“(Food box) မှာ လှူတယ်ပြောပြီး ထောင်ဖမ်း အရှက်ခွဲဖို့စောင့်နေသလိုပဲ လို့ ဆိုလာတဲ့ မိုင်မိုင်ဆိုင်း။”
credit – celegabar
Unicode
Myanmar Idol Season 2 ကနေအောင်မြင်မှုရရှိထားတဲ့ သူတွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ ခေတ်သစ်နီတိဆိုတဲ့ ခွေလေးကို ထွက်ရှိအောင်မြင်နေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ Food
box မှာ လှူတယ်ပြောပြီး ထောင်ဖမ်း အရှက်ခွဲဖို့စောင့်နေသလိုပဲ ဆိုတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ
ချစ်စရာဓလေ့ကို ပြောက်အောင်မလုပ်ဖို့ တိုက်တွန်းစကားပြောထားတာပဲဖြစ်ပါတယ်။
“အော် ဒီဂယက်ကလည်းနော် လှူတယ်ပြောပြီး လူထောင်ဖမ်းနေသလိုဘဲ။ ချက်ကောင်းမိရင်အရှက်ခွဲချင်လို့
စောင့်ကြည့်နေသလိုမျိုးကြီးဗျာ။မသင့်တော်ရင်လည်း အဲလို ပုံတွေရိုက်ပြီးလိုင်းပေါ်တင်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်
လှူတယ်ပြောပြီး လူထောင်ဖမ်းနေသလို လူလိမ္မာလုပ်ပြနေမယ့်အစား ဝင်သတိပေးလိုက်ပေါ့ ။အဲဒါက
အချင်းချင်းကူညီရာလည်းရောက်တယ်။ရုပ်လည်းမဆိုးတော့ဘူးလေ
ခုတော့ကိုယ့်မြို့ကသူကိုအချင်းချင်းအရှက်ခွဲပေးနေသလိုဘဲ ။မရှိတဲ့သူတွေအတွက်လှူတယ် ပြောတယ် ကားပေါ်က
ဆင်းယူစားရင်လည်းပြောတယ်။ ကားစီးနေရင်းလည်း အရမ်းသောက်ချင်တဲ့ အာသီတ ဖြစ်လာလို့
ယူသောက်လိုက်တာမျိုးလည်းဖြစ်နိုင်တာဘဲလေ။ဒါလည်းဒါနမြောက်သွားတာဘဲလေမဟုတ်ဘူးလား” ဆိုပြီးတော့
ခုတလောမှာ ဂယက်ထနေတဲ့ သတင်းလေးနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့
လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာဖြစ်ပါတယ်။
“တတ်နိုင်တယ်မတတ်နိုင်ဘူးဆိုတာ ဘာကိုကြည့်ပြီးပြောတာလဲ။တတ်နိူင်ပေမယ့် ကိစ္စတစ်ခုခုကြောင့်ပိုက်ဆံမပါလို့
စားချင်လို့ယူစားတာမျိုးလည်းဖြစ်နိုင်တာဘဲလေ ။ သူစားချင်တာ ကို ဖြည့်ဆည်းပေးလိုက်နိုင်တာလည်း
ဒါနမြောက်တာဘဲလေ။အကျင့်တွေပြင်စေချင်တဲ့စိတ်တကယ်ရှိရင် တတ်နိုင်ရဲ့သားနဲ့ယူသောက် ယူစားတာတွေ့ရင်
ပုံရိုက်တင် လူတတ်ကြီးလူလိမ္မာလုပ်ပြမယ့်အစား အချင်းချင်သတိပေးတာ ကပိုမကောင်းဘူးလား။ခုတော့ကိုယ့်မြို့ကို
ချစ်စရာဓလေ့ ဖြစ်အောင်လုပ်ပြရင်း ကိုယ့်ပေါင်ကိုလှန်ထောင်းနေကြသလိုဘဲ။ဒီလို
ပုံထဲပါသွားသူတွေကိုလည်းတကယ်ကိုယ်ချင်းစာ သနားတယ် အမှန်ဆို သူအဲလိုယူသွားတဲ့အချိန် အချင်းချင်း
သတိပေးကြရင် သိပ်ချစ်စရာကောင်းတဲ့မြင်ကွင်းဖြစ်မှာ” ဆိုပြီးတော့လည်း ကိုယ့်မြို့ကို ချစ်စရာဓလေ့ ဖြစ်အောင်လုပ်ဖို့
ကိုရှင်းပြထားခဲ့တာပဲဖြစ်ပါတယ်။
ဆယ်လီကမ္ဘာပရိသတ်ကြီးရေ Food box မှာ လှူတယ်ပြောပြီး ထောင်ဖမ်း အရှက်ခွဲဖို့စောင့်နေသလို ဖြစ်နေတဲ့
လူတွေကို ဆက်မဖြစ်ဖို့ တိုက်တွန်းစကားပြောထားတဲ့ မိုင်းမိုင်ဆိုင်း အတွက် မှတ်ချက်လေး ရေးပေးခဲ့ပါဦး။
credit – celegabar