အရက်တူတူသောက်တဲ့စုံတွဲတွေက ပိုချစ်ကြကြောင်း တွေ့ရှိ




မေတ္တာရေးဆက်ဆံမှုဆိုတာ ဘယ်တော့မှ မလွယ်ကူပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်မိပြီ ဆိုရင် တစ်ယောက်အကြောင်းတစ်ယောက် သေချာနားလည်ပြီး ပျော်ရွှင်နိုင်ဖို့ကို ပျင်းစရာကောင်းတဲ့ ချိန်းတွေ့ခြင်းတွေ အများကြီးလုပ်ပြီးမှ ရောက်ရှိကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ချစ်သူနဲ့ အတူရှိချိန်တွေမှာ ခမ်းနားတဲ့ စားသောက်ဆိုင်တွေမှာ ဟန်လုပ်စားသောက်ကြခြင်း အဆင့်ကိုကျော်လွန်ပြီဆိုတာနဲ့ ဆက်ရှိနေမလား၊ လက်တွဲချင်လားဆိုတာကို ဆုံးဖြတ်ကြရတာပါပဲ ပြောချင်လွန်းလို့ တို့ရေ။ အဲ့ဒီအချိန်မှာဆက်ရှိနေဖို့ စဉ်းစားပြီး အမှန်တကယ် အရက်အတူသောက်ဖူးတဲ့ စုံတွဲတွေဟာ အဲ့ဒီလို အတူတကွ ယမကာဝိုင်းထိုင်ခြင်းက ပိုမိုရင်းနှီးကျွမ်းဝင်နီးကပ်စေတယ်လို့ ထင်ကြပါတယ်။

ဒီအထင်ကို သိပ္ပံနည်းကျလေ့လာခဲ့ရာမှာတော့ သုတေသနရလဒ်က စုံတွဲတွေ အတူတကွ သောက်စားခြင်းဟာ ရွှေလက်တွဲ ပိုမြဲစေတယ်လို့ တကယ်ပဲ ကောက်ချက်ချခဲ့ကြပါတယ်။ အဆိုပါ သုတေသနရဲ့ ရလဒ်မှာ ကိုယ့်ချစ်သူနဲ့အတူ သောက်စားလေ့ရှိတဲ့ အတွဲတွေဟာ ကြာလေ မြဲမြံလေပဲလို့ ဆိုပါတယ်။

သုတေသနထဲမှာ အိမ်ထောင်ရှင် ၄၈၆၄ ကို စောင့်ကြည့်ခဲ့တာဖြစ်ပြီး တစ်ဝက်က အတူသောက်စားတတ်ကာ အခြားတစ်ဝက်ကတော့ အတူမသောက်စားတတ်တဲ့ အတွဲတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ယောက်က သောက်စားပျော်ပါးနေတုန်း နောက်တစ်ယောက်က အမြင်မကြည်ဖြစ်နေရခြင်းက အိမ်ထောင်ကို စိတ်ချမ်းသာကျေနပ်မှု လျော့ပါးစေတာကိုလည်း တွေ့ခဲ့ကြပါတယ်။


ပျမ်းမျှ ၃၃ နှစ်လောက် အတူရှိခဲ့တဲ့ စုံတွဲတွေကို သုတေသနပညာရှင်တွေက မေးမြန်းခဲ့ပြီး သူတို့ရဲ့ ပုံမှန် ယမကာမှီဝဲချိန်နဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို မေးမြန်းခဲ့ကြတယ်။ ဒါ့အပြင် မူးနေချိန်မှာ သူတို့ရဲ့ချစ်သူဟာ စိတ်ညစ်စရာပိုကောင်းလား ဒါမှမဟုတ် ဂျီကျသလား ဆိုတာကို အဖြေရှာခဲ့ကြပါတယ်။

မီချီဂန်တက္ကသိုလ်မှ ဒေါက်တာ ကီရာဘာဒစ်တ် ကတော့ ဘာလို့ ဒီလိုဖြစ်မှန်းမသိရပေမယ့် အားလပ်ချိန်မှာ လုပ်ချင်တာတစ်ခုကို အတူတကွ ပြုလုပ်လေ့ရှိတဲ့ အတွဲတွေက အိမ်ထောင်ရေးပိုသာယာတယ်လို့ ဆိုပါတယ်။ဒါပေမယ့် အခုလိုပြောလို့လဲ ပြောချင်လွန်းလို့ တို့က ချစ်သူနဲ့ တစ်ချိန်လုံး အရက်ထွက်သောက်နေရမယ် လို့ဆိုလိုတာ မဟုတ်ပါဘူး။ အလွန်အကျွံအရက်သောက်စားခြင်းကလည်း ကိုယ့်ရဲ့ လက်တွဲဖော်ကို စိတ်ဆင်းရဲစေလို့ပဲ ဖြစ်ပါတယ်။
Credit  \  original
…..

Recent Updates

Recent Posts Widget