မႏၲေလးတိုင္းတြင္ ၁၀ တန္းေအာင္သည္႔လူငယ္မ်ားကို မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္း အခမဲ့ေပးမည္…





မႏၲေလးတိုင္းတြင္ ၁၀ တန္းေအာင္သည္႔လူငယ္မ်ားကို မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္း အခမဲ့ေပးမည္
မႏၲေလးတိုင္းကုန္သည္ မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္ မ်ားအသင္း (MRCCI) ႏွင့္တ႐ုတ္ ႏိုင္ငံ တဟုန္းျပည္နယ္ ကုန္သည္ အသင္းတို႔ပူးေပါင္း၍ တကၠသိုလ္ ဝင္တန္းေအာင္ျမင္ၿပီးေသာ လူ ငယ္မ်ားအား မိုဘိုင္းဖုန္းျပဳျပင္ ေရးဆိုင္ရာ သင္တန္း အခမဲ့ သင္ ၾကားမည္ျဖစ္ေၾကာင္းသိရ သည္။‘မိုဘိုင္းဖုန္းျပဳျပင္ေရးနဲ႔ပတ္ သက္ၿပီး အသက္ေမြးဝမ္းေက်ာင္း အတတ္ပညာတစ္ခုရရွိေအာင္ သင္ၾကားေပးမွာ ျဖစ္ပါတယ္။ ဖုန္းတစ္လံုးကို ျဖဳတ္တာ၊ တပ္ တာေတြ၊ ဘယ္လိုျပင္ဆင္ရမလဲ၊ Software ေတြ Update ဘယ္လို လုပ္ရမလဲ စတဲ့နည္းလမ္းေတြအ ကုန္လံုးကို တ႐ုတ္ျပည္က ဆရာ ကိုယ္တိုင္ ဒီမွာလာသင္ေပးမွာ ပါ’’ ဟု MRCCI အေထြေထြအ တြင္းေရးမွဴး ဦးဥကၠာေက်ာ္က ေျပာသည္။


