“မႏၱေလးၿမိဳ႕ရွိ Food Bank ႏွင့္ စပ္လ်ဥ္း၍ အသိပညာေပးျခင္းမ်ားေဆာင္ရြက္”
မႏၲေလးၿမိဳ႕တြင္ ပထမဦးဆံုးအျဖစ္ စတင္ျပဳလုပ္ခဲ့သည့္ Food Bank ႏွင့္စပ္လ်ဥ္း၍ အသိပညာေပးျခင္းကို ဇြန္ ၁၇ရက္ ညေနပိုင္းက ေဆာင္ရြက္ခဲ့ေၾကာင္း မႏၲေလး ၿမိဳ႕ ONE TO ONE ျပည္သူ႔ကူညီေရးအဖြဲ႕မွ သိရသည္။ယခုလ လဆန္းပိုင္းမွစ၍မႏၲေလးၿမိဳ႕ က်ဳံးအေရွ႕ဘက္ ၆၆လမ္း၊ ၂၂ လမ္းႏွင့္၂၃လမ္းၾကားတြင္ ဖတ္စရာစာအုပ္မ်ား၊ လမ္းသြားလမ္းလာမ်ား၊ ေစ်းသည္မ်ား၊ အပန္းေျဖလာသူမ်ားႏွင့္ ခရီးသြားမ်ားလုပ္သားျပည္သူမ်ား ေရဆာေျပေသာက္သုံးရန္ အေအးဘူးမ်ား၊ဗိုက္ဆာလွ်င္ အဆာေျပစားရန္မုန္႔ထုပ္မ်ား ထည့္သြင္းလွဴဒါန္းေပးထားသည့္ Food Bank ထားရွိေပးထားရာ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီး လာေရာက္လွဴဒါန္းသူမ်ား၊ ယူငင္စားသံုးသူမ်ားျဖင့္ စည္ကားမ်ားျပားခဲ့ေၾကာင္းသိရသည္။
အရင္က အခမဲ့စာၾကည့္တိုက္သေဘာနဲ႔စလာတာ ေနာက္ပိုင္းအေအးေတြ၊ မုန္႔ေတြပါထည့္ၿပီးလုပ္ျဖစ္သြားတယ္။ လူေတြကလဲဒါမ်ဳိးတစ္ခါမွမႀကံဳဖူးေတာ့ ယူၾကသူေတြေကာ လာလွဴၾကသူေတြပါျပည့္သြားတယ္။ ေနာက္ပိုင္း Food Bank ရဲ႕ သေဘာတရားေတြကို
သိရွိဖို႔ ကိုယ့္အတြက္တင္မကတစ္ကိုယ္ေကာင္းမဆန္ဘဲ ကိုယ္ခ်င္းစာတတ္တဲ့ စိတ္ဓာတ္ေလးေတြကိုသိရွိၿပီး အေလ့အက်င့္ေလးေတြရရွိေစဖို႔ ရည္ရြယ္ခ်က္နဲ႔အခုလိုပညာေပးတာေတြလုပ္ျဖစ္တာပါ++ဟု အဆိုပါအဖြဲ႕မွ ကိုစိုင္းေနမ်ဳိးေမာင္ေမာင္က ေျပာျပသည္။
Food Bank ႏွင့္ စပ္လ်ဥ္း၍လာေရာက္ယူသူမ်ားကို အသိပညာေပး ေရးသားထားသည့္လက္ကမ္းေၾကာ္ျငာ စာရြက္မ်ားေ၀ငွျခင္းအျပင္ =ကိုယ့္အတြက္လဲယူေနာက္လူမရမွာလဲစိတ္ပူ+ စသည့္ဗီႏိုင္းမ်ားကိုင္ေစ၍ ပညာေပးျခင္းမ်ား လုပ္ေဆာင္ခဲ့ၿပီး ၿမိဳ႕ေနလူထုစိတ္ဓာတ္ေကာင္းမြန္သည့္ အသိပညာမ်ားရရွိေစရန္ ပညာေပးလႈံ႔ေဆာ္မႈမ်ားကို စဥ္ဆက္မျပတ္လုပ္ေဆာင္သြားရန္ လိုအပ္ေၾကာင္းသိရသည္။
လက္ရွိ က်ဳံးအေရွ႕ဘက္ရွိ Food Bank အျပင္ က်ဳံးအေနာက္ဘက္တြင္လည္း Food Bank တစ္ခုထပ္မံထားရွိရန္ စီစဥ္ေနၿပီးဆက္လက္၍လည္း မႏၲေလးၿမိဳ႕တြင္ Food Bank စနစ္ႏွင့္အတူ စိတ္ဓာတ္ေကာင္းမ်ား ပ်ံ႕ႏွံ႔သြားေစရန္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း
သိရသည္။အဆိုပါ Food Bank သို႔ မိမိတို႔၏ပိုလွ်ံေနသည့္ အစားအေသာက္မ်ား လာေရာက္လွဴဒါန္းႏိုင္ၿပီးပရဟိတကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ဆက္သြယ္လိုပါက ကို၀မ္း ဖုန္း၀၉-၇၆၅၇၆၅၁၇၉သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။
Credit: ရတနာပံုသတင္းစာ
Unicode Version
