ဖုန္းမွားေခၚမိရာကေန.. ဖူးစာဆုံဖက္ၿပီး …လက္ထပ္သြားၾကတဲ့ သူတို့ႏွစ္ဦး





ဖူး စာ ဆို တာဆန္းၾကယ္လွတဲ့ အရာတစ္ခုျဖစ္သလို လူးလာလို့ရွိရင္ ဘယ္လိုအရာေတြကမွ ဟန႔္တားနိုင္စြမ္းမရွိပါဘူး။

ထို့ အ တူပဲ အိႏၵိယနိုင္ငံက အက္စစ္နဲ႔တိုက္ခိုက္ခံရလို့ မ်က္ႏွာတခုလုံး စုတ္ျပတ္သတ္ေအာင္ ပ်က္စီးေနတဲ့ မိန္းကေလးတစ္ဦးဟာလည္း ဖုန္းမွားေခၚမိရာကေန ေကာင္ေလးတစ္ေယာက္ရဲ့ ဖူးစာဆုံဖက္ၿပီး လက္ထပ္ထိမ္းျမားသြားခဲ့ပါတယ္။



သူ မ ဟာ မ်က္ႏွာတစ္ခုလုံး ၾကည့္မရေအာင္ကို ပ်က္ဆီးေနလို့ အျခားသူေတြက နင္တသက္လုံး ေယာကၤ်ားရမွာမဟုတ္ဘူးဆိုတဲ့ ေလွာင္ေျပာင္မွုေတြကို အႀကိမ္ႀကိမ္ခံလာခဲ့ရသူတစ္ဦးပဲျဖစ္ပါတယ္။

သူ မဟာ ေဆြးမ်ိဳးေတြရဲ႕ အက္စစ္နဲ႕တိုက္ခိုက္တာကိုခံခဲ့ရတာေၾကာင့္ အႀကိမ္ ၂၀ နီးပါးေဘာက္ခြဲစိတ္ခဲ့ရတာေတာင္ သူမရဲ႕မ်က္ႏွာဟာ ျပန္ေကာင္းမလာခဲ့ပါဘူး။

သို႔ေပ မယ့္ ဖူးစာကံထလာတဲ့ တစ္ေန႕မွာ သူမဟာ ဖုန္းနံပါတ္တစ္ခုကို မွားယြင္းေခၚဆိုမိခဲ့ပါတယ္။





သူေခၚဆိုမိခဲ့တဲ့ ဖုန္းနံပါတ္ကေတာ့ CCTV ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ေနတဲ့ ရာဗစ္ ရွန္ကာဆင္းလို႔ေခၚတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ုဖုန္းနံပါတ္ျဖစ္ၿပီး ေကာင္ေလးကလည္း သူဖုန္းထဲမွာ Miss call ေတြလို႔ ျပန္ေခၚရာကေန သူတို႔ ရဲ႕ဇာတ္လမ္းေလးကစတင္ခဲ့တာပဲျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ သူတို႔ေတြဟာ အခ်ိန္မွန္ဖုန္းေျပာျဖစ္ခဲ့ၾကၿပီး ခ်စ္သူဆိုတဲ့ အဆင့္ထိေတာင္ေရာက္သြားခဲ့ၾကပါတယ္။

ေကာင္ေလးဟာဆိုရင္လည္း သူ႕ခ်စ္သူေကာင္မေလးရဲ႕မ်က္ႏွာကို အျပင္မွာျမင္ေတြ႕ရတဲ့အခ်ိန္မွာ လက္လႊတ္လိုက္ဖို႔ထက္ အနားမွာေနေပးဖို႔သာ ပိုမိုစိတ္အားထက္သန္ခဲ့ၿပီး တေျဖးေျဖးပိုခ်စ္လာခဲ့ပါတယ္။



ဒါ့ေၾကာင့္ ေကာင္းေလးဟာ သူရဲ႕ခ်စ္သူေကာင္မေလးရဲ႕ ဘဝကို အရိပ္လိုမိုးေပးဖို႔အတြက္ မိဘေတြထံမွာ ခြင့္ေတာင္းကာ တရားဝင္ လက္ထပ္ထိမ္းျမားခဲ့ပါတယ္။

အခုဆိုရင္လည္း သူတို႔ႏွစ္ေယာက္ လက္ထပ္ထားတာ ၂ ႏွစ္ေက်ာ္ေလာက္ၾကာျမင့္ခဲ့ၿပီဆိုေပမယ့္ သူတို႔အခ်စ္ေတြဟာ မေလ်ာ့သြားတဲ့အျပင္ ပိုေတာင္တိုးလာၾကတယ္လို႔ သိရပါတယ္။

