ဒီလိုဆီတွေနဲ့ စားသောက်ကုန် ထုတ်မှတော့ ဆေးရုံတွေ ချမ်းသာပြီပေါ့ဗျာ





ဒီလိုဆီတွေနဲ့ စားသောက်ကုန် ထုတ်မှတော့ ဆေးရုံတွေထောပြီပေါ့ဗျာ …. ကိုယ်တိုင်တွေ့တော့ အရမ်းအံ့သြသွားတယ် ရိုးရိုးစားအုံးဆီလောက်ပဲ လုပ်ကြတယ်ထင်တာ အခုတော့ဆီက ပလတ်စတစ်နဲ့ပတ်ထားတဲ့ အခဲကြီးဗျာ ကြော်ပြီးစင်တဲ့ ဟာတောင် ပြန်ခဲသွားတယ်။

ဆီအုန်းသီး ရဲ့ အပြင် အမျှင်တွေကို ပေါင်းခံကျိတ်ခွဲလျှင် စားအုန်းဆီ(Crude Oil) ကို သန့်စင်ပြီးရင် ၃ မျိုး ၃ စား ထွက်ပါ တယ်

(၁) စားအုန်းဆီသန့်

(၂) အခဲ Shotening (လွယ်လွယ်ခေါ် အဆီခဲ) လို့ခေါ်ပြီး သူ့ကို -3°Cမှာ ၂၄ နာရီကြာ ခဲ ပြီးမှ ဈေးကွက်ကို ထုတ်ရောင်းတယ် ။ အဲ့အခဲကို မာဂျရင်း / ဒိုးနတ် / ကိတ်မုန့်အပေါ်မှ ခရင်/ ထောပတ် / အကြော်ခံဆီ အနေနဲ့ အသုံးပြုကြပါတယ်။

များသောအားဖြင့် လမ်းမတော် /သိမ်ကြီးဈေးနားက ထောပတ်ဆိုင်တွေ အသုံးများပါတယ်။ ဈေးချိုတဲ့ ထောပတ်ဖြစ်ဖို့ ပုံထဲကို shotening အနှစ်တွေ ပိုက်အပူကနေ တိုက်ရိုက်ထည့်ပြီးရင် ဓာတု ထောပတ်နံ့ အရည် နဲ့ရော ပုံးထဲ၃ ရက် ထားပြီးနောက် အသင့်စားထောပတ်အဖြစ် ဈေးကွက်ကို ထုတ်ရောင်းပါတယ်။



ယခု မြင်နေရတဲ့ shotening က စားသုံသူတွေအတွက် အလွန်အန္တရာယ် ဖြစ်စေတဲ့ အရာတစ်ခုပါပဲ။ ဘာ့ကြောင့်လဲမေးရင် အစာအစာထဲပါသွားတဲ့ ယခုကဲသို့သော ဆီခဲအသွင်ပြောင်း မုန့်တွေကိုစားသောက်ပြီးရင်တော့ ထိုအဆီတွေကိုခန္ဓာကိုယ် ပုံမှန်အပူချိန်က မပျော်စေနိုင်လို့ပဲဖြစ်ပါတယ်။ ယခု အဆီခဲတွေကိုစတင် ပျော်ဖို့ဆိုရင် 108°F လိုအပ်ပါတယ်။

လူတစ်ယောက်ရဲ့ ပုံမှန်ကိုယ်အပူချိန်က 98 F° မှ အများဆုံး 100°F ပဲရှိပါတယ် ။ ဖျားနာတဲ့လူတစ်ယောက်ရဲ့ အပူချိန်ဟာ များသောအား 108°F ရှိမယ်ဆိုရင် ကဲ ဒီအဆီတွေပျော်ဖို့ ဖျားနာမှပျော်ပါလိမ့်မယ်။

ဒါကြောင့် အထက်ပါအစားအသောက်များ အလွန်အမင်းစားသုံးသူတွေဟာ အဝလွန်ခြင်း/ အဆီပိတ်ခြင်း/ အသည်း အဆီဖုံးခြင်း/ နုလုံးသွေးကြောပိတ်ခြင်း စတဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။

နောက်ဆုံး ကျန်တဲ့အမျိုးအစား ဆီခဲကြမ်းကတော့ ဆပ်ပြာလုပ်တဲ့ နေရာမှာသုံးပါတယ်။ ဒါဆိုဆီအုန်းသီးရဲ့ အတွင်းက အစေ့ကို ပေါင်းခံကျိတ်ခွဲတဲ့အခါ ဈေးကွက်ထဲမှာသုံးနေတဲ့ အလှကုန်အမျိုးမျိုးမှာ လဲ ပါဝင်တဲ့ Glycerine ( အလှဆီ ) အနေနဲ့ အသုံးပြုပါတယ်။

( IC Major ဖြင့် စာတမ်းတင်ခဲ့သည်ထဲမှ အနည်းငယ်ပြန်လည်မျှဝေပါသည်။ )

Moon Dokomo အား credit ပေးပါသည်။

Recent Updates

Recent Posts Widget