မႏၱေလးၿမိဳ႕လယ္ကလူစည္ကားရာလမ္းမေပၚမွာအမ်ိဳးသမီးတစ္ဦးကိုပစ္ခတ္ခဲ့တဲ့ ေသနတ္သမားကိုေသဒဏ္ခ်




မႏၱေလးရဲ႕ လူစည္ကားရာလမ္းမႀကီးမွာ အမ်ိဳးသမီးတစ္ဦးကို ပစ္ခတ္ခဲ့တဲ့ ေသနတ္သမား ကို မႏၱေလးခရိုင္ တရားရုံးက ဒီကေန႕ မွာ ေသဒဏ္အမိန္႕ခ် လုိက္ပါၿပီ။အမႈကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ အတြင္းက ျဖစ္ခဲ့တာပါ။ေသဆုံးခဲ့တဲ့ အမ်ိဳးသမီးဟာ သူ႔ ခင္ပြန္းနဲ႔ အတူ ဆိုင္ကယ္စီးလာတဲ့အခ်ိန္မွာ အဲဒီအမ်ိဳးသမီးရဲ႕ ပိုက္ဆံအိတ္ကို ေနာက္က ကပ္လုိက္လာတဲ့ ဆိုင္ကယ္ သမားက လုယူခဲ့တာျဖစ္ပါတယ္။


အမ်ိဳးသမီးက သူ႔အိတ္ကို ဆိုင္ကယ္သမားဆီက ျပန္လုရာမွာေတာ့ဆိုင္ကယ္သမားက ေသနတ္နဲ႕ပစ္လို႕ေသ ဆုံးသြား ခဲ့တာပါ။ဒီအမႈမွာ ခြန္ေကာလား ဆိုသူအမ်ိဳးသားကို ဖမ္းဆီးစစ္ေဆး ၾကားနာၿပီးတဲ့ေနာက္ ေသနတ္နဲ႕ပစ္သတ္တဲ့လူ သတ္မႈ အတြက္ေသဒဏ္ နဲ႕ နာက်င္ေအာင္ျပဳလုပ္မႈအတြက္ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ် မွတ္လုိက္ၿပီး ျပစ္ဒဏ္ေတြကို သီးျခားစီက်ခံ ဖို႕ တရားရုံးက ဒီကေန႕မွာ အမိန္႕ခ် လုိက္တာျဖစ္ပါတယ္။ခြန္ေကာလား ကေတာ့ သူဟာ ပိုက္ဆံအိတ္ကို လုယူတာမဟုတ္ဘဲ ဆိုင္ကယ္ခ်င္း ခ်ိတ္မိရာကေန ေဒါသျဖစ္ လို႕ ေသနတ္နဲ႕ ပစ္လိုက္ရတာ လို႕ တရားရုံးမွာ ထုေခ်ပါတယ္။

ဒါေပမယ့္ ဒီျဖစ္ရပ္ဟာေန႕ခင္းအခ်ိန္ အမ်ားျပည္သူ သြားလာတဲ့ လမ္းေပၚမွာ လူအမ်ားထိတ္လန္႕ေစတဲ့အျပင္ တရားဥပေဒစိုးမိုးမႈ ပ်က္ျပားေအာင္ လုပ္တဲ့အတြက္ အလားတူျဖစ္စဥ္ေတြ ထပ္မျဖစ္ဖို႕ ဒီလို အမိန္႕ခ် လုိက္ ရတာလို႕ တရားသူႀကီးက တရားခြင္မွာေျပာပါတယ္။တရားရုံးက ခ်လိုက္တဲ့အမိန္႕ကိုေတာ့ အယူခံတက္သြားမယ္လုိ႕ ခြန္ေကာလား ရဲ႕ ေရွ႕ေနက ဆိုပါတယ္။
Credit 7DaysDailyNews

Unicode

မန္တလေးရဲ့ လူစည်ကားရာလမ်းမကြီးမှာ အမျိုးသမီးတစ်ဦးကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမား ကို မန္တလေးခရိုင် တရားရုံးက ဒီကနေ့ မှာ သေဒဏ်အမိန့်ချ လိုက်ပါပြီ။အမှုကတော့ ပြီးခဲ့တဲ့ ၂၀၁၈ အတွင်းက ဖြစ်ခဲ့တာပါ။သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ သူ့ ခင်ပွန်းနဲ့ အတူ ဆိုင်ကယ်စီးလာတဲ့အချိန်မှာ အဲဒီအမျိုးသမီးရဲ့ ပိုက်ဆံအိတ်ကို နောက်က ကပ်လိုက်လာတဲ့ ဆိုင်ကယ် သမားက လုယူခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးက သူ့အိတ်ကို ဆိုင်ကယ်သမားဆီက ပြန်လုရာမှာတော့ဆိုင်ကယ်သမားက သေနတ်နဲ့ပစ်လို့သေ ဆုံးသွား ခဲ့တာပါ။ဒီအမှုမှာ ခွန်ကောလား ဆိုသူအမျိုးသားကို ဖမ်းဆီးစစ်ဆေး ကြားနာပြီးတဲ့နောက် သေနတ်နဲ့ပစ်သတ်တဲ့လူ သတ်မှု အတွက်သေဒဏ် နဲ့ နာကျင်အောင်ပြုလုပ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချ မှတ်လိုက်ပြီး ပြစ်ဒဏ်တွေကို သီးခြားစီကျခံ ဖို့ တရားရုံးက ဒီကနေ့မှာ အမိန့်ချ လိုက်တာဖြစ်ပါတယ်။ခွန်ကောလား ကတော့ သူဟာ ပိုက်ဆံအိတ်ကို လုယူတာမဟုတ်ဘဲ ဆိုင်ကယ်ချင်း ချိတ်မိရာကနေ ဒေါသဖြစ် လို့ သေနတ်နဲ့ ပစ်လိုက်ရတာ လို့ တရားရုံးမှာ ထုချေပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်ဟာနေ့ခင်းအချိန် အများပြည်သူ သွားလာတဲ့ လမ်းပေါ်မှာ လူအများထိတ်လန့်စေတဲ့အပြင် တရားဥပဒေစိုးမိုးမှု ပျက်ပြားအောင် လုပ်တဲ့အတွက် အလားတူဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့ ဒီလို အမိန့်ချ လိုက် ရတာလို့ တရားသူကြီးက တရားခွင်မှာပြောပါတယ်။တရားရုံးက ချလိုက်တဲ့အမိန့်ကိုတော့ အယူခံတက်သွားမယ်လို့ ခွန်ကောလား ရဲ့ ရှေ့နေက ဆိုပါတယ်။
Credit 7DaysDailyNews

Recent Updates

Recent Posts Widget