Source- Independent

Credit  \\  original

Unicode Version
ဖူးစာဆိုတာဆန်းကြယ်လှတဲ့ အရာတစ်ခုဖြစ်သလို လူးလာလို့ရှိရင် ဘယ်လိုအရာတွေကမှ ဟန့်တားနိုင်စွမ်းမရှိပါဘူး။
ထို့အတူပဲ အိန္ဒိယနိုင်ငံက အက်စစ်နဲ့တိုက်ခိုက်ခံရလို့ မျက်နှာတခုလုံး စုတ်ပြတ်သတ်အောင် ပျက်စီးနေတဲ့ မိန်းကလေးတစ်ဦးဟာလည်း ဖုန်းမှားခေါ်မိရာကနေ ကောင်လေးတစ်ယောက်ရဲ့ ဖူးစာဆုံဖက်ပြီး လက်ထပ်ထိမ်းမြားသွားခဲ့ပါတယ်။
သူမဟာ မျက်နှာတစ်ခုလုံး ကြည့်မရအောင်ကို ပျက်ဆီးနေလို့ အခြားသူတွေက နင်တသက်လုံး ယောင်္ကျားရမှာမဟုတ်ဘူးဆိုတဲ့ လှောင်ပြောင်မှုတွေကို အကြိမ်ကြိမ်ခံလာခဲ့ရသူတစ်ဦးပဲဖြစ်ပါတယ်။

သူမဟာ ဆွေးမျိုးတွေရဲ့ အက်စစ်နဲ့တိုက်ခိုက်တာကိုခံခဲ့ရတာကြောင့် အကြိမ် ၂၀ နီးပါးဘောက်ခွဲစိတ်ခဲ့ရတာတောင် သူမရဲ့မျက်နှာဟာ ပြန်ကောင်းမလာခဲ့ပါဘူး။

သို့ပေမယ့် ဖူးစာကံထလာတဲ့ တစ်နေ့မှာ သူမဟာ ဖုန်းနံပါတ်တစ်ခုကို မှားယွင်းခေါ်ဆိုမိခဲ့ပါတယ်။
သူခေါ်ဆိုမိခဲ့တဲ့ ဖုန်းနံပါတ်ကတော့ CCTV ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရာဗစ် ရှန်ကာဆင်းလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ုဖုန်းနံပါတ်ဖြစ်ပြီး ကောင်လေးကလည်း သူဖုန်းထဲမှာ Miss call တွေလို့ ပြန်ခေါ်ရာကနေ သူတို့ ရဲ့ဇာတ်လမ်းလေးကစတင်ခဲ့တာပဲဖြစ်ပါတယ်။

နောက်ပိုင်းမှာ သူတို့တွေဟာ အချိန်မှန်ဖုန်းပြောဖြစ်ခဲ့ကြပြီး ချစ်သူဆိုတဲ့ အဆင့်ထိတောင်ရောက်သွားခဲ့ကြပါတယ်။

ကောင်လေးဟာဆိုရင်လည်း သူ့ချစ်သူကောင်မလေးရဲ့မျက်နှာကို အပြင်မှာမြင်တွေ့ရတဲ့အချိန်မှာ လက်လွှတ်လိုက်ဖို့ထက် အနားမှာနေပေးဖို့သာ ပိုမိုစိတ်အားထက်သန်ခဲ့ပြီး တဖြေးဖြေးပိုချစ်လာခဲ့ပါတယ်။
ဒါ့ကြောင့် ကောင်းလေးဟာ သူရဲ့ချစ်သူကောင်မလေးရဲ့ ဘဝကို အရိပ်လိုမိုးပေးဖို့အတွက် မိဘတွေထံမှာ ခွင့်တောင်းကာ တရားဝင် လက်ထပ်ထိမ်းမြားခဲ့ပါတယ်။

အခုဆိုရင်လည်း သူတို့နှစ်ယောက် လက်ထပ်ထားတာ ၂ နှစ်ကျော်လောက်ကြာမြင့်ခဲ့ပြီဆိုပေမယ့် သူတို့အချစ်တွေဟာ မလျော့သွားတဲ့အပြင် ပိုတောင်တိုးလာကြတယ်လို့ သိရပါတယ်။

Source- Independent

Credit  \\  original

Recent Updates

Recent Posts Widget