စာရေးဆရာတွေကိုလည်း အကယ်ဒမီပေးသင့်တယ်ဆိုတဲ့ အကြည်တော်





ဟာသဝတ္ထုတွေရေးပြီး ဟိုးအရင်ကတည်းက ပရိသတ်တွေ အခိုင်အမာရှိတဲ့ စာရေးဆရာကြီး အကြည်တော်ကတော့ မြန်မာ့ရုပ်ရှင်ဆုပေးပွဲတွေထဲမှာ သူပါဝင်စေချင်တဲ့ ဆုအကြောင်း ပြောကြားသွားခဲ့ပြီး ဇာတ်ကားတွေကို အခုနောက်ပိုင်းမှာ ဘယ်လိုရိုက်လာလည်းဆိုတာကို သူ့အမြင်လေးတွေကို ပြောကြားလာခဲ့ပါတယ်။



စာရေးဆရာ အကြည်တော်ကတော့ Mc နဲ့ အင်တာဗျူးတွင် “အကယ်ဒမီထဲမှာ စိတ်မကောင်းတာက စာရေးဆရာတွေအတွက် မူရင်းဝတ္ထုဆုကို မပေးဘူးလေ။ အမှန်တော့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဝတ္ထုရှိမှ ဇာတ်ညွှန်းရှိမှာလေ။ အဓိကက လုပ်သင့်တာကတော့ မူရင်းဝတ္ထုဆိုတာကိုတော့ အကယ်ဒမီထဲမှာ ထည့်သင့်တယ်လို့ ထင်ပါတယ်”



“ကျွန်တော်ပထမဆုံးရေးတဲ့ ဇာတ်ကားကတော့ တော်တော်လေးကို သဘောကျပါတယ်။ အပြင်းစားရိုက်ချက်ကိုတော့ သဘောကျပါတယ်။ နောက်ပိုင်း ဟော့ရှော့တို့ ဘာတို့လည်း အောင်မြင်တာပဲလေ။ ဇာတ်ကားတော်တော်များများတော့ အောင်မြင်ပါတယ်။ အားမရဘူးလို့တော့ ပြောမရပါဘူး။ သူတို့လည်း လုပ်နိုင်သလောက်တော့ လုပ်တာပါပဲ။ လူတွေ ရုပ်ရှင်ပြန်ကြည့်လာတယ်။ ရုပ်ရှင်ရုံတွေမှာ ကြည့်ရတာကောင်းတယ်ဆိုတာကို သိလာတာကတော့ ဝမ်းသာစရာကောင်းပါတယ်”



“ကျွန်တော်က ဇာတ်ကောင်က ရီရမယ်။ ပြီးတော့ သီအိုရီတခုထုတ်လိုက်တယ်။ လူတွေအများကြီး သုံးရမယ်ပေါ့။ ဟော့ရှော့မှာဆိုရင် ဒါပထမဆုံး လူတော်တော်များများပါလာတဲ့ ဇာတ်ကားပေါ့။ မြန်မာတွေအားလုံးက မိသားစုကို ပိုပြီးတော့ စိတ်ဝင်စားကြတယ်။ အဲ့ဒါကြောင့် ကျွန်တော်မိသားစုဇာတ်ကိုလုပ်တယ်။ အောင်မြင်ခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ ဇာတ်ကို အားမပြုတော့ပဲနဲ့ လူတွေကို အားပြုလာကြတယ်။ နောက်ပိုင်းမှာတော့ ဆူပွက်လာတာပေါ့။ ပြီးတော့ ဇာတ်လမ်းလည်းမရှိပဲနဲ့ ပေါကားလို့ အမည်တပ်ကြတာပေါ့။ အမှန်တော့ ဇာတ်လမ်းကောင်းကောင်းကို မစဉ်းစားပဲ ဒီလူပါရင် လူကြည့်မယ်ဆိုတဲ့ သဘောမျိုးနဲ့ လုပ်ကြတာပေါ့။ ကြာလာတော့ ကျွန်တော်တို့လည်း မြင်ပါတယ်။ နည်းနည်းတော့ များလာတာပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်

Credit   \  original

Recent Updates

Recent Posts Widget