မီတာ မလည္ေအာင္လုပ္တဲ့သူေတြ၊ မီးခုိးသြယ္တဲ့သူေတြကို ပန္ဆယ္လုိ ဒဲ့ဝုန္းၿပီ




မီတာခေတြ တက္တယ္။ မေရးဘူးလား မေရးဘူးလားဆိုေတာ့ ရယ္ပဲ ရယ္ခ်င္ေတာ့တယ္။ ၿပီးခဲ့တဲ့လကတင္ ေရးေနေသးတယ္။ အခုတက္မယ္ဆိုေတာ့လည္း ကိုယ့္မီတာခက ရပ္ေနမွာ က်ေန။ အရင္ေစ်းနဲ႔ ငါးေသာင္းေက်ာ္ က်တယ္။ တက္ၿပီဆို တစ္သိန္းခြဲေလာက္ ေဆာင္ရေတာ့မယ္။ေပးခ်င္လားဆိုေတာ့ ရွင္းရွင္းပဲ။ မေပးခ်င္ဘူး။ လက္ရွိငါးေသာင္းေက်ာ္က်တာေတာင္ မေပးခ်င္တာ တစ္သိန္းခြဲဆို ပိုေတာင္ မေပးခ်င္ေသးတယ္။ ႏိုင္ငံတကာမွာ မီတာခက ဘယ္ေလာက္ေတာင္ ရွိတယ္၊ ဒါသက္သာတာ ဆိုၿပီးလည္း မကာခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ ႏိုင္ငံတကာက လူတစ္ေယာက္ရဲ႕ အေျခခံဝင္ေငြနဲ႔ ျမန္မာျပည္က အေျခခံဝင္ေငြလည္း မတူဘူး။ အခြင့္အေရးလည္း ႏိုင္ငံတကာလို မရတဲ့အတြက္ ႏိုင္ငံတကာလို ေပးသင့္တယ္ဆိုတာလည္း လက္မခံဘူး။



ေနာက္ေၾကာင္းျပန္ေျပာေနလည္း အလကားပဲ။ ေရာင္းတဲ့လူေတြက ႏွစ္၆၀၊၈၀ေတြ ေရာင္းသြားတာ။ ပိုလို႔ေရာင္းစား တယ္ဆိုတဲ့စကား မွတ္မိၾကေသးမွာေပါ့။ ကဲ… ဒါေတြ ပလံုၿပီးသား ကိစၥ။ ထားလိုက္ေတာ့။ အခု လွ်ပ္စစ္ ဘယ္ကရမလဲ။ျမစ္ဆံုဆိုတာ ဝိုင္းကန္႔ကြက္ၾကတယ္။ (ကိုယ္လည္း ကန္႔ကြက္တယ္)။ ေက်ာက္မီးေသြးစက္ရံုကေန လွ်ပ္စစ္ထုတ္မယ္။ ကန္႔ကြက္ၾကတာပဲ။ လွ်ပ္စစ္ရမယ့္ Source ဘာမွမရွိဘူး။ ထပ္တိုးလာတာလည္း မရွိဘူး။ သံုးမယ့္လူဦးေရနဲ႔ အသံုးျပဳႏႈန္း တက္လာတာပဲ ရွိတယ္။ အထြက္မ်ားၿပီး အဝင္နည္းလာတယ္။

အဲ့ေတာ့ ဘာျဖစ္လဲ။ ဝယ္ရတယ္။ မတက္ခင္ကတည္းက တစ္ယူနစ္ ျပည္သူက သံုးတိုင္း အစိုးရက ေလးဆယ္ေက်ာ္ စိုက္ေပးေနရတယ္။ တက္လည္း မတက္ရဲဘူး။ တက္ရင္ အသံထြက္ၾကမယ္။ အခုတက္တယ္။ အသံထြက္ၾကတာပဲ။ အဲ့ေတာ့ ဆက္ရပ္တည္ဖို႔မလြယ္လို႔ တက္တဲ့လူက တက္တယ္။ ေပးဖို႔ အခက္အခဲရွိလို႔ အသံထြက္တဲ့လူက ထြက္မွာပဲ။ ကိုယ္ဝင္ေျပာလို႔ ေစ်းတက္တာ ျပန္က်သြားမွာ မဟုတ္သလို အသံထြက္ၾကသူေတြကလည္း တိတ္သြားမွာ မဟုတ္ဘူး။

