တာခ်ီလိတ္တြင္ ၄ လအတြင္း ၃ ႀကိမ္ေျမာက္ ေရႊဆိုင္ အနုႀကမ္းစီးခံရမႈျဖစ္ပြား





တာခ်ီလိတ္တြင္ ၄ လအတြင္း ၃ ႀကိမ္ေျမာက္ ေရႊဆိုင္ အနုႀကမ္းစီးခံရမႈျဖစ္ပြား

တာခ်ီလိတ္၊ ဇူူလိုင္ ၈ (သတင္းတမန္) – ရွမ္းျပည္နယ္ အေရွ႕ပိုင္းတာခ်ီလိတ္ၿမိဳ႕တြင္ ယေန႔မနက္ပိုင္းက ေရႊဆိုင္တစ္ခုကို လူတစ္စုက ေသနတ္ျပ လုယက္မႈျဖစ္ပြားခဲ့သည္။

တာခ်ီိလိတ္ျမိဳ႕ ၀မ္ေကာင္းရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းေပၚရွိ ရွင္းဒါး (၂) ေရႊဆိုင္ကို လူ ၂ဦးက လုယက္ခဲ့ျခင္းျဖစ္သည္။

မနက္ ၈ နာရီခန္႔အခ်ိန္ ၀န္ထမ္းမ်ားက ဆိုင္ဖြင့္ရန္ျပင္ဆင္ေနခ်ိန္ လူ ၂ဦးသည္ဆိုင္ကယ္ျဖင့္ေရာက္လာၿပီး ဆိုင္၀န္ထမ္းမ်ားကို ေသနတ္ျဖင့္ ခ်ိန္ကာ

ေရႊဘယက္/ ေရႊဆြဲႀကိဳး ၄ ကံုးကို လုယူခဲ့ျခင္းျဖစ္ေၾကာင္း၊ သို႔ေသာ္ ျပန္အထြက္တြင္ ဆိုင္၀န္ထမ္းမ်ားက ျပန္လည္လုသျဖင့္ ေရႊြဆြဲႀကိဳး

၂ ကံုးျပန္ရရွိၿပီး လူ ၂ဦးမွာ ေရႊဆြဲႀကိဳး ၂ ကံုးကိုယူငင္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။



တာခ်ီလိတ္တြင္ ၿပီးခဲ့သည့္ ဇြန္ ၃ ရက္ေန႔က မယ္ေခါင္ရပ္ကြက္ ဗုိလ္ခ်ဳပ္လမ္းမႀကီးေဘး အိမ္အမွတ္ ၇/၁၁ မဲေခါင္ျမစ္ဟိုတယ္အနီး ရွိ နန္းနန္းဘြန္းေက်ာက္ေရႊဆိုင္(၂) ကို

ေသနတ္ကိုင္ လူ ၂ ဦးက အနုၾကမ္း၀င္စီးၿပီး ေရႊဆြဲႀကိဳး၊ ဟမ္းခ်ိန္း စုစုေပါင္း အေလးခ်ိန္ ၈၀ က်ပ္သားခန္႔ကို ယူေဆာင္သြားမႈျဖစ္ပြားခဲ့သည္။

အလားတူ မတ္ ၂၉ ရက္ေန႔ကလည္း တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိငး္ ခ ရပ္ကြက္ရွိ နန္းနန္းဘြန္းေက်ာက္ေရႊဆိုင္ (ပင္ရင္း)ကို လူ ၆ ဦးက အနုၾကမ္း၀င္စီးခဲ့ေသးသည္။

အဆုိပါျဖစ္စဥ္မ်ားတြင္လည္း တရားခံအားလံုးကို စံုစမ္းေဖာ္ထုတ္ႏုိင္ျခင္းမရွိေသးေပ။


ယခု ျဖစ္စဥ္သည္ ၂၀၁၉ ခုႏွစ္ မတ္လမွ ဇူလိုင္လအတြင္း တာခ်ီလိတ္တြင္ ၃ ႀကိမ္ေျမာက္ ေရႊဆိုင္ အနုၾကမ္းစီးခံရမႈျဖစ္သည္။

(သတင္းတမန္)
Photo Credit – Aung Kyaw Win Sein
ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode

တာချီလိတ်တွင် ၄ လအတွင်း ၃ ကြိမ်မြောက် ရွှေဆိုင် အနုကြမ်းစီးခံရမှုဖြစ်ပွား

တာချီလိတ်၊ ဇူူလိုင် ၈ (သတင်းတမန်) – ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်မြို့တွင် ယနေ့မနက်ပိုင်းက ရွှေဆိုင်တစ်ခုကို လူတစ်စုက သေနတ်ပြ လုယက်မှုဖြစ်ပွားခဲ့သည်။

တာချီိလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ ရှင်းဒါး (၂) ရွှေဆိုင်ကို လူ ၂ဦးက လုယက်ခဲ့ခြင်းဖြစ်သည်။

မနက် ၈ နာရီခန့်အချိန် ဝန်ထမ်းများက ဆိုင်ဖွင့်ရန်ပြင်ဆင်နေချိန် လူ ၂ဦးသည်ဆိုင်ကယ်ဖြင့်ရောက်လာပြီး ဆိုင်ဝန်ထမ်းများကို သေနတ်ဖြင့် ချိန်ကာ

ရွှေဘယက်/ ရွှေဆွဲကြိုး ၄ ကုံးကို လုယူခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းများက ပြန်လည်လုသဖြင့် ရွှွေဆွဲကြိုး ၂ ကုံးပြန်ရရှိပြီး လူ ၂ဦးမှာ ရွှေဆွဲကြိုး ၂ ကုံးကို

ယူငင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

တာချီလိတ်တွင် ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့က မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေး အိမ်အမှတ် ၇/၁၁ မဲခေါင်မြစ်ဟိုတယ်အနီး ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်(၂) ကို

သေနတ်ကိုင် လူ ၂ ဦးက အနုကြမ်းဝင်စီးပြီး ရွှေဆွဲကြိုး၊ ဟမ်းချိန်း စုစုပေါင်း အလေးချိန် ၈၀ ကျပ်သားခန့်ကို ယူဆောင်သွားမှုဖြစ်ပွားခဲ့သည်။

အလားတူ မတ် ၂၉ ရက်နေ့ကလည်း တာချီလိတ်မြို့ ဆန်ဆိုငး် ခ ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင် (ပင်ရင်း)ကို လူ ၆ ဦးက အနုကြမ်းဝင်စီးခဲ့သေးသည်။

အဆိုပါဖြစ်စဉ်များတွင်လည်း တရားခံအားလုံးကို စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

ယခု ဖြစ်စဉ်သည် ၂၀၁၉ ခုနှစ် မတ်လမှ ဇူလိုင်လအတွင်း တာချီလိတ်တွင် ၃ ကြိမ်မြောက် ရွှေဆိုင် အနုကြမ်းစီးခံရမှုဖြစ်သည်။

(သတင်းတမန်)
Photo Credit – Aung Kyaw Win Sein
လေးစားစွာဖြင့် ခရက်ဒစ်




Recent Updates

Recent Posts Widget