ကိုယ့်ဖေ့စ်ဘုတ်ဒေတာတွေကို တခြားသူတွေ ခြေရာမခံနိုင်အောင် ဘယ်လိုလုပ်မလဲ





စာဖတ်သူတွေအနေနဲ့ App တွေ ဒေါင်းတဲ့အခါ၊ ၀က်ဆိုက်ဒ်တွေထဲ ၀င်တဲ့အခါမှာ တချို့တွေကို ဖေ့စ်ဘုတ်အကောင့်နဲ့ ၀င်ရပါတယ်။ ကိုယ့်ဖေ့စ်ဘုတ်အကောင့်နဲ့ ၀င်တယ်ဆိုကတည်းက ထို App၊ ၀က်ဆိုက်ဒ်ကုမ္ပဏီတွေကို ကိုယ့်ရဲ့ဖေ့စ်ဘုတ်ဒေတာတွေ ပေးလိုက်ရတာပါပဲ။ ကိုယ့်ဖေ့စ်ဘုတ်ဒေတာတွေထဲမှာ အီးမေးလ်လိပ်စာ၊ ဖုန်းနံပတ်၊ လုပ်ငန်းခွင်အတွေ့အကြုံတွေနဲ့ ကိုယ်နေထိုင်ရာ အိမ်တွေအပါအ၀င် တခြားအသေးစိတ်ကျတဲ့ တစ်ခြားအကြောင်းအရာတွေလည်း  ပါဝင်ကောင်း ပါဝင်နေပါလိမ့်မယ်။


ဒါပေမယ့် လူအများစုသတိမထားမိတာတစ်ခုက တကယ်လို့ App တစ်ခုကို ကိုယ်ကဖေ့စ်ဘုတ်အကောင့်နဲ့ ဒေါင်းပြီးသုံးနေမယ်။ ဒါဆိုရင် ကိုယ်ရဲ့ ဒေတာတွေကို App ကုမ္ပဏီက လက်ခံရရှိမယ့်အပြင် ကိုယ်နဲ့အလားတူ App သုံးနေတဲ့သူငယ်ချင်းတွေကပါ ကိုယ့်အချက်အလက်တွေကို မြင်နိုင်ပါလိမ့်မယ်။ ကြော်ငြာသမားတွေ၊ ဖေ့စ်ဘုတ် developer တွေနဲ့ ဖေ့စ်ဘုတ်ကြော်ငြာပါတနာတွေက  နာမည်တွေ၊ ဖုန်းနံပတ်တွေကို နည်းပညာနဲ့ဖျောက်ပြီး အမည်မသိအောင် ကာကွယ်ပေးထားပေမယ့် စီးပွားရေးကုမ္ပဏီတွေကိုတော့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အခြားသောဒေတာအများအပြားကို ရောင်းချပါတယ်။

အောက်မှာတော့ စီးပွားရေးကုမ္ပဏီတွေက ကိုယ်မသိလိုက်ပဲနဲ့ကိုယ့်ရဲ့ဒေတာတွေကို အယူမခံရအောင်ပိတ်ထားနိုင်တဲ့ နည်းလမ်းကိုဖော်ပြပေးလိုက်ပါတယ်။


ညာဘက်အပေါ်ထောင့်က အနီနဲ့ဝိုင်းထားတဲ့နေရာက မြှားလေးကိုနှိပ်ပါ။


Settings ကိုရွေးပါ။

Settings ထဲမှာ Apps ကိုရှာပါ။


ဒီထဲမှာဆိုရင် ကိုယ့်ဖေ့စ်ဘုတ်ဒေတာတွေကို ခြေရာခံထားတဲ့ကုမ္ပဏီတွေကို တွေ့ရမှာပါ။ အောက်မှာ Show All ကိုနှိပ်ပါ။

ပြထားတဲ့ပုံမှာတော့ ကိုယ့်ရဲ့ဒေတာတွေကိုယူနေတဲ့ ကုမ္ပဏီတွေကိုအများကြီးတွေ့ရမှာပါ။

ဒီအခါ တစ်ခုချင်းစီမှာရှိတဲ့app တွေအပေါ်ကို mouse နဲ့ ထောက်ကြည့်ပြီး permissions တွေချိန်းပေးနိုင်ပါတယ်။


ဒီအခါမှာဆိုရင် ကိုယ့်ဒေတာတွေကို app ကုမ္ပဏီတွေက အလကားရနေတာကိုသေချာတွေ့ရမှာပါ


အောက်ကို နည်းနည်းလောက်ထပ်ဆင်းပြီး Settings ထဲက apps section ဆီသွားလိုက်ပါ။ ပြီးရင် Apps Others Use ထဲဝင်လိုက်ပါ။

Apps Others Use ထဲမှာဆိုရင်သင့်သူငယ်ချင်းတွေက မြင်နေရတဲ့သင့်ရဲ့ဒေတာတွေဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်က သူများတွေကိုမသိစေချင်တဲ့ အချက်အလက်တွေကို အမှန်ခြစ်လေးတွေဖြုတ်ပြီး ပြန်ပြင်လိုက်ပါ။

Credit  \\  original

Recent Updates

Recent Posts Widget