ဆံပင်ကေအလန်း နဲ့ ယောကျာ်းလေးလို့ ထင်မှတ်ရလောက်တဲ့ မင်းသမီးလေး
MRTV 4 မင်းသမီးလေး ဆိုပြီး ပရိသတ်လက်ခံ အားပေးခြင်းခံရသူလေး နန်းစန္ဒာလှထွန်း ဟာဆိုရင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး သူ့ရဲ့ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်ချစ်တဲ့ မင်းသမီးလေး ဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ် ကြီးအတွက် သရုပ်ဆောင် နန်းစန္ဒာလှထွန်း ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
သရုပ်ဆောင် နန်းစန္ဒာလှထွန်းက သင်္ကြန်တုန်းက မိခင်နဲ့အတူ သာသနဘောကို ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။သီလရှင်ထွက်လာပြီး အနုပညာအလုပ်တွေ တောက်လျှောက်လုပ်ကိုင်နေတဲ့ သူမက ကတုံးလေးနဲ့လည်း ခပ်မိုက်မိုက်လှသူလေးပါ။
ဒီတစ်ခါမှာတော့ သူမက သီလရှင်ထွက် ကတုံးဆံပင်ပေါက် ကေလေးကို အမိုက်စားပုံစံပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။
ကတုံးအမိုက်စားကေလေးနဲ့ လန်းနေတဲ့သူမ
သရုပ်ဆောင် MRTV 4 မင်းသမီးလေး နန်းစန္ဒာလှထွန်း ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်ကြီးတွေကလည်း မင်းသမီးလေး နန်းစန္ဒာလှထွန်းရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးပြီး သူမကိုချစ်ပေးကြပါဦးနော်။
Moekalay
Source;new face
Credit \\ original