ကိုယ္ ေနရာတကာ ပါတယ္။ မွန္တယ္။ မတရားဘူးထင္လို႔ ပါတာ။ ႏွစ္ဖက္စလံုး ကိုယ့္ရွဳေထာင့္ကကိုယ္ မွန္ေနတဲ့ ကိစၥမွာ ဝင္ပါေလ့မရွိဘူး။ ႏွစ္ဖက္လံုး မွန္တယ္လို႔ ကိုယ္တိုင္က ယူဆထားတဲ့အတြက္ ဝင္ပါဖို႔ကို စိတ္မဝင္စားတာ။ အရင္ကျဖင့္ ဒီမိန္းမႀကီး ေရးေနတာေတြက အလကားဆို။ အရည္မရ အဖက္မရေတြဆို။ ဒီမိန္းမေရးလို႔ ဘာမွျဖစ္တာ မဟုတ္ဘူးဆို။ ဟိုဟာ ပါျပန္ၿပီ။ ဒီဟာ ပါျပန္ၿပီဆို။ အခုက်ေတာ့ မပါလို႔တဲ့။ က်ဳပ္လက္နဲ႔က်ဳပ္ ေရးခ်င္ေရးမယ္။ မေရးခ်င္ မေရးဘူး။ ဘယ္သူ႔ဆီက ဘာတစ္ျပားမွ ယူထားတာ မဟုတ္တဲ့အတြက္ ဘယ္ေကာင္မွ ဟိုဟာမေရးဘူးလား။ ဒီဟာမေရးဘူးလား လာေျပာခြင့္ကို မရွိဘူး။

မီတာက က်ဳပ္အိမ္ပဲ ကြက္ၿပီး မတက္ဘဲ က်န္ခဲ့မွာ မဟုတ္ဘူး။ အားလံုးခံစားရသလို ကိုယ္လည္း ခံစားေနရတာပဲ။ တက္တဲ့လူလည္း အျပစ္လို႔ မျမင္ဘူး။ တက္ဖို႔အေျခအေနေရာက္ေနတာ ၾကာလွၿပီ။ စိုက္ရေအာင္ ခိုးထားတာလည္း မရွိဘူး။ တက္လို႔ ေအာ္ၾကတဲ့လူေတြမွာလည္း အျပစ္မရွိဘူး။ စားဝတ္ေနေရးနဲ႔ ေရႁပြတ္ပဲ က်န္ရတဲ့ၾကား မီတာခကပါ တက္ေတာ့ ရွိတဲ့ႁပြတ္ပါ က်န္ပါ့မလားပဲ။ အဲ့ေတာ့ ေအာ္မွာပဲ။တစ္ခုေတာ့ မေက်နပ္ဘူး။ မီတာခက အေျခအေနအက်ိဳးအေၾကာင္းေတြေၾကာင့္ မျဖစ္မေနမို႔ တက္ရပါတယ္ဆိုတာ လက္ခံတယ္။ မီတာမလည္ေအာင္ လုပ္ထားတဲ့ သူခိုးေတြ၊ ညႇိၿပီးယူေနၾကတဲ့ လုပ္ငန္းသံုးေတြ၊ ခိုးသြယ္ေနၾကတဲ့ မသမာသူေတြကို မထိန္းခ်ဳပ္ေသးဘဲ ေတာင္းသေလာက္ ေပးေနရတဲ့ ျပည္သူဆီက တိုးေတာင္းတာမ်ိဳးဆိုရင္ေတာ့ လက္မခံႏိုင္ဘူး။

အေလအလြင့္ ျဖစ္ေနတဲ့ မီတာခမသမာမႈေတြကို ထိန္းခ်ဳပ္ေပးပါ။ ေပ်ာ္ေပ်ာ္ႀကီးကို မီတာခေဆာင္ပါ့မယ္။ အခုလည္း ေဆာင္ရမွာပါပဲ။ ဒါေပမယ့္ မေပ်ာ္ေသးဘူး ဆိုတာပါပဲ။ မေလာ္လို႔ ဆဲမယ္ဆို ဆဲလို႔ရပါၿပီ ေလာ္တယ္ဆိုၿပီး ဆဲမယ္ဆိုလည္း ဆဲလို႔ရပါၿပီ။ (ဘယ္သူႀကိဳက္ႀကိဳက္၊ မႀကိဳက္ႀကိဳက္ $ဂ႐ုမစိုက္၊ ေအာ႐ိုက္ ဆိုတဲ့သီခ်င္းေလးညည္းရင္း ေရးသြားသည္။)

