ဗိုလ်မရုပ်လေးလို ချစ်စရာကောင်းလွန်းနေတဲ့ နန်းသူဇာရဲ့ ပုံရိပ်တွေ
ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး ဖြစ်တဲ့ နန်းသူဇာ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်လေးပဲ ဖြစ်ပါတယ်။ နန်းသူဇာ က ကြော်ငြာများစွာကိုလည်း ရိုက်ကူးထားသလို သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားခဲ့တာပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ချစ်ပရိသတ်တွေ အတွက် နန်းသူဇာ ရဲ့ ဗိုလ်မရုပ်လေးလို ချစ်စရာကောင်းနေတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နန်းသူဇာ နဲ့ ချစ်သူအဆိုတော် ကျော်ထွှဏ်ဆွေ တို့ချစ်သူနှစ်ဦးကလည်း ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ စုံတွဲလေးပါ။ သူတို့ချစ်သူ နှစ်ဦးက ခုဆိုရင် ချစ်သူ သက်တမ်း ၈နှစ်နီးပါး ရှိနေပြီပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ နန်းသူဇာက ပရိသတ်တွေ အတွက် ရိုးရိုးယဉ်ယဉ်ဝတ်စုံလေးနဲ့ အမြင်ဆန်းပြီး ဗိုလ်မရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းတဲ့ အလှပုံရိပ်လေးတွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဗိုလ်မရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းလွန်းနေတဲ့ နန်းသူဇာရဲ့ ဝတ်စုံလေးကို ဒီဇိုင်နာမပုံ့က ချစ်စရာကောင်းတဲ့ ဝတ်စုံလေးတစ်စုံအဖြစ် ဆင်မြန်းပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
နန်းသူဇာ ရဲ့ အမိုက်စား အလှပုံရိပ်တွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးရင်း ပရိသတ်တွေကို ပရိသတ်တွေကျေနပ်နှစ်သက်မှုရှိအောင် ဖျော်ဖြေတင်ဆက်ပေးနေဆဲဖြစ်တဲ့ နန်းသူဇာကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Kay Kay
Ref : Ma Pont’s Facebook
Credit \ original





