“ထိတ္လန္႔ဖြယ္ရာ ရာဇဝတ္မူႀကံဳခဲ့ပီး အလြန္ ဘဝတစ္ဆစ္ခ်ိဳး ေျပာင္းလဲသြားတဲ့ ဘဏ္လုပ္ငန္းရွင္”
ထိတ္လန္႔ဖြယ္ရာ ရာဇဝတ္မူႀကံဳခဲ့ပီး အလြန္ ဘဝတစ္ဆစ္ခ်ိဳး ေျပာင္းလဲသြားတဲ့ ဘဏ္လုပ္ငန္းရွင္
တစ္ခါတစ္ရံမွာ ရာဇ၀တ္မႈေတြဟာ ရင္ဆုိင္ၾကံဳေတြ႕လုိက္ရတဲ့ သားေကာင္ေတြရဲ႕ ဘ၀ကုိ တစ္ဆစ္ခ်ိဳးေျပာင္းလဲသြားသည္အထိ အက်ိဳးသက္ေရာက္မႈရွိပါတယ္။
ထင္ရွားတဲ့သာဓကေတာ့ ၿဗိတိန္ ဘဏ္လုပ္ငန္းရွင္ သန္းၾကြယ္သူေဌး Emma Slade ျဖစ္ပါတယ္။
Emma Slade ဟာ တစ္ခ်ိန္က Armani အမ်ိဳးအစား ၀တ္စံုနဲ႔ ေဒါက္ျမင့္ဖိနပ္ကုိ ႏွစ္သက္တဲ့ ဒိတ္ဒိတ္ၾကဲ ဘဏ္လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္ခဲ့ၿပီး သူမရဲ႕ လုပ္ငန္းတန္ဖိုးဟာ အေမရိကန္ ေဒၚလာ သန္း (၁၀၀၀) ေက်ာ္ ရွိခဲ့ပါတယ္။
ဒါေပမယ့္ ၁၉၉၇ ခုႏွစ္၊ အင္ဒုိနီးရွားႏိုင္ငံၿမိဳ႕ေတာ္ ဂ်ာကာတာ ရွိ ေဟာ္တယ္ခန္းတစ္ခုမွာ ဓားျပတုိက္ခံရၿပီး အသက္ေဘးနဲ႔ ၾကံဳခဲ့ရၿပီးေနာက္မွာေတာ့ သူမရဲ႕ လူေနမႈဘ၀ဟာ တစ္ဆစ္ခ်ိဳး ေျပာင္းလဲခဲ့ရပါတယ္။
အသက္ေဘးနဲ႔ အလြန္နီးကပ္တဲ့ အေျခအေနက သီသီေလး လြတ္ေျမာက္ခဲ့ရၿပီး ဘ၀အတြက္ တကယ့္အဓိပၸာယ္နဲ႔ ရည္ရြယ္ခ်က္ဆိုတာကုိ သူမ နက္နက္ရိႈင္းရိႈင္း ေတြးေတာမိခဲ့ပါတယ္။
ဥာဏ္အလင္းပြင့္သလိုျဖစ္ၿပီး သံေ၀ဂရကာ အၾကီးအက်ယ္ တုန္လႈပ္မိေၾကာင္း သူမေရးသားထားတဲ့ “လြတ္လပ္ေစ: ဘဏ္လုပ္ငန္းမွ ဘူတန္ဗုဒၶဘာသာသုိ႔ ဘ၀ကူးေျပာင္းျခင္းခရီး” (Set Free: A Life-Changing Journey From Banking to Buddhism in Bhutan) ဆိုတဲ့ စာအုပ္မွာ ေဖာ္ျပထားခဲ့ပါတယ္။
ဓားျပေတြလက္က လြတ္ေျမာက္ၿပီးေနာက္မွာေတာ့ သူမရဲ႕ ဦးတည္ရာကုိ စီးပြားေရးနယ္ပယ္မွ ဟိမ၀ႏၱာေတာင္တန္းမ်ားဆီသုိ႔ လွည့္လုိက္ပါတယ္။
ေသးငယ္လွတဲ့ ဘူတန္နယ္ေျမမွာ သူမဟာ ဘူတန္လားမား ဘုန္းေတာ္ႀကီးမ်ားထံ ခ်ဥ္းကပ္ၿပီး ဗုဒၶဘာသာကုိ ေလ့လာဖို႔ လမ္းညႊန္မႈခံယူခဲ့ပါတယ္။ အေလ့အက်င့္နဲ႔ ဘ၀ေနထုိင္နည္းေတြ ေျပာင္းလဲခဲ့ၿပီးတဲ့ေနာက္ ဘူတန္ႏိုင္ငံရွိ ပထမဆံုးေသာ အေနာက္တုိင္းသူ မယ္သီလရင္ ျဖစ္လာခဲ့ပါတယ္။
“Opening Your Heart to Bhutan” လို႔ အမည္ရတဲ့ ပရဟိတအဖြဲ႕ကုိလည္း ထူေထာင္ထားၿပီး ဒီအဖြဲ႕ေလးဟာ ၿပီးခဲ့တဲ့ႏွစ္က ၿဗိတိန္ ၀န္ၾကီးခ်ဳပ္ ထရီဇာေမ ရဲ႕ “Point of Hope Award” ကုိ ရရွိခဲ့ပါတယ္။
သူမရဲ႕ ဘဏ္လုပ္ငန္းရွင္တစ္ေယာက္ ဘ၀ကေန အခုလိုသာမန္ တရားေလ့လာအားထုတ္သူ ျဖစ္လာျခင္းအေပၚ “ကၽြန္မ ဘာမွဆံုးရံႈးသြားတာ မရွိပါဘူး။ ကၽြန္မ အမ်ားႀကီးရရွိလိုက္တာပါ” လို႔ အျမတ္ထြက္ခဲ့ေၾကာင္း ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ အႏၷီပီမ ဒီကီ (Ani Pema Deki) လို႔ ဘြဲ႕အမည္ရတဲ့ Slade ဟာ ေဟာင္ေကာင္ကုိ သူမရဲ႕ စာအုပ္မိတ္ဆက္ပြဲေတာ္အတြက္ ေရာက္ရွိေနစဥ္ အခုလိုေျဖၾကားေပးခဲ့ျခင္း ျဖစ္ပါတယ္။
Credit : Thomas
Viva Lin Lin(မအူပင္)@Phyo KyawHtet
Unicode