အိပန္ဆယ္လုိ (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode ျဖင့္ဖတ္ရန္

မီတာခတွေ တက်တယ်။ မရေးဘူးလား မရေးဘူးလားဆိုတော့ ရယ်ပဲ ရယ်ချင်တော့တယ်။ ပြီးခဲ့တဲ့လကတင် ရေးနေသေးတယ်။ အခုတက်မယ်ဆိုတော့လည်း ကိုယ့်မီတာခက ရပ်နေမှာ ကျနေ။ အရင်စျေးနဲ့ ငါးသောင်းကျော် ကျတယ်။ တက်ပြီဆို တစ်သိန်းခွဲလောက် ဆောင်ရတော့မယ်။ပေးချင်လားဆိုတော့ ရှင်းရှင်းပဲ။ မပေးချင်ဘူး။ လက်ရှိငါးသောင်းကျော်ကျတာတောင် မပေးချင်တာ တစ်သိန်းခွဲဆို ပိုတောင် မပေးချင်သေးတယ်။ နိုင်ငံတကာမှာ မီတာခက ဘယ်လောက်တောင် ရှိတယ်၊ ဒါသက်သာတာ ဆိုပြီးလည်း မကာချင်ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတကာက လူတစ်ယောက်ရဲ့ အခြေခံဝင်ငွေနဲ့ မြန်မာပြည်က အခြေခံဝင်ငွေလည်း မတူဘူး။ အခွင့်အရေးလည်း နိုင်ငံတကာလို မရတဲ့အတွက် နိုင်ငံတကာလို ပေးသင့်တယ်ဆိုတာလည်း လက်မခံဘူး။

နောက်ကြောင်းပြန်ပြောနေလည်း အလကားပဲ။ ရောင်းတဲ့လူတွေက နှစ်၆၀၊၈၀တွေ ရောင်းသွားတာ။ ပိုလို့ရောင်းစား တယ်ဆိုတဲ့စကား မှတ်မိကြသေးမှာပေါ့။ ကဲ… ဒါတွေ ပလုံပြီးသား ကိစ္စ။ ထားလိုက်တော့။ အခု လျှပ်စစ် ဘယ်ကရမလဲ။မြစ်ဆုံဆိုတာ ဝိုင်းကန့်ကွက်ကြတယ်။ (ကိုယ်လည်း ကန့်ကွက်တယ်)။ ကျောက်မီးသွေးစက်ရုံကနေ လျှပ်စစ်ထုတ်မယ်။ ကန့်ကွက်ကြတာပဲ။ လျှပ်စစ်ရမယ့် Source ဘာမှမရှိဘူး။ ထပ်တိုးလာတာလည်း မရှိဘူး။ သုံးမယ့်လူဦးရေနဲ့ အသုံးပြုနှုန်း တက်လာတာပဲ ရှိတယ်။ အထွက်များပြီး အဝင်နည်းလာတယ်။

အဲ့တော့ ဘာဖြစ်လဲ။ ဝယ်ရတယ်။ မတက်ခင်ကတည်းက တစ်ယူနစ် ပြည်သူက သုံးတိုင်း အစိုးရက လေးဆယ်ကျော် စိုက်ပေးနေရတယ်။ တက်လည်း မတက်ရဲဘူး။ တက်ရင် အသံထွက်ကြမယ်။ အခုတက်တယ်။ အသံထွက်ကြတာပဲ။ အဲ့တော့ ဆက်ရပ်တည်ဖို့မလွယ်လို့ တက်တဲ့လူက တက်တယ်။ ပေးဖို့ အခက်အခဲရှိလို့ အသံထွက်တဲ့လူက ထွက်မှာပဲ။ ကိုယ်ဝင်ပြောလို့ စျေးတက်တာ ပြန်ကျသွားမှာ မဟုတ်သလို အသံထွက်ကြသူတွေကလည်း တိတ်သွားမှာ မဟုတ်ဘူး။

