လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး စတိုင်လ်လေးနဲ့ ချစ်စရာကောင်းနေတဲ့ နောဖော်အယ်ထား
ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေရဲ့ ပိုင်ရှင် မင်းသမီးချောလေး နော်ဖော်အယ်ထားက ပရိသတ်တွေ သည်းသည်းလှုပ်အချစ်ခံရသူလေး ဖြစ်ပါတယ်။ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ ကိုရီးယားမလေးလို လှပတာကြောင့် နော်ဖော်အယ်ထားကို ပရိသတ်တိုင်းက ချစ်ကြတာဖြစ်ပါတယ်။ နော်ဖော်အယ်ထားက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို အားတက်သရောလုပ်ကိုင်နေလျက်ရှိပါတယ်။
နော်ဖော်အယ်ထားက လတ်တလောမှာ စင်္ကာပူကို အလည်အပတ် ရောက်ရှိနေတာဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နော်ဖော်အယ်ထားရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်နော်။
နော်ဖောအယ်ထားရဲ့ ခရီးသွားဖက်ရှင်ကတော့ တီရှပ်အဖြူလေးနဲ့ ဂျင်းပန်အရှည်လေးနဲ့ ရိုးရှင်းပြီး လှနေတာကို တွေ့ရပါတယ်။
နော်ဖော်အယ်ထားကတော့ လက်ရှိမှည အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေပြီး ကြော်ငြာဓာတ်ပုံတွေကိုလဲ ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန် ရောက်ရှိလာတော့မယ့် Myanmar Idol Season4 ပွဲကြီး
ကရင်မလေး နော်ဖောအယ်ထားကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် ပုံလေးတွေတင်ပေးလေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်ဖို့ကောင်းတာထက်ကိုပိုတဲ့ နော်ဖောအယ်ထားလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Rowena
Source: Naw Phaw Eh Htar’s fb
Credit \\ original