အဆိုပါ သင္တန္းကိုတ႐ုတ္ ႏိုင္ငံ တဟုန္းျပည္နယ္ ကုန္သည္ ႀကီးမ်ားအသင္း ျမန္မာႏိုင္ငံကိုယ္ စားလွယ္႐ံုး၊ တဟုန္းျပည္နယ္ခြဲ သိပၸံႏွင့္နည္းပညာသတင္း အ ခ်က္အလက္ အင္စတီက်ဳဒ္မွ ဆရာမ်ားကိုယ္တိုင္ လာေရာက္ သင္ၾကားမည္ျဖစ္ၿပီး တကၠသိုလ္ ဝင္တန္းေအာင္ထားေသာ မည္ သူမဆို သင္တန္းတက္ေရာက္ရန္ ေလွ်ာက္ထားႏိုင္ေၾကာင္း ၎က ေျပာသည္။သင္ၾကားမယ့္ ေက်ာင္း သားေတြက ဘာမွယူလာစရာမ လိုဘူး။ ဒီမွာပစၥည္းကိရိယာ အစံု ေပးမွာ။ သူတို႔ဘက္က လိုအပ္တဲ့ ပစၥည္းကိရိယာ အစံုပါလာမွာ။ ပညာအရည္အခ်င္းကလည္း ၁၀ တန္းေလာက္ေတာ့ ရွိမွဖုန္းနဲ႔ ပတ္သက္တဲ့ အေျပာအဆိုအ သံုးအႏႈန္းေတြက မွတ္ရလြယ္ကူ မွာျဖစ္တာေၾကာင့္ သတ္မွတ္ ထားတာျဖစ္ပါတယ္’’ ဟုဦးဥကၠာ ေက်ာ္က ေျပာသည္။
သင္တန္းကာလမွာ ဇူလိုင္ ၁၁ ရက္မွ ၂၆ ရက္အထိ ျဖစ္ၿပီး နံနက္ ၉ နာရီမွ ညေန ၅ နာရီအ ထိ ေန႔စဥ္သင္ၾကားမည္ျဖစ္ကာ အေသးစိတ္သိရွိလိုပါက 09-767333710, 09-790329769သို႔ ဆက္သြယ္ေမးျမန္းႏိုင္ ေၾကာင္း ၎ကေျပာသည္။သင္တန္းတြင္ ဖုန္းတစ္လံုး ကို အဆင့္ဆင့္ျဖဳတ္၊တပ္ ျပဳ လုပ္နည္း၊ ဖုန္းမွန္လဲနည္း၊ မွန္ ခြာနည္း၊ Network ပိုင္း၊ Power IC, CPU ႏွင့္ EMMC အလုပ္ လုပ္ပံု၊ Main Circuit တည္ ေဆာက္ပံု၊ ျမန္မာစာေဖာင့္ထည့္ နည္း၊ Software ေရးနည္း၊ Use Lock ျဖဳတ္နည္း၊ FRP Mobile ID ျဖဳတ္နည္း အစရွိသည့္ ျပဳျပင္ ေရးနည္းလမ္းမ်ားစြာ သင္ၾကား မည္ျဖစ္သည္။
Credit 7DaysDailyNews
Unicode
မန္တလေးတိုင်းကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (MRCCI) နှင့်တရုတ် နိုင်ငံ တဟုန်းပြည်နယ် ကုန်သည် အသင်းတို့ပူးပေါင်း၍ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသော လူ ငယ်များအား မိုဘိုင်းဖုန်းပြုပြင် ရေးဆိုင်ရာ သင်တန်း အခမဲ့ သင် ကြားမည်ဖြစ်ကြောင်းသိရ သည်။‘မိုဘိုင်းဖုန်းပြုပြင်ရေးနဲ့ပတ် သက်ပြီး အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုရရှိအောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဖုန်းတစ်လုံးကို ဖြုတ်တာ၊ တပ် တာတွေ၊ ဘယ်လိုပြင်ဆင်ရမလဲ၊ Software တွေ Update ဘယ်လို လုပ်ရမလဲ စတဲ့နည်းလမ်းတွေအ ကုန်လုံးကို တရုတ်ပြည်က ဆရာ ကိုယ်တိုင် ဒီမှာလာသင်ပေးမှာ ပါ’’ ဟု MRCCI အထွေထွေအ တွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။
အဆိုပါ သင်တန်းကိုတရုတ် နိုင်ငံ တဟုန်းပြည်နယ် ကုန်သည် ကြီးများအသင်း မြန်မာနိုင်ငံကိုယ် စားလှယ်ရုံး၊ တဟုန်းပြည်နယ်ခွဲ သိပ္ပံနှင့်နည်းပညာသတင်း အ ချက်အလက် အင်စတီကျုဒ်မှ ဆရာများကိုယ်တိုင် လာရောက် သင်ကြားမည်ဖြစ်ပြီး တက္ကသိုလ် ဝင်တန်းအောင်ထားသော မည် သူမဆို သင်တန်းတက်ရောက်ရန် လျှောက်ထားနိုင်ကြောင်း ၎င်းက ပြောသည်။သင်ကြားမယ့် ကျောင်း သားတွေက ဘာမှယူလာစရာမ လိုဘူး။ ဒီမှာပစ္စည်းကိရိယာ အစုံ ပေးမှာ။ သူတို့ဘက်က လိုအပ်တဲ့ ပစ္စည်းကိရိယာ အစုံပါလာမှာ။ ပညာအရည်အချင်းကလည်း ၁၀ တန်းလောက်တော့ ရှိမှဖုန်းနဲ့ ပတ်သက်တဲ့ အပြောအဆိုအ သုံးအနှုန်းတွေက မှတ်ရလွယ်ကူ မှာဖြစ်တာကြောင့် သတ်မှတ် ထားတာဖြစ်ပါတယ်’’ ဟုဦးဥက္ကာ ကျော်က ပြောသည်။
သင်တန်းကာလမှာ ဇူလိုင် ၁၁ ရက်မှ ၂၆ ရက်အထိ ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၅ နာရီအ ထိ နေ့စဉ်သင်ကြားမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက 09-767333710, 09-790329769သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း ၎င်းကပြောသည်။သင်တန်းတွင် ဖုန်းတစ်လုံး ကို အဆင့်ဆင့်ဖြုတ်၊တပ် ပြု လုပ်နည်း၊ ဖုန်းမှန်လဲနည်း၊ မှန် ခွာနည်း၊ Network ပိုင်း၊ Power IC, CPU နှင့် EMMC အလုပ် လုပ်ပုံ၊ Main Circuit တည် ဆောက်ပုံ၊ မြန်မာစာဖောင့်ထည့် နည်း၊ Software ရေးနည်း၊ Use Lock ဖြုတ်နည်း၊ FRP Mobile ID ဖြုတ်နည်း အစရှိသည့် ပြုပြင် ရေးနည်းလမ်းများစွာ သင်ကြား မည်ဖြစ်သည်။
Credit 7DaysDailyNews

Recent Updates

Recent Posts Widget