“ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း ပုံရိပ်တွေ။”





ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေနဲ့ အကောင်းဆုံးဖန်တီးထားတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာမို့

ပရိသတ်တွေလည်း စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒဏ္ဍာရီမိုး ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း



ပုံရိပ်တစ်ချို့က ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ မင်းသားသုံးယောက်နဲ့ ရွှေကစ်လေးတို့ ဒဏ္ဍာရီမိုး

ရုပ်ရှင်ဇာတ်ကားထဲမှာ ဘယ်လိုမျိုးသရုပ်ဆောင်ထားမလဲဆိုတာ အရမ်းကို စိတ်ဝင်စားနေပါပြီနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးထဲက



ဇာတ်ဝင်ခန်းပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ဖန်တီးထားပြီး တွဲဖက်ဒါရိုက်တာအနေနဲ့ ဒါရိုက်တာ သြရသ၊

ဇာတ်လမ်း ဇာတ်ညွှန်းကတော့ ဆရာ မိုးနီလွင်က ရေးသားထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကြီးထဲမှာတော့

သရုပ်ဆောင်တွေအနေနဲ့ ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ဝတ်မှုန်ရွှေရည်က မိုးနှောင်းအဖြစ်၊ ရဲတိုက်က လူညိုအဖြစ်၊ ရွှေထူးက စာရေးဆရာ

မိုးတိမ်ညိုအဖြစ်နဲ့ ဒေါင်းကတော့ ဒီလှိုင်းအဖြစ် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေ စောင့်မျှော်နေကြတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် ဇူလိုင်လ (၁၁)ရက်နေ့မှစတင်ပြီး

မြန်မာတစ်နိုင်ငံလုံးမှာ ပြသသွားမယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တကယ့်နာမည်ကြီးတွေချည်း ရိုက်ကူးထားတဲ့

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို စိတ်ဝင်စားရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

crd..momolay

Myint Myat

Source; ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး

Recent Updates

Recent Posts Widget