“ခ်စ္သူကို ႐ူးမတတ္လြမ္းေနတုန္းပါပဲလို႔ ရင္ဖြင့္လာတဲ့ နီလန္း”
လူေတြေတာ္ေတာ္မ်ားမ်ားက Strong Girl လို႕ ေျပာၾကေပမယ့္လည္း ႏွလံုးသားက ထင္ထားသေလာက္ မမာဘူးလို႕ ဆုိပါတယ္။ အခ်ိန္ေတြ ၾကာေပမယ့္လည္း ခ်စ္သူကို ရူးမတတ္လြမ္းေနတုန္းပဲတဲ့။
အသံခ်ိဳခ်ိဳေအးေအးေလးနဲ႕ ပရိသတ္ေတြကို ဆြဲေဆာင္ထားႏိုင္တဲ့ Myanmar Idol Season 3 ၿပိဳင္ပြဲဝင္ တစ္ဦးျဖစ္တဲ့ နီလန္းဟာ ခ်စ္သူကို လြမ္းဆြတ္သတိရလို႕ ေနပါတယ္။ သူမကို အားလံုးက Strong Girl တစ္ေယာက္လို႕ ျမင္ေပမယ့္လည္း သူမရဲ႕ ႏွလံုးသားက ထင္ထားသေလာက္ မမာဘူးဆိုၿပီး ရင္ဖြင့္ထားတာေတြ႕ရပါတယ္။
“လူေတြ ေတာ္ေတာ္မ်ားမ်ားက ေျပာၾကတယ္ “Strong Girl” လို့ ဟုတ္လားမဟုတ္လားေတာ့မသိေပမယ့္ နင့္က္ုိလြမ္းရတာ ရူးမတတ္ပါပဲ ငါ့နွလံုးသားက နင္ထင္ထားသေလာက္မမာဘူး.။အရမ္းပင္ပန္းေနၿပီ။နင့္အတြက္လုပ္ထားတဲ့သိိီခ်င္းေလးလည္း ခုထိအဆင္မေျပနိုင္ဘူး။ I’m so stress” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဇြန္လ(၂၃) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။
နီလန္းရဲ႕ ခ်စ္သူဟာ နီလန္း ၿပိဳင္ပြဲဝင္ေနခ်ိန္မွာ ဆံုးပါးသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း နီလန္းဟာ ၿပိဳင္ပြဲမွာ အေကာင္းဆံုး ယွဥ္ၿပိဳင္ႏိုင္ခဲ့ပါတယ္။ ၿပိဳင္ပြဲတုန္းကသူမရဲ႕ ခ်စ္သူကို သတိရၿပီး သီဆိုထားတဲ့ အိမ္အလြမ္းဆိုတဲ့ သီခ်င္းကို နားေထာင္းရင္း ပရိသတ္ေတြေရာ ဒိုင္ေတြပါ မ်က္ရည္က်တဲ့အထိ ခံစားခဲ့ၾကရပါတယ္။ သူမရဲ႕ အခ်စ္ဇာတ္လမ္းေလးဟာ တကယ့္ကို စို႕နင့္ဖြယ္ေကာင္းလြန္းလွပါတယ္။သူမခံစားေနရတာကို ၾကည့္ၿပီး ပရိသတ္ေတြကပါ စိတ္မေကာင္းျဖစ္လို႕ေနပါတယ္။
နီလန္းကေတာ့ လက္ရွိမွာ ပရိသတ္ေတြအတြက္ သီခ်င္းအသစ္ေတြကိုလည္း ဖန္တီးေနတယ္လို႕ သိရပါတယ္။ နာမည္ေက်ာ္အဆုိေတာ္ေတြရဲ႕ သီခ်င္းတခ်ဳိ႕ကုိ Cover Song အေနနဲ႔ ျပန္လည္ သီဆုိထားတဲ့ နီလန္းရဲ႕ ဗီဒီယုိေလးေတြကလည္း ပရိသတ္အားေပးမႈ အမ်ားႀကီးရခဲ့ပါေသးတယ္။ နီလန္းဟာ အဆုိေတာ္တစ္ေယာက္မျဖစ္ခင္ Beauty Blogger တစ္ေယာက္အျဖစ္ ရပ္တည္ေနသူလည္း ျဖစ္ပါတယ္။
Credit: Duwun
Unicode Version
လူတွေတော်တော်များများက Strong Girl လို့ ပြောကြပေမယ့်လည်း နှလုံးသားက ထင်ထားသလောက် မမာဘူးလို့ ဆိုပါတယ်။ အချိန်တွေ ကြာပေမယ့်လည်း ချစ်သူကို ရူးမတတ်လွမ်းနေတုန်းပဲတဲ့။
အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ Myanmar Idol Season 3 ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ နီလန်းဟာ ချစ်သူကို လွမ်းဆွတ်သတိရလို့ နေပါတယ်။ သူမကို အားလုံးက Strong Girl တစ်ယောက်လို့ မြင်ပေမယ့်လည်း သူမရဲ့ နှလုံးသားက ထင်ထားသလောက် မမာဘူးဆိုပြီး ရင်ဖွင့်ထားတာတွေ့ရပါတယ်။
“လူတွေ တော်တော်များများက ပြောကြတယ် “Strong Girl” လို့ ဟုတ်လားမဟုတ်လားတော့မသိပေမယ့် နင့်ကိုလွမ်းရတာ ရူးမတတ်ပါပဲ ငါ့နှလုံးသားက နင်ထင်ထားသလောက်မမာဘူး.။အရမ်းပင်ပန်းနေပြီ။နင့်အတွက်လုပ်ထားတဲ့သီချင်းလေးလည်း ခုထိအဆင်မပြေနိုင်ဘူး။ I’m so stress” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
နီလန်းရဲ့ ချစ်သူဟာ နီလန်း ပြိုင်ပွဲဝင်နေချိန်မှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နီလန်းဟာ ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတုန်းကသူမရဲ့ ချစ်သူကို သတိရပြီး သီဆိုထားတဲ့ အိမ်အလွမ်းဆိုတဲ့ သီချင်းကို နားထောင်းရင်း ပရိသတ်တွေရော ဒိုင်တွေပါ မျက်ရည်ကျတဲ့အထိ ခံစားခဲ့ကြရပါတယ်။ သူမရဲ့ အချစ်ဇာတ်လမ်းလေးဟာ တကယ့်ကို စို့နင့်ဖွယ်ကောင်းလွန်းလှပါတယ်။သူမခံစားနေရတာကို ကြည့်ပြီး ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။
နီလန်းကတော့ လက်ရှိမှာ ပရိသတ်တွေအတွက် သီချင်းအသစ်တွေကိုလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။ နာမည်ကျော်အဆိုတော်တွေရဲ့ သီချင်းတချို့ကို Cover Song အနေနဲ့ ပြန်လည် သီဆိုထားတဲ့ နီလန်းရဲ့ ဗီဒီယိုလေးတွေကလည်း ပရိသတ်အားပေးမှု အများကြီးရခဲ့ပါသေးတယ်။ နီလန်းဟာ အဆိုတော်တစ်ယောက်မဖြစ်ခင် Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
Credit: Duwun





