အသားႀကိတ္စက္ထဲ ညပ္ၿပီးေသဆုံးခဲ့ရတဲ့ ဖိလစ္ပိုင္အလုပ္သမားေလး
အသားႀကိတ္စက္ထဲ ညပ္ၿပီးေသဆုံးခဲ့ရတဲ့ ဖိလစ္ပိုင္အလုပ္သမားေလး
ဖိလစ္ပိုင္ႏုိင္ငံက အသက္(၁၈)ႏွစ္သာ ရွိေသးတဲ့ ဝက္အူေခ်ာင္းစက္႐ုံ အလုပ္သမားေလးတစ္ေယာက္ဟာ အသားႀကိတ္စက္ထဲကို မေတာ္တဆညပ္ပါၿပီး၊ အသက္ေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။ ေကာင္ေလးရဲ႕နာမည္ကေတာ့ Jomar Junco လုိ႔ သိရပါတယ္။သူဟာ အလုပ္ခြင္ဝင္ေရာက္တာ မၾကာေသးတဲ့အတြက္ လုပ္ငန္း ကၽြမ္းက်င္မႈမရွိေသးခ်ိန္ အသားႀကိတ္စက္နားကို သြားၿပီး ကပ္မိခဲ့တာပါ။ အလုပ္ဝင္တာကလည္း ႏွစ္ပတ္သာ ရွိေသးတဲ့အတြက္ စက္အထာကို မနပ္ေသးတာလည္း ျဖစ္ႏုိင္ပါတယ္။
အဆုိပါစက္႐ုံဟာ La Paz စီရင္စု၊ Iloilo မွာ တည္ရွိပါတယ္။ မ်က္ျမင္သက္ေသ အလုပ္သမားေတြရဲ႕ ေျပာျပခ်က္အရေတာ့ Jomar ဟာ အသားႀကိတ္စက္ထဲကို အရင္ဆုံး လက္ညပ္သြားတာျဖစ္ၿပီး၊ အဲဒီေနာက္ တစ္ျဖည္းျဖည္း စက္အတြင္းကို ဆြဲေခၚသြားခံလုိက္ရပါတယ္။စက္ေတြကို အေရးေပၚ ရပ္တန္႔ခဲ့ေပမယ့္၊ ဧရာမဂီယာဝွီးနဲ႔ လည္ပတ္တဲ့စက္ျဖစ္လုိ႔ အရွိန္က ပါေနခဲ့တာေၾကာင့္ ေနာက္က်ခဲ့ရတာပါ။ ရဲေတြကလည္း ေသမႈေသခင္းစစ္ေဆးဖုိ႔ ေစာင့္ဆုိင္းေနၿပီး၊ အေလာင္းကေတာ့ အသားစက္ထဲ ေရာက္သြားေပမယ့္ စက္သြားေတြ ရပ္တန္႔သြားလုိ႔ အေကာင္းပတိအတုိင္းပါတဲ့။
ကၽြမ္းက်င္သူတစ္ဦးကေတာ့ Jomar ဟာ ဓားသြားေတြနဲ႔ မထိခုိက္ခဲ့ဘဲ၊ ကယ္ဆယ္ေရးက ၾကန္႔ၾကာခဲ့လုိ႔ အသက္႐ႈၾကပ္ ေသဆုံးရတာ ျဖစ္ႏုိင္ေၾကာင္း ဆုိပါတယ္။ Jomar စက္အတြင္းကို ဆြဲေခၚခံေနရခ်ိန္မွာ ဘဝတူဝန္ထမ္း Carl David Carlos က စက္ကုိ အျမန္ေျပးရပ္ခဲ့ပါတယ္။ရဲကေတာ့ Jomar ေသဆုံးမႈဟာ တစ္စုံတစ္ေယာက္ရဲ႕ ပေယာဂမပါေၾကာင္း ေကာက္ခ်က္ခ်ထားၿပီး၊ ေသမႈေသခင္းနဲ႔သာ အမႈဖြင့္ထားပါတယ္။ အခုေလာေလာဆယ္ေတာ့ စက္႐ုံပုိင္ရွင္ဘက္က ဘာမွ တုန္႔ျပန္ထားျခင္းမရွိေသးပါဘူး။ ေသဆုံးသူအတြက္ နစ္နာမႈ စသည္တုိ႔ကို တာဝန္ယူဖုိ႔ အစီအစဥ္ကိုလည္း မထုတ္ျပန္ေသးပါဘူး။