မန္တလေးမြို့တွင် ပထမဦးဆုံးအဖြစ် စတင်ပြုလုပ်ခဲ့သည့် Food Bank နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းကို ဇွန် ၁၇ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မန္တလေး မြို့ ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့မှ သိရသည်။ယခုလ လဆန်းပိုင်းမှစ၍မန္တလေးမြို့ ကျုံးအရှေ့ဘက် ၆၆လမ်း၊ ၂၂ လမ်းနှင့်၂၃လမ်းကြားတွင် ဖတ်စရာစာအုပ်များ၊ လမ်းသွားလမ်းလာများ၊ ဈေးသည်များ၊ အပန်းဖြေလာသူများနှင့် ခရီးသွားများလုပ်သားပြည်သူများ ရေဆာပြေသောက်သုံးရန် အအေးဘူးများ၊ဗိုက်ဆာလျှင် အဆာပြေစားရန်မုန့်ထုပ်များ ထည့်သွင်းလှူဒါန်းပေးထားသည့် Food Bank ထားရှိပေးထားရာ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး လာရောက်လှူဒါန်းသူများ၊ ယူငင်စားသုံးသူများဖြင့် စည်ကားများပြားခဲ့ကြောင်းသိရသည်။
အရင်က အခမဲ့စာကြည့်တိုက်သဘောနဲ့စလာတာ နောက်ပိုင်းအအေးတွေ၊ မုန့်တွေပါထည့်ပြီးလုပ်ဖြစ်သွားတယ်။ လူတွေကလဲဒါမျိုးတစ်ခါမှမကြုံဖူးတော့ ယူကြသူတွေကော လာလှူကြသူတွေပါပြည့်သွားတယ်။ နောက်ပိုင်း Food Bank ရဲ့ သဘောတရားတွေကို
သိရှိဖို့ ကိုယ့်အတွက်တင်မကတစ်ကိုယ်ကောင်းမဆန်ဘဲ ကိုယ်ချင်းစာတတ်တဲ့ စိတ်ဓာတ်လေးတွေကိုသိရှိပြီး အလေ့အကျင့်လေးတွေရရှိစေဖို့ ရည်ရွယ်ချက်နဲ့အခုလိုပညာပေးတာတွေလုပ်ဖြစ်တာပါ++ဟု အဆိုပါအဖွဲ့မှ ကိုစိုင်းနေမျိုးမောင်မောင်က ပြောပြသည်။
Food Bank နှင့် စပ်လျဉ်း၍လာရောက်ယူသူများကို အသိပညာပေး ရေးသားထားသည့်လက်ကမ်းကြော်ငြာ စာရွက်များဝေငှခြင်းအပြင် =ကိုယ့်အတွက်လဲယူနောက်လူမရမှာလဲစိတ်ပူ+ စသည့်ဗီနိုင်းများကိုင်စေ၍ ပညာပေးခြင်းများ လုပ်ဆောင်ခဲ့ပြီး မြို့နေလူထုစိတ်ဓာတ်ကောင်းမွန်သည့် အသိပညာများရရှိစေရန် ပညာပေးလှုံ့ဆော်မှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားရန် လိုအပ်ကြောင်းသိရသည်။
လက်ရှိ ကျုံးအရှေ့ဘက်ရှိ Food Bank အပြင် ကျုံးအနောက်ဘက်တွင်လည်း Food Bank တစ်ခုထပ်မံထားရှိရန် စီစဉ်နေပြီးဆက်လက်၍လည်း မန္တလေးမြို့တွင် Food Bank စနစ်နှင့်အတူ စိတ်ဓာတ်ကောင်းများ ပျံ့နှံ့သွားစေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။အဆိုပါ Food Bank သို့ မိမိတို့၏ပိုလျှံနေသည့် အစားအသောက်များ လာရောက်လှူဒါန်းနိုင်ပြီးပရဟိတကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်သွယ်လိုပါက ကိုဝမ်း ဖုန်း၀၉-၇၆၅၇၆၅၁၇၉သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
Credit: ရတနာပုံသတင်းစာ