ေလာင္းကစားဝိုင္းရွိေၾကာင္း စစ္ေဆးေတြ႔ရွိလွ်င္ စခန္းမွဴးႏွင့္နယ္ထိန္းကို အေရးယူမည္




ပဲခူးတိုင္း ၿမိဳ႕နယ္မ်ားရွိ ရပ္ကြက္၊ ေက်း႐ြာမ်ားတြင္ ေလာင္းကစားလုပ္ေနေၾကာင္း စစ္ေဆးေတြ႔ရွိလွ်င္ ယင္းေနရာအပိုင္ စခန္းမွဴးႏွင့္နယ္ထိန္းကို ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း ပဲခူးတိုင္းလံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးလွမ်ိဳးေ႐ႊက ေျပာၾကားသည္။

ေမလ ၂၀ ရက္က ျပဳလုပ္သည့္ ဒုတိယအႀကိမ္ ပဲခူးတိုင္းလႊတ္ေတာ္ ၁၂ ႀကိမ္ေျမာက္ ပံုမွန္ အစည္းအေဝးတြင္ ေ႐ႊေတာင္ၿမိဳ႕နယ္ အမွတ္ ၂ တိုင္းလႊတ္ေတာ္အမတ္ ဦးအုန္းသြင္၏ ေလာင္းကစားဝိုင္းမ်ား လုပ္ေနေသာ ရပ္/ေက်းအုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ နယ္ခံရဲတပ္ဖြဲ႔ဝင္မ်ားကို မည္သို႔အေရးယူေၾကာင္း ေမးခြန္းကို ဝန္ႀကီးက ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“နယ္ေျမခံရဲစခန္းအလိုက္ နယ္ထိန္းေတြ အပိုင္နယ္ေျမ သတ္မွတ္ေပးထားတယ္။ ေလာင္းကစားမႈေတြကိုလည္း သတင္းအရျဖစ္ေစ၊ တိုင္ၾကားမႈအရျဖစ္ေစ ဖမ္းဆီးအေရးယူေနတယ္။ တကယ္လို႔ တာဝန္ရွိသူအထက္ဆင့္က ဝင္ဖမ္းရင္၊ တိုင္လို႔ဖမ္းမိခဲ့ရင္ အပိုင္ရဲစခန္းမွဴးနဲ႔ နယ္ထိန္းကို ရဲစည္းကမ္းဥပေဒနဲ႔ အေရးယူေနတယ္”ဟု လံုနယ္ဝန္ႀကီးက ေျပာၾကားသည္။



အသြင္ကူးေျပာင္းေရးကာလတြင္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းသည္ အေရးပါၿပီး နယ္ေဒသမ်ားတြင္ တရားဥပေဒကို စိန္ေခၚေနသည့္ ေလာင္းကစားလုပ္ငန္းမ်ားႏွင့္ပတ္သက္ၿပီး ေမးျမန္းသင့္သည္ဟု ယူဆသျဖင့္သာ ေမးျမန္းခဲ့ျခင္း ျဖစ္ေၾကာင္း ေ႐ႊေတာင္ၿမိဳ႕နယ္ အမွတ္ ၂ တိုင္းလႊတ္ေတာ္အမတ္က ေျပာၾကားသည္။

ပဲခူးတိုင္းအေရွ႕ျခမ္းၿမိဳ႕နယ္တစ္ခုမွ စခန္းမွဴးတစ္ဦးက “ရဲလည္း နတ္မ်က္ေစ့မွ မရွိတာဗ်ာ။ သိတာလည္းရွိသလို၊ မသိတာလည္း ရွိတာေပါ့။ ဒီလိုျပႆနာမ်ိဳးက တကယ္ေတာ့ ေအာက္ေျခမွာ တကယ္လုပ္ေနတဲ့ ရဲေတြက ပိုသိပါတယ္။ အေပၚက ဝင္ဖမ္းလို႔ အေရးယူမယ္ဆိုလည္း ခံ႐ံုကလြဲ ဘာတတ္ႏိုင္မလဲဗ်ာ”ဟု ေျပာၾကားသည္။

