“ချန်ပီယံဆုဖလားရှင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိ”
Credit: မြ၀တီသတင်းစာ
Unicode Version
ချန်ပီယံဆုဖလားရှင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရ
အာဖရိကတိုက်၏ မောရစ်သျှနိုင်ငံ၌ နိုင်ငံပေါင်း ၃၀ ပါဝင်သော International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အကောင်းဆုံးချန်ပီယံ ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့သော မြန်မာကြက်တောင်မယ် သက်ထားသူဇာ သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြောင်းသိရသည်။ေ လဆိပ်တွင် ချန်ပီယံဆုဖလားနှင့်အတူ ပြန်လည်ရောက်ရှိလာသောမြန်မာအားကစားမယ် သက်ထားသူဇာအား မြန်မာနိုင်ငံကြက်တောင်ရိုက် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ကြက်တောင်ရိုက်ကစားသမားများနှင့်ကြက်တောင်အားကစားချစ်သူပရိသတ်များက ပန်းစည်းများပေးအပ်ကာကြိုဆိုကြကြောင်း သိရသည်။
အခုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲမှာ ပထမရလာတဲ့အတွက် ဂုဏ်လည်းယပူ ါတယ။် ပျောလ် ည်း ပျောပ် ါတယ။် ဒပီ ကွဲ အာဖရကိ နငို င် ကံ ဖြစေ် ပမယ့် အခြားအာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ မလေးရှားတို့လည်း လာရိုက်ကြတယ်။
“ညီမဖိုင်နယ်မှာ လွယ်လွယ်နဲ့အနိုင်ရပေမယ့် ဆီမီးဖိုင်နယ်နဲ့ကွာတားဖိုင်နယ်ပြိုင်ပွဲတွေမှာက ခက်ခက်ခဲခဲနဲ့ကြိုးစားရိုက်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲက ဒီကသွားပြိုင်တာ ညီမတစ်ယောက်တည်းသွားပြိုင်တာဖြစ်လို့ အခက်အခဲတွေတော့အများကြီးရှိခဲ့တယ်။ နိုင်ငံကလည်းဝေးတဲ့အတွက် ဒီပြိုင်ပွဲကိုအားကုန်ကြိုးစားရိုက်ခဲ့တာပါ။ အခုပြိုင်ပွဲတွေရဲ့ အောင်မြင်မှုတွေကနေ မြန်မာကြက်တောင်ဆိုတာ မသိတဲ့လူနည်းသွားသလောက်ကိုသိလာကြပါပြီ။ ညီမ ရဲ့ကြက်တောင်အဆင့်က ၁၂၆ ပေါ့နော် အခုပထမရသွားတော့ ပွိုင့်ကတော့ဒီထက်တက်သွားမှာပါ”ဟု ချန်ပီယံဆုဖလားရှင် မြန်မာကြက်တောင်မယ်သက်ထားသူဇာက လေဆိပ်တွင်မီဒီယာများကို ပြောသည်။
မြန်မာကြက်တောင်မယ်သက်ထားသူဇာသည် ပြိုင်ပွဲကြီး၏နောက်ဆုံးဗိုလ်လုပွဲတွင် ဖင်လန်နိုင်ငံမှ ကစားသမားအီရီမစ်ကီလာကို ရမှတ် ၂၁-၁၀/၂၁-၁၉ မှတ်ဖို့ဖြင့် နှစ်ပွဲပြတ်အနိုင်ယူကာ ချန်ပီယံဆုဖလားကို ရယူခဲ့ကြောင်း သိရသည်။
Credit: မြဝတီသတင်းစာ
Recent Updates
Recent Posts Widget