Credit \ original
Unicode
“သားသမီးလေးတွေရဲ့ အသားအရောင်တွေကွာပေမယ့် သူတို့အပေါ်ထားတဲ့ မေတ္တာက အရောင်မပြောင်းဘူးဆို ခိုင်နှင်းဝေ”
ပရိသတ်အားပေးမှုကို လက်ခံရရှိထားတဲ့ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကို အထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။
သူကတော့ ခုလက်ရှိမှာ အိမ်ကသမီးလေး အပါအဝင် သားသမီး (၁၅) ယောက်နဲ့ ပျော်ရွှင်နေရတာပဲဖြစ်ပါတယ်။
သားသမီးလေးတွေရဲ့ အသားအရောင်တွေကွာပေမယ့် သူတို့အပေါ်ထားတဲ့မေတ္တာက အရောင်မပြောင်းဘူးဆိုတာကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာပဲဖြစ်ပါတယ်။
“ကျွန်မသမီးအလှပဂေး ၂ယောက် သူတို့ရဲ့ အသားအရောင်ဘယ်လိုပဲ ခြားနားပါစေ ကျမ ရင်ထဲက သူတို့အပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာကတော့ ခြားနားမှုမရှိ တပြေးညီချစ်တယ်ရှင် ” ဆိုပြီးတော့ သားသမီးတွေအပေါ်ချစ်တဲ့အချစ်က
ဘယ်သူကိုမှမပိုဘဲ တပြေးညီ အတူရှိပါတယ်ဆိုတာကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။
သားသမီးတွေအတွက် ရုံးကန်လှုပ်ရှားနေရသော်လည်း သားသမီးလေးတွေရဲ့ အပြုံးလေးတွေကြောင့် မမောနိုင်ဘဲ ဒီမေမေ ခိုင်နှင်းဝေကတော့ ပီတီဖြစ်နေတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးရေ သားသမီးတွေအပေါ် မေတ္တာက အရောင်မပြောင်းဘဲ တပြေးညီချစ်တဲ့ မေမေခိုင်နှင်းဝေအတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။
Credit \ original