ၿပီးခဲ့သည့္ႏွစ္အတြင္း အထက္ဌာနက ဝင္ဖမ္းသည့္ေလာင္းကစားအမႈႏွင့္ပတ္သက္၍ ဆိုင္ရာအပိုင္နယ္ေျမစခန္းမ်ားမွ ရဲအရာရွိအဆင့္ ၄ ဦး၊ အျခားအဆင့္ ၂ ဦး အေရးယူခံခဲ့ရၿပီး အရာရွိ ၃ ဦးကို သတိေပးခဲ့ေၾကာင္း၊ ယခုႏွစ္အတြင္း အရာရွိ ၂ ဦး၊ အျခားအဆင့္ ၁ ဦးကို အေရးယူခဲ့ၿပီး အရာရွိ ၄ ဦးကို သတိေပးထားေၾကာင္း တိုင္းလႊတ္ေတာ္မွတ္တမ္းမ်ားအရ သိရွိရသည္။

Credit  \\  originaol

Unicode

ပဲခူးတိုင်း မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် လောင်းကစားလုပ်နေကြောင်း စစ်ဆေးတွေ့ရှိလျှင် ယင်းနေရာအပိုင် စခန်းမှူးနှင့်နယ်ထိန်းကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပဲခူးတိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ပြောကြားသည်။

မေလ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ရွှေတောင်မြို့နယ် အမှတ် ၂ တိုင်းလွှတ်တော်အမတ် ဦးအုန်းသွင်၏ လောင်းကစားဝိုင်းများ လုပ်နေသော ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နယ်ခံရဲတပ်ဖွဲ့ဝင်များကို မည်သို့အရေးယူကြောင်း မေးခွန်းကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နယ်မြေခံရဲစခန်းအလိုက် နယ်ထိန်းတွေ အပိုင်နယ်မြေ သတ်မှတ်ပေးထားတယ်။ လောင်းကစားမှုတွေကိုလည်း သတင်းအရဖြစ်စေ၊ တိုင်ကြားမှုအရဖြစ်စေ ဖမ်းဆီးအရေးယူနေတယ်။ တကယ်လို့ တာဝန်ရှိသူအထက်ဆင့်က ဝင်ဖမ်းရင်၊ တိုင်လို့ဖမ်းမိခဲ့ရင် အပိုင်ရဲစခန်းမှူးနဲ့ နယ်ထိန်းကို ရဲစည်းကမ်းဥပဒေနဲ့ အရေးယူနေတယ်”ဟု လုံနယ်ဝန်ကြီးက ပြောကြားသည်။

အသွင်ကူးပြောင်းရေးကာလတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းသည် အရေးပါပြီး နယ်ဒေသများတွင် တရားဥပဒေကို စိန်ခေါ်နေသည့် လောင်းကစားလုပ်ငန်းများနှင့်ပတ်သက်ပြီး မေးမြန်းသင့်သည်ဟု ယူဆသဖြင့်သာ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ရွှေတောင်မြို့နယ် အမှတ် ၂ တိုင်းလွှတ်တော်အမတ်က ပြောကြားသည်။

ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်တစ်ခုမှ စခန်းမှူးတစ်ဦးက “ရဲလည်း နတ်မျက်စေ့မှ မရှိတာဗျာ။ သိတာလည်းရှိသလို၊ မသိတာလည်း ရှိတာပေါ့။ ဒီလိုပြဿနာမျိုးက တကယ်တော့ အောက်ခြေမှာ တကယ်လုပ်နေတဲ့ ရဲတွေက ပိုသိပါတယ်။ အပေါ်က ဝင်ဖမ်းလို့ အရေးယူမယ်ဆိုလည်း ခံရုံကလွဲ ဘာတတ်နိုင်မလဲဗျာ”ဟု ပြောကြားသည်။

ပြီးခဲ့သည့်နှစ်အတွင်း အထက်ဌာနက ဝင်ဖမ်းသည့်လောင်းကစားအမှုနှင့်ပတ်သက်၍ ဆိုင်ရာအပိုင်နယ်မြေစခန်းများမှ ရဲအရာရှိအဆင့် ၄ ဦး၊ အခြားအဆင့် ၂ ဦး အရေးယူခံခဲ့ရပြီး အရာရှိ ၃ ဦးကို သတိပေးခဲ့ကြောင်း၊ ယခုနှစ်အတွင်း အရာရှိ ၂ ဦး၊ အခြားအဆင့် ၁ ဦးကို အရေးယူခဲ့ပြီး အရာရှိ ၄ ဦးကို သတိပေးထားကြောင်း တိုင်းလွှတ်တော်မှတ်တမ်းများအရ သိရှိရသည်။

Credit  \\  originaol

Recent Updates

Recent Posts Widget