ဟိုတယ်တည်းတဲ့အခါ သင်မေ့နေတတ်တဲ့ အသုံးအဆောင်သုံးနည်းလေးများ





တစ်ခါတစ်လေ ဟိုတယ်ခန်းတွေမှာ တည်းရတာ နည်းနည်းတော့ ကသိကအောက်တော့နိုင်ပါတယ်။ ဥပမာ အားသွင်းရမှာတွေက ဖုန်းတွေ၊ လက်ပ်တော့တွေအားသွင်းချင်ပေမယ့်လို့ ပလပ်ပေါက်မလုံလောက်တဲ့အခါမျိုးတွေဆို စိတ်ညစ်ရတယ်မလား။ ဒီလိုပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် Asia One မှ ကိုးကားဖော်ပြလိုက်ပါတယ်။


အပေါ်ကပြောခဲ့တဲ့ ပလပ်ပေါက်မလုံလောက်မှုကိစ္စကိုတော့ ဟိုတယ်မှာရှိတဲ့ မီးအိမ်တို့၊ တီဗီတို့က ပလပ်တွေကို ဖြုတ်လိုက်ပြီး အားသွင်းလိုက်ပေါ့။


Edvard Nalbantjan
ကြိုးဆွဲနဲ့လိုက်ကာတွေဟာ ဘယ်လောက်ပဲဆွဲဆွဲ အလယ်မှာဟနေလေ့ရှိတတ်ပါတယ်။ တော်တော်စိတ်အနှောက်အယှက်ဖြစ်ရတယ်မလား။ ဒါဆိုရင်တော့ ဘောင်းဘီလှမ်းတဲ့ချိတ်ကိုယူပြီး လိုက်ကာစနှစ်ခုကို ဆွဲတင်းကာညှပ်လိုက်လို့ရပါတယ်။ ဘောင်းဘီချိတ်ဆိုတာ ဟိုတ်တော်တော်များများမှာ ပေးထားတတ်တဲ့ ချိတ်ကိုင်းအောက်ခြေမှာ ကလစ်ပါတဲ့ချိတ်မျိုးလေးတွေပါ။


u/Boedarc_Reddit

ကြက်ဥပြုတ်ချင်ရင် ကော်ဖီအိုးကို သုံးလို့ရတယ်ဆိုတော့ ခေါက်ဆွဲတွေဘာတွေပြုတ်တာတို့၊ စည်သွပ်ဗူးတွေနွေးတာတို့ဆိုလည်း အဆင်ပြေမှာပါနော်။


Cooking With Your Coffee Maker/Facebook
အစားအသောက်တွေနဲ့ပတ်သက်လို့ နောက်ထပ် နည်းလမ်းတစ်မျိုးကတော့ အစားအစာတွေကို ပြန်နွှေးချင်တဲ့အခါ မီးပူသို့မဟုတ် ဆံပင်ခြောက်အောင် မှုတ်တဲ့စက်တို့ကို အသုံးပြုနိုင်ပါတယ်။ ကိုယ်တွေဆို မီးပူနဲ့ပေါင်မုန့်ကင်စားဖူးတယ်။ ပျော်ဖို့ကောင်းတယ်။ လုပ်ကြည့်။


WonderHowTo/YouTube
ရေပူစမ်းတွေ၊ ချွေးထုတ်ခန်းတွေသွားချင်တယ်ဆိုရင်တော့ ခရီးထွက်တုန်း သက်သက်မဲ့ ပိုက်ဆံအပိုကုန်မယ့်အစား ဟိုတယ်ရေချိုးခန်းထဲမှာတင် ချွေးထုတ်ခန်းလေး ဖန်တီးလိုက်ပါ။ တံခါးကို ပိတ်ကာ ရေချိုးဇလုံထဲကို ရေပူတွေဖြည့်ပါ။ မိနစ်အနည်းငယ်လောက် အကြာမှာတော့ ကိုယ်တိုင်ရေချိုးဇလုံထဲဝင်နေကာ ချွေးထုတ်လို့ရပြီပေါ့။



ImageFlow
ဖုန်းနဲ့ချိတ်ဆက်ဖို့ မီနီစပီကာလေးတွေ ခေတ်စားလာပြီဆိုပေမယ့်လို့ ခရီးသွားတဲ့အခါ မပါလာခဲ့ရင်၊ ကိုယ်ကလည်း သီချင်းကို ဖုန်းကဖွင့်နိုင်တဲ့အနေအထားထက် ပိုကျယ်ကျယ်လေး လိုချင်တယ်ဆိုရင်တော့ ဖန်ခွက်ကိုသုံးပါလို့ အကြံပေးပါရစေ။ ဖုန်းကို ဖန်ခွက်အလွတ်ထဲ စပီကာရှိတဲ့နေရာကို အောက်မှာထားပြီး ထည့်လိုက်တဲ့အခါ စတူဒီရိုထဲကလို အသံမျိုးရသွားမှာဖြစ်ပါတယ်။


inspired_by_the_light
ဒီအချက်ကတော့ မိန်းကလေးတွေအတွက် အထူးအကြံပေးချက်လေးပါ။ အခုခေတ်မှာက အညစ်အကြေးအကြွင်းအကျန်တွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ scrub တွေ ပုံမှန်သုံးနေကြပေမယ့် ခရီးသွားတဲ့အခါမျိုးမှာတော့ အလုပ်ရှုပ်လောက်ပါတယ်လေဆိုပြီး မသယ်သွားတဲ့လူတွေရှိမှာပါနော်။ အကယ်၍ အရေးပေါ်အခြေအနေအရ scrub လုပ်ဖို့ လိုလာခဲ့ပြီဆိုရင်တော့ ဟိုတယ်ကအခမဲ့ပေးတဲ့ သကြားထုပ်လေးတွေကို သုံးပြီး DIY လုပ်လို့ရပါတယ်။ သကြားထုပ်လေးတွေကို ဖောက်ထည့်ပြီး ရေအနည်းငယ်ရောကာ ပစ်တဲ့အထိ မွှေပေးပြီး နှုတ်ခမ်းနဲ့ ခန္ဓာကိုယ်၊ ကြိုက်ရာတို့မှာ ညင်သာစွာပွတ်ပြီး scrub လုပ်နိုင်ပါတယ်။ အဲဒီသကြားထုပ်လေးတွေမှာပါတဲ့ သကြားအရွယ်အစားကလည်း သေးသေးလေးဆိုတော့ အဆင်ပြေတာပေါ့။


L Julia

Credit  \\  original



Recent Updates

Recent Posts Widget