ျမန္မာလူငယ္အမ်ားစုက အိမ္ေထာင္ျပဳရန္ႏွင့္ သားသမီးယူရန္ အေလးထားမႈမရွိေၾကာင္း စစ္တမ္းမ်ားအရ သိရ





ျမန္မာလူငယ္ အမ်ားစုသည္ အိမ္ေထာင္ျပဳရန္ႏွင့္ သားသမီးယူရန္ မ်ားစြာ အေလးထားမႈမရွိေၾကာင္း အနာဂတ္ မ်ဳိးဆက္သစ္ ျမန္မာသုေတသန အစီရင္ခံစာအရ သိရွိရသည္။

ယင္းသုေတသန အစီရင္ခံစာကုိ ဇြန္လ ၇ ရက္၊ ညေနပုိင္းက ရန္ကုန္ၿမိဳ႕၊ ကမ္းနားလမ္းရွိ ၿဗိတိသွ်ေကာင္စီျမန္မာ စာၾကည့္တုိက္တြင္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

စစ္တမ္းေျဖသူ ၁၄ ရာခုိင္ႏႈန္းခန္႔ကသာ အိမ္ေထာင္ျပဳရန္ အလြန္ အေရးႀကီးေၾကာင္းႏွင့္ ၁၅ ရာခုိင္ႏႈန္းကသာ သား၊သမီးယူရန္ အနာဂတ္အတြက္ အလြန္ အေရးႀကီးေၾကာင္း ေျဖဆုိသည္ဟု ယင္းစစ္တမ္းအရသိရွိရသည္။

ယင္းစစ္တမ္းကုိ ၿဗိတိသွ်ေကာင္စီ (ျမန္မာ)ႏွင့္ VSO Myanmar တုိ႔ေပါင္း၍ ႏုိင္ငံတစ္ဝွမ္းမွ အသက္ ၁၈ ႏွစ္မွ ၃၀ ႏွစ္အတြင္း လူငယ္ ၂၅၀၀ ခန္႔ကုိ ယမန္ႏွစ္ ၾသဂုတ္လမွ ႏုိဝင္ဘာလအတြင္း ေကာက္ခံခဲ့ျခင္းျဖစ္သည္။

ယင္းစစ္တမ္းတြင္ လူငယ္မ်ား၏ အလုပ္အကုိင္ အခြင့္အလမ္း၊ မူးယစ္ေဆးဝါး ျပႆနာ၊ အနာဂတ္အတြက္ ေကာင္းမြန္သည့္ ပညာေရးရရွိမႈ၊ ဝင္ေငြေမွ်ာ္မွန္းခ်က္ စသည့္အေၾကာင္းအရာမ်ားကုိ စစ္တမ္းေကာက္ခဲ့ျခင္းျဖစ္သည္။

လူငယ္မ်ား၏ သေဘာထားႏွင့္ ဘဝေမွ်ာ္မွန္းခ်က္ကုိ ပုိနားလည္ေစရန္၊ လူငယ္မ်ား၏အသံကုိ ပုိၾကားႏုိင္ေစရန္ႏွင့္ လူငယ္မူဝါဒေရးရာႏွင့္ အစီအစဥ္မ်ား ပုိေကာင္းမြန္ေစေရး ဦးတည္ေဆာင္ရြက္ျခင္းျဖစ္သည္ဟု ယင္းအဖြဲ႔မ်ားက ဆုိသည္။

ျမန္မာႏုိင္ငံဖြံ႔ၿဖိဳးေရးႏွင့္ပတ္သက္၍မူ မူးယစ္ေဆး ျပႆနာ ေျဖရွင္းေရး အေရးႀကီးသည္ဟု လူငယ္ ၉၃ ရာခုိင္ႏႈန္းေက်ာ္က စစ္တမ္းတြင္ ေျဖဆုိထားသည္ကုိ ေတြ႔ရွိရသည္။

အလုပ္အကုိင္ ရရွိေရးႏွင့္ပတ္သတ္၍လည္း စုိးရိမ္ပူပန္မႈ မ်ားစြာရွိေနၿပီး စစ္တမ္းေျဖဆုိသူ ေလးပုံတစ္ပုံေက်ာ္မွာ အလုပ္လက္မဲ့မ်ား ျဖစ္ေနသည္ကုိ စစ္တမ္းတြင္ ေဖာ္ျပထားသည္။



