CB ဘဏ်အကောင့်မှ ငွေကျပ်သိန်း (၁၀၀) နီးပါး လက်သည်မပေါ်ဘဲ ပျောက်ဆုံးနေ




ဘဏ်အကောင့်ထဲမှငွေများလက်သည်မပေါ်ပဲပျောက်သွားခြင်း

မနက်အိပ်ရာထတာနဲ့ ဖုန်းဘေဖြည့်ဖို့ Cb pay app ထဲလည်းဝင်လိုက်ရော ငွေတွေဖြတ်ထားတာ Transactions တွေအများကြီး။ စုစုပေါင်း သိန်းတစ်ရာပြည့်ဖို့ ၂၀၀ ပဲလိုပါတယ်။ 9990,800 ကျပ်ပါ။ Transactions 14 ကြောင်းပါ။ အဲ့ဒါနဲ့ ဖုန်းဆက်ပြီး ကတ်မြန်မြန်ပိတ်ခိုင်းဘဏ်သွား အကြိုးအကြောင်းပြော။ စိတ်မချလို့ကျန်တဲ့ သိန်းတစ်ရာထုတ်။ Online ဟက်ကာ တွေ တကယ်ရှိတာကြားပဲကြားဖူးတာ အခုက လက်တွေ့ပါပဲ။ CB Thanlyin က လိုအပ်တာသေချာမေးပြီးသေချာဂရုစိုက်ပေးပါတယ်။ ဖုန်းလဲခနခနဆက်ပေးပါတယ်။



ထူးခြားတာက ကတ်ကိုဘယ်သူမှပေးမသုံးပါဘူး။ Mobile banking ကလည်း ကျွန်တော်လက်ရှိသုံးနေတဲ့ ဖုန်းနဲ့ပဲဖွင့်ထားတာပါ။ ငွေသုံးတဲ့ချိန်က 24 June ညနဲ့ 25 June 2 ရက်တည်း။ ဒါတောင် 25 June မနက်ဖွင့်ကြည့်ပြီး ဘဏ်ကို မြန်မြန်ပိတ်ခိုင်းမိပေလို့။ Mobile banking သုံးတာကြာလှနေပြီ။ တစ်ခါမှဒီလိုမဖြစ်ဖူးသေးဘူး။ အခုကဘယ်လိုသုံးတာလဲ ATM ကတ်နဲ့ POS စက်က ထုတ်မယ်ဆို ကတ်လိုတယ်လေ။ ချလန်ထွက်ရင် လတ်မှတ်တောင်ထိုးရတယ်လေ။ ကတ်ကအိမ်မှာ အဲ့ဒါနဲ့ Cb ဘဏ်ရုံးချုပ်သွားတော့ ဘဏ်မန်နေဂျာအကိုကတော့ ကောင်းကောင်းပြောပြပေးပါတယ်။သူလဲ သေချာမသိလို့ Call center ကိုဆက်ပေးတယ်။ Call center ကတော့ လိုအပ်တာမေးပြီးငွေကို ၄၅ ရက်အတွင်းကြိုးစားပေးမယ်ပြောမယ်



သုံးထားတယ်ဆို ဖိုင်းကြေးဆောင်ရမယ်ပြောတယ်။ ညနေကျတော့ Cb thanlyin က OK $ account ကိုငွေတွေ ပို့ထားတာတွေ့ရတယ်ဆိုပြီး OK $ ဆီ စာပို့ဖို့ လက်မှတ်ထိုး ခိုင်းပါတယ်။ အခုဖြစ်စဉ်မှာ ငွေပြန်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သုံးစွဲအနေနဲ့ အရမ်းနစ်နာပါတယ်။ ဘာကြောင့်လဲဆိုတော့ 1. ဘဏ်ရဲ့ လုံခြုံရေးအားနည်းလို့ပဲ။ 2. ဒီငွေဟာ လုပ်ငန်းသုံးလိုနေရင် ဘယ်လိုတာဝန်ယူပေးမလဲ (ပြန်ရသည်မရသည်ကနောက်မှာထား)။ 3. အဲ့နေမနက်က mobile banking သာဖွင့်မကြည့်မိခဲ့ရင် နောက်ထပ်ကျန်တဲ့ ငွေတွေ ထပ်ထုတ်ခံရမှာလား??? 4 . အခုတောင်သေချာ ဂဃဏန မသိရင် နောက်တစ်လလောက် သုံးလေးလလောက်မှသာသိရင် ရဖို့ % တအားနည်းသွားပါပြီ။

အခုဖြစ်စဉ်မှာ Online အသုံးပြု မှုပဲပြောပြီး လက်ခံသူက ဘယ်သူဆိုတာ မသိတာကိုဒေါသအဖြစ်ဆုံးပဲ။ OK $ account က ဘယ်လိုခိုးလိုက်လဲ။ စိတ်ဝင်စားစရာပါပဲ။ ခုနကပြောသလို နောက်တစ်လလောက်မှသာသိခဲ့ရင် ဘယ်လိုဖြစ်မလဲ။ ငွေပြန်ရသည်ဖြစ်စေမရဘူးဖြစ်စေ အဓိကသိချင်တာက ဘယ်သူသုံးလိုက်တာလဲ ဘယ်လိုသုံးတာလဲပဲ သိချင်တာပါ။ အကယ်၍ အကြောင်းစုံသိရရင် အခု page ကပဲ ပြန်တင်ပေးပါအုံးမယ်။ အခုစာဖတ်နေတဲ့ မိတ်ဆွေတို့ရော အခုလိုဖြစ်ဖူးကြလား??? ဖြစ်ဖူးတယ်ဆိုရင် မျှဝေပေးပါအုံး။

Credit-ဖြစ်ရပ်မှန်


Recent Updates

Recent Posts Widget