စိုင်းစိုင်းခမ်းလှိုင်နဲ့ ကြော်ငြာအတူရိုက်ကူးနေတဲ့ ပုံလေးတင်လိုက်တဲ့ ဝတ်မှုံရွှေရည်…





အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီနဲ့ ပရိသတ်တွေရဲ့အချစ်ကို ပိုင်ဆိုင်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးကတော့ လတ်တလောမှာ ရိုက်ကူးရေးတစ်ခုမှာ အတူဆုံနေကြတာ တွေ့ရပါတယ်။ အဆိုပါပုံလေးကိုတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က သူမရဲ့အင်စတာဂရမ်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ American Vision မျက်မှန်ကြော်ငြာ အတူရိုက်ကူးနေတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ အနုပညာမောင်နှမနှစ်ဦးရဲ့ပုံရိပ်လေးကတော့ အရမ်းကို ကြည့်လို့ကောင်းနေတာပါနော်။…


မိုမိုလေးချစ်ပရိသတ်တွေအတွက် American Vision မျက်မှန်ကြော်ငြာ အတူရိုက်ကူးနေတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးရဲ့ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။


မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ “American Vision” ဆိုပြီး စိုင်းစိုင်းနဲ့အတူ ရိုက်ကူးရေးလုပ်နေတဲ့ ပုံလေးနဲ့အတူ သူမရဲ့အင်စတာဂရမ်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးကတော့ ရုပ်ရှင်ဇာတ်ကားတွေလည်း အတူရိုက်ကူးလေ့ရှိတဲ့အပြင် ကြော်ငြာရိုက်ကူးရေးတွေမှာလည်း အတူဆုံတွေ့လေ့ရှိပါတယ်။



ပတ်တီးဖြေလိုက်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ရဲ့မျက်နှာကို ထုတ်ပြလိုက်တဲ့ နေမင်း
၂၀၁၃ က “American Vision” ကြော်ငြာရိုက်ကူးနေတဲ့ ပုံရိပ်လေးနဲ့ ဒီနေ့ ၂၀၁၉ မှာ “American Vision” ကြော်ငြာရိုက်ကူးနေတဲ့ ပုံရိပ်လေး



စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်ရှိဂီတလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ဦးဖြစ်ပြီး၊ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကလည်း မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသမီးတစ်ဦးအဖြစ်ရှိနေသူလေးမို့ သူတို့နှစ်ယောက်ဆုံတွေ့မှုကို ပရိသတ်တွေက စိတ်ဝင်တစားရှိနေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မကြာခင်ကြည့်ရတော့မယ့် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးရဲ့ကြော်ငြာကို စိတ်ဝင်စားရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit  \\   original

Recent Updates

Recent Posts Widget