“ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲမှ ချစ်နွေနဲ့ ရာရာတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးများ





အခုလတ်တလော ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုနေရတဲ့ “ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲကြီးကို ထုတ်လွှင့်ပြသနေတာ တစ်ပတ်ကျော်သွားပြီ ဖြစ်ပါတယ်။ အပိုင်း(၈) ကို ရောက်တဲ့အထိ ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံနေရတဲ့ ထိုဇာတ်လမ်းတွဲကြီးကို ဒါရိုက်တာ နေပိုင်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး နက္ခက်၊ ခြူးလေး၊ သာထက်ဥာဏ်ဇော်၊ ဘုန်းရှိန်ခန့်၊ ခွန်းနေကြည်ချို၊ မိုက်မိုက်၊ ဟန်နလာနဲ့ အခြားသော သရုပ်ဆောင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။


“ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲကြီးက သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ ကြိုစားအားထုတ်မှုတွေကို မြင်တွေ့ရပြီး ပရိသတ်တွေကို ကျေနပ်စေခဲ့တာပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသား လူငယ်တွေရဲ့ အချစ်ရေး အချစ်များအပြင် ချစ်စရာကောင်းတဲ့ သူငယ်ချင်း သံယောဇဉ်ကိုလည်း ကြည်နူးစရာတွေ့မြင်ရပါတယ်။



ဒီတစ်ခေါက်မှာတော့ မိုမိုလေးပရိသတ်တွေအတွက် “ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲထဲက ချစ်နွေနဲ့ ရာရာတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ကြည်နူးပျော်ရွှင်ဖွယ်ရာ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ချစ်နွေအဖြစ် သရုပ်ဆောင်ထားတဲ့ ခြူလေးကတော့ “ပို၍လှသော မနက်ဖြန်”၊ “ရသ-မော်ကွန်း-အလင်္ကာ”၊ “လူရည်ချွန်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှု ရရှိခဲ့သူဖြစ်ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။



ရာရာ (ရာဇာဝင်းအောင်) အဖြစ် သရုပ်ဆောင်ထားတဲ့ ဘုန်းရှိန်ခန့်ကတော့ “စိတ်၏ခြေရာ”၊ “ပျားရည်အိုင်”၊ “ပုဂံမြို့သူ”၊ “ဝင်္ကပါစံအိမ်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့လည်း ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ မိန်းမလျာကာရိုက်တာအဖြစ် စတင်သရုပ်ဆောင်တဲ့ ရာရာအဖြစ် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ်။

ရှေ့ဆက်ပြီး ပြသမယ့် “ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲ အပိုင်းတွေမှာ ချစ်နွေနဲ့ ရာရာတို့ သူငယ်ချင်းတွေ သူတို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပဲနော်။ အခုတင်ဆက်ပေးလိုက်တဲ့ ချစ်နွေနဲ့ ရာရာတို့ ရဲ့ ပုံလေးတွေကိုလည်း သဘောကျကြမယ် ထင်ပါတယ်နော်။

Credit  \\   original

Recent Updates

Recent Posts Widget