အူတက်အောင်ခွီနေရမယ့် လေးဖြူဆိုထားတဲ့ “တကျော့နှစ်ကျော့တေးကိုသီ” သီချင်း




လတ်တလော The Voice Myanmar Season 2 Final Show မှာတော့ Top 4 ထဲမှာ ပါဝင်တဲ့ Hazel ရဲ့ နောက်ဆုံးသီဆို ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာဂန္တဝင် သီချင်းကြီး “တကျော့နှစ်ကျော့ တေးကိုသီ” ဆိုတဲ့ သီချင်းကတော့ သူ Version ပြောင်းပြီး ပြန်ဆိုလိုက်ချိန်မှာ ပရိသတ်တွေကြား တဖန်ပြန်လည်ပြီးတော့ ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက ကလေးတွေကို ချော့သိပ်တဲ့နေရာမှာရော ရုပ်ရှင်တွေထဲမှာရော ခေတ်စားလာတဲ့ တကျော့နှစ်ကျော့တေးကိုသီ ဆိုတဲ့ သီချင်းကြီးကတော့ လက်ရှိမှာ လူငယ်တွေပါးစပ်မှာ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။



တကျော့နှစ်ကျော့တေးကိုသီ ဆိုတဲ့ သီချင်းမှာတော့ ရေပန်းအစားဆုံး စာသားလေးတွေကတော့ “မောင်လေးရေထပါတော့ ရောင်နီလာလာပေါ့” ဆိုတဲ့ စာသားလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ Hazel တင်မကပါဘူး။ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Band တခုဖြစ်တဲ့ Iron Cross မှ ပင်တိုင်အဆိုရှင် လေးဖြူကလည်းဆိုထားပါသေးတယ်။ တချို့သော ပရိသတ်တွေကတော့ လေးဖြူဆိုတာ ပိုကောင်းတယ်လို့တောင် ပြောနေကြပါသေးတယ်။ သီချင်းကတော့ အပြည့်မပါပဲ စာသားတကြောင်းလောက်သာဆိုထားတဲ့ လေးဖြူရဲ့ တကျော့နှစ်ကျော့တေးကိုသီ သီချင်းကတော့ ပရိသတ်တွေကြား ပျံ့နှံ့နေတာ ဖြစ်ပါတယ်။


ဒီဗီဒီယိုလေးမှာတော့ Iron Cross Band မှာ Drumer ကိုခရမ်း အိပ်ပျော်နေတဲ့အချိန်မှာ လေးဖြူတယောက် ကတော့ မောင်လေးရယ် ထပါတော့ ဆိုပြီးတော့ စနောက်နေတာလေးကလည်း ချစ်စရာကောင်းလှပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ကြည့်ပြီးတော့ အူတက်အောင် ခွီနေရမယ်လို့ ထင်ပါတယ်။


….
credit  \\  original

Recent Updates

Recent Posts Widget