Credit လင္းေဇာ္ကို (D Khit Media)
source : LadBible
Unicode
ဖိလစ်ပိုင်နိုင်ငံက အသက်(၁၈)နှစ်သာ ရှိသေးတဲ့ ဝက်အူချောင်းစက်ရုံ အလုပ်သမားလေးတစ်ယောက်ဟာ အသားကြိတ်စက်ထဲကို မတော်တဆညပ်ပါပြီး၊ အသက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။ ကောင်လေးရဲ့နာမည်ကတော့ Jomar Junco လို့ သိရပါတယ်။သူဟာ အလုပ်ခွင်ဝင်ရောက်တာ မကြာသေးတဲ့အတွက် လုပ်ငန်း ကျွမ်းကျင်မှုမရှိသေးချိန် အသားကြိတ်စက်နားကို သွားပြီး ကပ်မိခဲ့တာပါ။ အလုပ်ဝင်တာကလည်း နှစ်ပတ်သာ ရှိသေးတဲ့အတွက် စက်အထာကို မနပ်သေးတာလည်း ဖြစ်နိုင်ပါတယ်။
အဆိုပါစက်ရုံဟာ La Paz စီရင်စု၊ Iloilo မှာ တည်ရှိပါတယ်။ မျက်မြင်သက်သေ အလုပ်သမားတွေရဲ့ ပြောပြချက်အရတော့ Jomar ဟာ အသားကြိတ်စက်ထဲကို အရင်ဆုံး လက်ညပ်သွားတာဖြစ်ပြီး၊ အဲဒီနောက် တစ်ဖြည်းဖြည်း စက်အတွင်းကို ဆွဲခေါ်သွားခံလိုက်ရပါတယ်။စက်တွေကို အရေးပေါ် ရပ်တန့်ခဲ့ပေမယ့်၊ ဧရာမဂီယာဝှီးနဲ့ လည်ပတ်တဲ့စက်ဖြစ်လို့ အရှိန်က ပါနေခဲ့တာကြောင့် နောက်ကျခဲ့ရတာပါ။ ရဲတွေကလည်း သေမှုသေခင်းစစ်ဆေးဖို့ စောင့်ဆိုင်းနေပြီး၊ အလောင်းကတော့ အသားစက်ထဲ ရောက်သွားပေမယ့် စက်သွားတွေ ရပ်တန့်သွားလို့ အကောင်းပတိအတိုင်းပါတဲ့။
ကျွမ်းကျင်သူတစ်ဦးကတော့ Jomar ဟာ ဓားသွားတွေနဲ့ မထိခိုက်ခဲ့ဘဲ၊ ကယ်ဆယ်ရေးက ကြန့်ကြာခဲ့လို့ အသက်ရှုကြပ် သေဆုံးရတာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ Jomar စက်အတွင်းကို ဆွဲခေါ်ခံနေရချိန်မှာ ဘဝတူဝန်ထမ်း Carl David Carlos က စက်ကို အမြန်ပြေးရပ်ခဲ့ပါတယ်။ရဲကတော့ Jomar သေဆုံးမှုဟာ တစ်စုံတစ်ယောက်ရဲ့ ပယောဂမပါကြောင်း ကောက်ချက်ချထားပြီး၊ သေမှုသေခင်းနဲ့သာ အမှုဖွင့်ထားပါတယ်။ အခုလောလောဆယ်တော့ စက်ရုံပိုင်ရှင်ဘက်က ဘာမှ တုန့်ပြန်ထားခြင်းမရှိသေးပါဘူး။ သေဆုံးသူအတွက် နစ်နာမှု စသည်တို့ကို တာဝန်ယူဖို့ အစီအစဉ်ကိုလည်း မထုတ်ပြန်သေးပါဘူး။
Credit လင်းဇော်ကို (D Khit Media)
source : LadBible