ထိတ်လန့်ဖွယ်ရာ ရာဇဝတ်မူကြုံခဲ့ပီး အလွန် ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားတဲ့ ဘဏ်လုပ်ငန်းရှင်
တစ်ခါတစ်ရံမှာ ရာဇဝတ်မှုတွေဟာ ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ သားကောင်တွေရဲ့ ဘဝကို တစ်ဆစ်ချိုးပြောင်းလဲသွားသည်အထိ အကျိုးသက်ရောက်မှုရှိပါတယ်။
ထင်ရှားတဲ့သာဓကတော့ ဗြိတိန် ဘဏ်လုပ်ငန်းရှင် သန်းကြွယ်သူဌေး Emma Slade ဖြစ်ပါတယ်။
Emma Slade ဟာ တစ်ချိန်က Armani အမျိုးအစား ဝတ်စုံနဲ့ ဒေါက်မြင့်ဖိနပ်ကို နှစ်သက်တဲ့ ဒိတ်ဒိတ်ကြဲ ဘဏ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ခဲ့ပြီး သူမရဲ့ လုပ်ငန်းတန်ဖိုးဟာ အမေရိကန် ဒေါ်လာ သန်း (၁၀၀၀) ကျော် ရှိခဲ့ပါတယ်။
ဒါပေမယ့် ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာ ရှိ ဟော်တယ်ခန်းတစ်ခုမှာ ဓားပြတိုက်ခံရပြီး အသက်ဘေးနဲ့ ကြုံခဲ့ရပြီးနောက်မှာတော့ သူမရဲ့ လူနေမှုဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲခဲ့ရပါတယ်။
အသက်ဘေးနဲ့ အလွန်နီးကပ်တဲ့ အခြေအနေက သီသီလေး လွတ်မြောက်ခဲ့ရပြီး ဘဝအတွက် တကယ့်အဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်ဆိုတာကို သူမ နက်နက်ရှိုင်းရှိုင်း တွေးတောမိခဲ့ပါတယ်။
ဉာဏ်အလင်းပွင့်သလိုဖြစ်ပြီး သံဝေဂရကာ အကြီးအကျယ် တုန်လှုပ်မိကြောင်း သူမရေးသားထားတဲ့ “လွတ်လပ်စေ: ဘဏ်လုပ်ငန်းမှ ဘူတန်ဗုဒ္ဓဘာသာသို့ ဘဝကူးပြောင်းခြင်းခရီး” (Set Free: A Life-Changing Journey From Banking to Buddhism in Bhutan) ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားခဲ့ပါတယ်။
ဓားပြတွေလက်က လွတ်မြောက်ပြီးနောက်မှာတော့ သူမရဲ့ ဦးတည်ရာကို စီးပွားရေးနယ်ပယ်မှ ဟိမဝန္တာတောင်တန်းများဆီသို့ လှည့်လိုက်ပါတယ်။
သေးငယ်လှတဲ့ ဘူတန်နယ်မြေမှာ သူမဟာ ဘူတန်လားမား ဘုန်းတော်ကြီးများထံ ချဉ်းကပ်ပြီး ဗုဒ္ဓဘာသာကို လေ့လာဖို့ လမ်းညွှန်မှုခံယူခဲ့ပါတယ်။ အလေ့အကျင့်နဲ့ ဘဝနေထိုင်နည်းတွေ ပြောင်းလဲခဲ့ပြီးတဲ့နောက် ဘူတန်နိုင်ငံရှိ ပထမဆုံးသော အနောက်တိုင်းသူ မယ်သီလရင် ဖြစ်လာခဲ့ပါတယ်။
“Opening Your Heart to Bhutan” လို့ အမည်ရတဲ့ ပရဟိတအဖွဲ့ကိုလည်း ထူထောင်ထားပြီး ဒီအဖွဲ့လေးဟာ ပြီးခဲ့တဲ့နှစ်က ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေ ရဲ့ “Point of Hope Award” ကို ရရှိခဲ့ပါတယ်။
သူမရဲ့ ဘဏ်လုပ်ငန်းရှင်တစ်ယောက် ဘဝကနေ အခုလိုသာမန် တရားလေ့လာအားထုတ်သူ ဖြစ်လာခြင်းအပေါ် “ကျွန်မ ဘာမှဆုံးရှုံးသွားတာ မရှိပါဘူး။ ကျွန်မ အများကြီးရရှိလိုက်တာပါ” လို့ အမြတ်ထွက်ခဲ့ကြောင်း ပြောပါတယ်။
လက်ရှိအချိန်မှာ အန္နီပီမ ဒီကီ (Ani Pema Deki) လို့ ဘွဲ့အမည်ရတဲ့ Slade ဟာ ဟောင်ကောင်ကို သူမရဲ့ စာအုပ်မိတ်ဆက်ပွဲတော်အတွက် ရောက်ရှိနေစဉ် အခုလိုဖြေကြားပေးခဲ့ခြင်း ဖြစ်ပါတယ်။
Credit : Thomas
Viva Lin Lin(မအူပင်)@Phyo KyawHtet


