ခွေးတွေကမကောင်းတဲ့သူတွေကိုမှတ်မိနိုင်ကြောင်း သိပ္ပံပညာရှင်များအတည်ပြု
ခွေးမွေးမလား ကြောင်မွေးမလား ဆိုတာကနှစ်အကြာကြီးစကားရည်လုနေရတဲ့မေးခွန်းပါ။သင်ဘာကိုမွေးရမလဲဆိုတဲ့အကြောင်းသင့်စိတ်ကိုပြောင်းစေနိုင်မယ့်အမှန်တရားတခုရှိပါတယ်။သင်က သင့်ခွေးကိုယုံပေမယ့်သင့်ခွေးကကောသင့်ကိုယုံလား။BrightSideကတိရစ္ဆာန်တွေနဲ့ပတ်သတ်တဲ့အမှန်တရားကိုကြိုက်ပါတယ်။မကြာသေးခင်ကလေ့လာချက်တွေအရခွေးတွေကယုံရတဲ့လူဟုတ်မဟုတ်သိကြောင်းမျှဝေပေးချင်ပါတယ်။ခွေးတွေကတကယ့်စုံထောက်တွေလိုပဲယုံကြည်ရပါတယ်။
.ဒီလေ့လာချက်ကိုတော့ဂျပန်မှကျိုတို တက္ကသိုလ်၏ အခိခို တခအိုခကပြုလုပ်ခဲ့တာပါ။ ပညာရှင်တွေနဲ့သူ့ကျောင်းနေဘက်တွေကခွေးတကောင်ကသူ့ကိုလိမ်တဲ့သူကိုသိသလားဆိုတာသိချင်ပါတယ်။ထိုစမ်းသပ်ချက်မှာ အပိုင်း ၃ ပိုင်းရှိပါတယ်။သူတို့ကခွေးတကောင်ကလူတွေကိုယုံလား မယုံလားဆိုတာသိချင်ကြပါတယ်။သိပ္ပံပညာရှင်အဖွဲ့ကဒီသုတေသနသည်ခွေးတွေရဲ့အပြုအမူကိုလေ့လာတာလို့ဆိုပါတယ်။လေ့လာချက်အရတော့ခွေးတွေကလောကကြီးကိုသေချာအောင်လုပ်တယ်လို့ဘရစ်စတို တက္ကသိုလ်ကဂျွန်ဘရက်ရှောကပြောတယ်။
ဒီစမ်းသပ်ချက်မှာပထမဆုံးခွေးပိုင်ရှင်ကအစာပါတဲ့ခွက်ကိုညွှန်မယ်။ခွေးကထိုနေရာကိုပြေးမယ်။ပြီးရင်အစာမပါတဲ့ခွက်ကိုညွှန်မယ်။ခွေးကလဲအလိမ်ခံရပြီးထိုခွက်နားကိုသွားမယ်။ခွေးတွေကပိုင်ရှင်ညွှန်တဲ့နေရာကိုသွားတတ်တယ်ဆိုတာယခင်ကလဲသိပြီးသားပါ။ထို့ကြောင့်ခွေးတွေကလူ့ရဲ့ အပြုအမူကိုနားလည်နိုင်ကြောင်းယုံရပါတယ်။ပြီးတော့အပြုအမူတွေကပုံမှန်မဟုတ်ရင်ခွေးတွေကဖိစီးမှုဖြစ်တတ်ပါတယ်။တတိယအကြိမ်မှာခွေးကညွှန်တဲ့နေရာကိုသွားတော့မှာမဟုတ်ပါဘူး။၎င်းတို့ကလူလိမ်တွေကိုမယုံပါဘူး။ခွေး၃၄ကောင်ထိုစမ်းသပ်မှုတွင်ပါဝင်ခဲ့ပြီးအားလုံးကရလဒ်တူတယ်လို့တိရစ္ဆာန်သိမြင်ရေးဂျာနယ်ကဆိုပါတယ်။ခွေးတွေကသူတို့ရဲ့အတွေ့အကြုံကိုသုံးပြီးလူတယောက်ကမယုံရတာကိုသိပါတယ်။
