ဆယ်ကြိမ်မြောက် ဆေးသွင်းနေတဲ့အမေ့ကို ဂရုတစိုက်နဲ့ ပျော်ရွှင်အောင်ပြုလုပ်ပေးနေတဲ့ စည်သူမောင်





သရုပ်ဆောင် မင်းသားချော စည်သူမောင်ကတော့ သရုပ်ဆောင်ကောင်းသလို ရုပ်ရည်လည်းချောမောပြေပြစ်တာကြောင့် အားပေးသူတွေက ဝိုင်းဝိုင်းလည်နေတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး စိတ်သဘောထားကောင်းတဲ့ စည်သူမောင်က အားလုံးနဲ့ လိုက်လျောညီထွေစွာ ဆက်ဆံတတ်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စည်သူမောင်က မိဘတွေအပေါ်မှာလည်း အရမ်းကို သိတတ်လိမ္မာတဲ့ သားလိမ္မာလေးတစ်ယောက် ဖြစ်ပါတယ်။


လက်ရှိမှာ စည်သူမောင်ရဲ့မိခင်ဖြစ်သူက ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေရပေမယ့်လည်း ခင်ပွန်းနဲ့သားတို့ရဲ့ ဂရုစိုက်မှုကြောင့် လူကောင်းတစ်ယောက်လို ကျန်းမာပျော်ရွှင်စွာ နေထိုင်နေရတာ ဖြစ်ပါတယ်။ စည်သူမောင်ကတော့ ဆေးကုသမှုခံယူနေရတဲ့ မိခင်ကို အစားအသောက်၊ ဆေးဝါးကအစ လိုလေသေးမရှိအောင် ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း စည်သူမောင်က ဆယ်ကြိမ်မြောက်ဆေးသွင်းနေတဲ့ အမေ့ကို မုန့်တွေကိုယ်တိုင်ခွံကျွေးပြီး ပြုစုနေတာ တွေ့ရပါတယ်။



စည်သူမောင်က ” ဒီနေ့ အမေ ဆယ် ကြိမ်မြောက်ဆေးသွင်း..အမေ့ကိုအမြဲဂရုတစိုက်နဲ့ ကုသပေးတဲ့ ဗဟိုရ်စည်က ဆရာဝန်များ သူနာပြုအပျိုကြီးများ Mee Mee Anty Ei နဲ့ အမေနဲ့ လူနာစောင့်တွေစားဖို့ စားစရာတွေအမြဲပို့ပေးတဲ့ တီတီအိ Doreen Tin တို့ကိုလဲကျေးဇူးပါ..” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးစရာကောင်းတဲ့ စည်သူမောင်တို့သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။



Source:Si Thu Maung;credit – myanmarload

Recent Updates

Recent Posts Widget