ကိုယ့်ကိုယ်ကိုယ်ဆွဲဆောင်မှုမရှိအောင် လုပ်မိနေတဲ့အကျင့်ဆိုး (၉)ခု




မထင်မှတ်ထားတဲ့ ကိုယ့်ရဲ့ အပြုအမူတွေက အခြားလူတစ်ယောက်အမြင်မှာ ဆွဲဆောင်မှုမရှိနေတာမျိုးဖြစ်တတ်ပါတယ်။ လူတိုင်းကတော့ ကိုယ့်ကြို့မင်လိုက်ရင်အခြားလူအမြင်မှာ ကြည့်ကောင်းနေတာမျိုးပဲလိုချင်တာပေါ့။ ဘယ်လိုအမူအရာတွေကိုရှောင်သင့်တယ်ဆိုတာ စာဖတ်သူတို့သတိထားနိုင်ရန် မျှဝေပေးလိုက်ပါတယ်။

(၁) ဖိစီးမှု


၂၀၁၃ခုနှစ်က ဇီဝဂျာနယ်တစ်ခုမှာဖော်ပြထားတာက အမျိုးသမီးတစ်ယောက်မှာ ဖိစီးမှုဟော်မုန်းတွေအရမ်းများနေရင် တစ်ဖက်ယောက်ျားအား ဆွဲဆောင်နိုင်စွမ်းမရှိတော့ဘူးလို့ သိရပါတယ်။

(၂) မရိုးသားမှု



လေ့လာမှုများအရ လိမ်လည်တတ်သူတစ်ယောက်ဟာ ဆွဲဆောင်မှုဘယ်လိုမှမရှိကြောင်း ဖော်ပြထားပါတယ်။ သေးငယ်တဲ့အရာလေးတွေတောင်လိမ်ညာနေရင် အရုပ်ဆိုးပါတယ်။

(၃) အိပ်ရေးမ၀ခြင်း


၂၀၁၀တုန်းက ဆွီဒင် သိပံပညာရှင်တစ်ယောက်ဟာ အိပ်ရေးမ၀တဲ့လူတစ်ယောက်မှာ အခြားလူတစ်ယောက်ကို ဘယ်လိုမှမဆွဲဆောင်နိုင်ကြောင်း ဖော်ပြထားပါတယ်။

(၄) ခန္ဓာကိုယ်အပြုအမူ



အမေရိကန် တက္ကသိုလ်မှ ပညာရှင်လေးဦးက ဆွဲဆောင်မှုမရှိတဲ့အပြုမူတွေဆိုတာ – လက်ပိုက်ထားတာ၊ ပခုံးအောက်လျှောကျနေတာတို့က အခြားလူအမြင်မှာ ကြည့်မကောင်းစေဘူးလို့ ပြောခဲ့ပါတယ်။

(၅) ပျင်းရိခြင်း



နယူးယော့နဲ့ Wisconsin တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်တွေကတော့တစ်ခုခုလုပ်ဖို့ ပျင်းရိကြောင်းပြတာတို့ ၊ ဘယ်အချိန် ကြည့်ကြည့် ပျင်းတယ်၊ အိပ်ချင်တယ် ပြောတဲ့လူတွေဟာ အခြားလူတွေအတွက် အနှောင့်ယှက်ဖြစ်စေကြောင်း ထောက်ပြခဲ့ပါတယ်။

(၆) အရမ်းပျော်ပြနေတာ



၂၀၁၁ခုနှစ်တွင် ကိုလံဘီယာ တက္ကသိုလ်မှ သုတေသီတွေကတော့ အရမ်းပျော်နေသလို၊ သွားပေါ်အောင် ဖြီးနေတဲ့ ယောက်ျားတွေဟာ မိန်းကလေးတွေအမြင်မှာ ကြည့်မရကြောင်း ပြောခဲ့ပါတယ်။

(၇) အရမ်း မာန်တက်နေခြင်း


အရမ်းကို မာန်တက်နေသလို၊ ဘယ်သူမှလူမထင်သလို မျက်နှာဘေးမျိုးနဲ့မိန်းကလေးတွေကို ယောက်ျားလေးတွေက သဘောမကျဘူးလို့ သုတေသီတွေက ဆိုထားပါတယ်။

(၈) အနံ့တူနေခြင်း




ဘတ်စ်ကားစီးတဲ့အခါ၊ အခြားလူများတဲ့နေရာတွေ သွားရင်း သူနဲ့လူချင်းနီးသွားရင် ရလိုက်တဲ့ကိုယ်သင်းနံ့က သင်နဲ့တူနေရင်ဆွဲဆောင်မှုမရှိဘူးလို့သိရပါတယ်။ သူ့ဆီကလည်း အနံ့လေးတစ်မျိုး၊ သင့်ဆီကလည်း သင်းပျံတဲ့အနံ့တစ်မျိုးကို သူရမယ်ဆိုရင် အပြန်လှန် စိတ်ဝင်စားမှုနှုန်းမြင့်လာနိုင်ပါတယ်တဲ့ ။

(၉) ဟာသဥာဏ်မရှိခြင်း



ပျင်းစရာကောင်းတဲ့ စကားတွေပြောနေတာထက် ရယ်စာဟာသတစ်ခုကို ထုတ်ပြောနိုင်တဲ့လူက ပိုပြီးဆွဲဆောင်မှုရှိတယ်။ သူလာရင် ရယ်ရတော့မယ်ဆိုတာ ကြိုသိနေတာကြောင့် လူတွေက သူရှိနေရင် အလိုလိုပျော်တယ်

Credit  \\   original

Recent Updates

Recent Posts Widget