အဆိုတော် နေချိုရဲ့ လူကြိုက်များနေတဲ့ “ဝလာတယ်” သီချင်း





လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်မှာကတည်းက သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ အဆိုတော် နေချိုဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားခဲ့ရတဲ့ သူတစ်ယောက်ပါ။ လတ်တလောမှာတော့ သူက ခေတ်နဲ့အညီ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေထဲမှ ဝလာတာအဖြစ်အပျက်နဲ့ပတ်သက်ပြီး သီချင်းကောင်းလေး တစ်ပုဒ်ဖြစ်အောင် ဖန်တီးပေးရင်း ပရိသတ်တွေထံ ချပြပေးလိုက်တာပဲဖြစ်ပါတယ်။



လူတိုင်းလူတိုင်းကြုံတွေ့နေရတဲ့ ဝဝလာာတဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး “ဝလာတယ်” သီချင်းလေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ နေချိုကတော့ မကြာသေးခင်အချိန်ကမှ “နင်၁၂ခါ အသဲခွဲဖူးတယ်” သီချင်းသစ်လေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ နေချိုရဲ့ “ဝလာတယ်” သီချင်းကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။



နေချိုကတော့ ” မေး – မင်း ဝဝ လာတယ်နော် ဖြေ – ဒီဗိုက်ကိုအဖိုးဖြတ်ရင် သိန်းကိုသောင်းဂဏန်းရှိတယ်ကွ 😂😂😂 ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။



အဆိုတော် နေချိုရဲ့ “ဝလာတယ်” သီချင်း Video


အဆိုတော် နေချိုရဲ့ “ဝလာတယ်” သီချင်းသစ်လေးကို နားထောင်လိုက်ရတဲ့အတွက် ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မိမယ်လို့ ထင်ပါတယ်။ ဝဝလာလို့အပြောခံနေရတာနဲ့ပတ်သက်ပြီး အမြဲလိုလို စိတ်ညစ်နေရတယ်ဆိုရင် ဒီသီချင်းလေးကို မျှဝေပေးရင်း ပြန်ပြောလိုက်ကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Kay Kay
Ref : Nay Cho’s Facebook

Credit  \\  original

Recent Updates

Recent Posts Widget