲ့မတူညီတဲ့ သူမရဲ့ နှုတ်ဆက်ပုံလေးကြောင့် လူမှုကွန်ရက်မှာ နေ့ချင်းညချင်း နာမည်ကြီးလာခဲ့ပါတယ်။ သူမအမည်ကတော့ Nattaya Nat ဖြစ်ပါတယ်။

ရုပ်သံကြည့်ရန်
သူမဟာ လူမှုကွန်ရက်မှာ Tik Tok ဗွီဒီယိုလေးတွေ ရိုက်တင်ခဲ့ရာကစပြီး နာမည်ကြီးလာတာပါ။ ကျောင်းသားတစ်ဦးချင်းဆီကို ဘယ်လိုကြိုပေးရမလဲ ဘယ်လို နှုတ်ဆက်ရမလဲဆိုတာကို သူမက ပုံကလေးတွေထောက်ပြီး စိတ်ကြိုက်ရွေးစေကာ နှုတ်ဆက်လေ့ရှိပါတယ်။
ကလေးတွေမှာ နှုတ်ဆက်ဖို့ ရွေးချယ်စရာ လေးခု ရှိပါတယ်။ အဲဒါတွေကတော့ hug (ဖက်ခြင်း), handshake (လက်ဆွဲနှုတ်ဆက်ခြင်း) , fist bump (လက်သီးချင်းတို့ခြင်း) နဲ့ high-5 (လက်ဝါးရိုက်ခြင်း)တို့ ဖြစ်ပါတယ်။ ဆရာမလေးအကြောင်းကို ဒေသခံသတင်းတွေကအစ ဖော်ပြခဲ့တာမို့-
အခုဆိုရင် သူမဟာ နေ့ချင်းညချင်း နာမည်ကြီးလာခဲ့ပါပြီ။ သူမရဲ ဗွီဒီယိုဖိုင်လေးကို ဝင်ရောက်ကြည့်ရှုသူ (၃.၆)သန်းအထိ ရှိခဲ့ပြီး၊ ပြန်လည်မျှဝေသူ (၃၆၂၀၆)အထိ ရှိခဲ့ကြောင်း သိရပါတယ်။ သူမဟာ တစ်ဦးချင်း စာကို ဂရုစိုက်သင်ပေးနေတဲ့ ဗွီဒီယိုဖိုင်တွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။


Credit  \\  original


Recent Updates

Recent Posts Widget