ယခုကဲ့သုိ႔ သုေတသန စစ္တမ္းမ်ားကုိ ျမန္မာႏုိင္ငံ၌ သာမက ပါကစၥတန္၊ ေတာင္အာဖရိက၊ ကုိလံဘီယာ၊ သီရိလကၤာႏွင့္ ၿဗိတိန္တုိ႔တြင္လည္း ျပဳလုပ္ၿပီးျဖစ္ေၾကာင္း ယင္းအစီရင္ခံစာအရ သိရွိရသည္။


Credit  \\  original

Unicode

မြန်မာလူငယ် အများစုသည် အိမ်ထောင်ပြုရန်နှင့် သားသမီးယူရန် များစွာ အလေးထားမှုမရှိကြောင်း အနာဂတ် မျိုးဆက်သစ် မြန်မာသုတေသန အစီရင်ခံစာအရ သိရှိရသည်။

ယင်းသုတေသန အစီရင်ခံစာကို ဇွန်လ ရ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီမြန်မာ စာကြည့်တိုက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်တမ်းဖြေသူ ၁၄ ရာခိုင်နှုန်းခန့်ကသာ အိမ်ထောင်ပြုရန် အလွန် အရေးကြီးကြောင်းနှင့် ၁၅ ရာခိုင်နှုန်းကသာ သား၊သမီးယူရန် အနာဂတ်အတွက် အလွန် အရေးကြီးကြောင်း ဖြေဆိုသည်ဟု ယင်းစစ်တမ်းအရသိရှိရသည်။

ယင်းစစ်တမ်းကို ဗြိတိသျှကောင်စီ (မြန်မာ)နှင့် VSO Myanmar တို့ပေါင်း၍ နိုင်ငံတစ်ဝှမ်းမှ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း လူငယ် ၂၅၀၀ ခန့်ကို ယမန်နှစ် သြဂုတ်လမှ နိုဝင်ဘာလအတွင်း ကောက်ခံခဲ့ခြင်းဖြစ်သည်။

ယင်းစစ်တမ်းတွင် လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်း၊ မူးယစ်ဆေးဝါး ပြဿနာ၊ အနာဂတ်အတွက် ကောင်းမွန်သည့် ပညာရေးရရှိမှု၊ ဝင်ငွေမျှော်မှန်းချက် စသည့်အကြောင်းအရာများကို စစ်တမ်းကောက်ခဲ့ခြင်းဖြစ်သည်။

လူငယ်များ၏ သဘောထားနှင့် ဘဝမျှော်မှန်းချက်ကို ပိုနားလည်စေရန်၊ လူငယ်များ၏အသံကို ပိုကြားနိုင်စေရန်နှင့် လူငယ်မူဝါဒရေးရာနှင့် အစီအစဉ်များ ပိုကောင်းမွန်စေရေး ဦးတည်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့များက ဆိုသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးရေးနှင့်ပတ်သက်၍မူ မူးယစ်ဆေး ပြဿနာ ဖြေရှင်းရေး အရေးကြီးသည်ဟု လူငယ် ၉၃ ရာခိုင်နှုန်းကျော်က စစ်တမ်းတွင် ဖြေဆိုထားသည်ကို တွေ့ရှိရသည်။

အလုပ်အကိုင် ရရှိရေးနှင့်ပတ်သတ်၍လည်း စိုးရိမ်ပူပန်မှု များစွာရှိနေပြီး စစ်တမ်းဖြေဆိုသူ လေးပုံတစ်ပုံကျော်မှာ အလုပ်လက်မဲ့များ ဖြစ်နေသည်ကို စစ်တမ်းတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ သုတေသန စစ်တမ်းများကို မြန်မာနိုင်ငံ၌ သာမက ပါကစ္စတန်၊ တောင်အာဖရိက၊ ကိုလံဘီယာ၊ သီရိလင်္ကာနှင့် ဗြိတိန်တို့တွင်လည်း ပြုလုပ်ပြီးဖြစ်ကြောင်း ယင်းအစီရင်ခံစာအရ သိရှိရသည်။

Credit  \\  original

Recent Updates

Recent Posts Widget