ကိုယ် နေရာတကာ ပါတယ်။ မှန်တယ်။ မတရားဘူးထင်လို့ ပါတာ။ နှစ်ဖက်စလုံး ကိုယ့်ရှုထောင့်ကကိုယ် မှန်နေတဲ့ ကိစ္စမှာ ဝင်ပါလေ့မရှိဘူး။ နှစ်ဖက်လုံး မှန်တယ်လို့ ကိုယ်တိုင်က ယူဆထားတဲ့အတွက် ဝင်ပါဖို့ကို စိတ်မဝင်စားတာ။ အရင်ကဖြင့် ဒီမိန်းမကြီး ရေးနေတာတွေက အလကားဆို။ အရည်မရ အဖက်မရတွေဆို။ ဒီမိန်းမရေးလို့ ဘာမှဖြစ်တာ မဟုတ်ဘူးဆို။ ဟိုဟာ ပါပြန်ပြီ။ ဒီဟာ ပါပြန်ပြီဆို။ အခုကျတော့ မပါလို့တဲ့။ ကျုပ်လက်နဲ့ကျုပ် ရေးချင်ရေးမယ်။ မရေးချင် မရေးဘူး။ ဘယ်သူ့ဆီက ဘာတစ်ပြားမှ ယူထားတာ မဟုတ်တဲ့အတွက် ဘယ်ကောင်မှ ဟိုဟာမရေးဘူးလား။ ဒီဟာမရေးဘူးလား လာပြောခွင့်ကို မရှိဘူး။

မီတာက ကျုပ်အိမ်ပဲ ကွက်ပြီး မတက်ဘဲ ကျန်ခဲ့မှာ မဟုတ်ဘူး။ အားလုံးခံစားရသလို ကိုယ်လည်း ခံစားနေရတာပဲ။ တက်တဲ့လူလည်း အပြစ်လို့ မမြင်ဘူး။ တက်ဖို့အခြေအနေရောက်နေတာ ကြာလှပြီ။ စိုက်ရအောင် ခိုးထားတာလည်း မရှိဘူး။ တက်လို့ အော်ကြတဲ့လူတွေမှာလည်း အပြစ်မရှိဘူး။ စားဝတ်နေရေးနဲ့ ရေပြွတ်ပဲ ကျန်ရတဲ့ကြား မီတာခကပါ တက်တော့ ရှိတဲ့ပြွတ်ပါ ကျန်ပါ့မလားပဲ။ အဲ့တော့ အော်မှာပဲ။တစ်ခုတော့ မကျေနပ်ဘူး။ မီတာခက အခြေအနေအကျိုးအကြောင်းတွေကြောင့် မဖြစ်မနေမို့ တက်ရပါတယ်ဆိုတာ လက်ခံတယ်။ မီတာမလည်အောင် လုပ်ထားတဲ့ သူခိုးတွေ၊ ညှိပြီးယူနေကြတဲ့ လုပ်ငန်းသုံးတွေ၊ ခိုးသွယ်နေကြတဲ့ မသမာသူတွေကို မထိန်းချုပ်သေးဘဲ တောင်းသလောက် ပေးနေရတဲ့ ပြည်သူဆီက တိုးတောင်းတာမျိုးဆိုရင်တော့ လက်မခံနိုင်ဘူး။

အလေအလွင့် ဖြစ်နေတဲ့ မီတာခမသမာမှုတွေကို ထိန်းချုပ်ပေးပါ။ ပျော်ပျော်ကြီးကို မီတာခဆောင်ပါ့မယ်။ အခုလည်း ဆောင်ရမှာပါပဲ။ ဒါပေမယ့် မပျော်သေးဘူး ဆိုတာပါပဲ။ မလော်လို့ ဆဲမယ်ဆို ဆဲလို့ရပါပြီ လော်တယ်ဆိုပြီး ဆဲမယ်ဆိုလည်း ဆဲလို့ရပါပြီ။ (ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် $ဂရုမစိုက်၊ အောရိုက် ဆိုတဲ့သီချင်းလေးညည်းရင်း ရေးသွားသည်။)

အိပန်ဆယ်လို (လေးစားမှုဖြင့် ခရက်ဒစ်)


Recent Updates

Recent Posts Widget