မစ္စတာတခအိုခကခွေးတွေနဲ့နီးစပ်တဲ့မြေခွေးတွေကိုလဲထိုစမ်းသပ်မှုလုပ်ဖို့စီစဉ်ခဲ့ပါတယ်။ယခုလက်ရှိစမ်းသပ်ချက်မှာခွေးတွေအသစ်တွေကိုစူးစမ်းလိုကြောင်းတွေ့ခဲ့ပါတယ်။သုတေသနတွေအရ ခွေးတွေက၎င်းတို့သခင်နဲ့ဆက်နွယ်နေတဲ့သူတွေကိုလဲသတိပြုမိပါတယ်။စမ်းသပ်ချက်တခုမှာဆိုရင်ခွေးပိုင်ရှင်ကအကူအညီတောင်းခံပါတယ်။အဲဒီနောက်လူတွေကခွေးကို တခုခုကျွေးဖို့လုပ်ပါတယ်။ပြီးတော့ ၎င်းကကျွန်ုပ်တို့ကိုအံ့သြစေခဲ့ပါတယ်။ခွေးတွေကသခင့်ကိုရိုင်းပြစွာဆက်ဆံသူတွေဆီကဘာမှမစားပါဘူး။၎င်းတို့ကူညီပေးတဲ့သူတွေဆီကပဲစားတာပါ။တောင်းပန်တာကိုဘာမှမတုန့်ပြန်တဲ့သူတွေကိုတောင်မှမကြိုဆိုပါဘူး။ဒါပေမယ့်ရိုင်းပြီးရန်လိုတဲ့သူတွေကလခွေးတွေရဲ့ယုံကြည်မှုကိုမရနိုင်ပါဘူး။
စိတ်ပိုင်းနဲ့ဇီဝအပြုအမူဆန်းစစ်ရေးတွေရဲ့နောက်ထပ်လေ့လာချက်တခုကခွေးတွေကသူ သခင်နဲ့သူစိမ်းတွေကြားကဆပ်ဆံရေးကိုသိပါတယ်။စမ်းသပ်ချက်မှာခွေးပိုင်ရှင်တွေကအဖွဲ့နှစ်ဖွဲ့ကိုအကူအညီတောင်းကြည့်ပါတယ်။ခွေးတွေက လူမှုဆက်ဆံရေးတွေကိုသေချာနားလည်ကြောင်းပြပါတယ်။သူတို့ကသခင်နဲ့မတည့်သူတွေက်ုရှောင်ပါတယ်။
ခွေးခွေးတွေကကျွန်ုပ်တို့အပြုအမူတွေကိုနားလည်နိုင်ပြီမျက်နှာဖော်ပြချက်တွေကိုသိကြောင်းလဲသက်သေပြပြီးပါပြီ။အခု၎င်းတို့အကြောင်းပိုသိသွားပြီဖြစ်လို့ယုံကြည်ခံရတာဉာဏ်သုံးပြီးလုပ်ရပါမယ်။၎င်းတို့ကကျွန်ပ်တို့အပြုအမူတွေကိုအဓိပ္ပါယ်ဖော်နိုင်ပြီးသူတို့သဲလွန်စအတိုင်းလုပ်ချင်ရဲ့လားဆိုတာဆုံးဖြတ်နိုင်ကြပါတယ်။ဒါပေမယ့်ခွေးတွေကအတိတ်နဲ့အနာဂတ်တွေမစဉ်းစားဘဲလက်ရှိအချိန်ကိုပဲတွေးတတ်ကြောင်းလေ့လာချက်တွေကဆိုပါတယ်။
တကယ်လို့သင်ကဦးဆောင်မှုမှားလျှင်၎င်းကိုသင့်ကိုမယုံသလိုမနာခံပါဘူး။တကယ့်လို့သင့်ခွေးက သင့်မိတ်ဆွေကိုမကြိုက်လျှင်သင်တို့ဆက်ဆံရေးမှာမှားနေတာရှိနေပါပြီ။
Credit \\ original



