ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်
ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းမှာ နောက် ၃ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ ခွဲအချိန်တိုင်းထွာချက်တွေအရ လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ နောက် ထပ် ၇၂ နာရီအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေထုမငြိမသက်ဖြစ်ရာကနေ လေစိုင်ဝဲတစ်ခုဖြစ်ပေါ်လာပြီး အိန္ဒိယနိုင်ငံ အ ရှေ့ဖက်ကမ်းခြေရှိရာ အနောက်မြောက် ယွန်းယွန်းဖက်ဆီကို ရွေ့လျားသွားနိုင်တယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။
အနောက်တောင်မုတ်သုံလေအနေနဲ့ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပတယ်လို့ဆိုပါတယ်။ ဒါကြောင့် မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ မိုးထစ်ချုန်းရွာနိုင်ခြေရှိနေတယ်လို့ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်နေ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၃ ပေ ကနေ ၈ ပေ လောက်အထိရှိနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Credit \\ original
Post Comment