ပက္က်ိတစ္ေကာင္ေၾကာင့္ ရထားစီးခရီးသည္ တစ္ေသာင္းႏွစ္ေထာင္ေႏွာင့္ေႏွး
ရထားေပါင္း ဒါဇင္မ်ားစြာ ရပ္ထားရၿပီး ခရီးသည္ တစ္ေသာင္းႏွစ္ေထာင္ ခရီးဖင့္ခဲ့ရတဲ့ ဂ်ပန္က မီးျပတ္မႈႀကီးကို ျဖစ္ေစခဲ့တာကေတာ့ ပက္က်ိတစ္ေကာင္ပဲျဖစ္ပါတယ္လို႔ ဂ်ပန္က ရထားေျပးဆြဲတဲ့ လုပ္ငန္းတစ္ခုက ဆိုပါတယ္။ ရထားပို႔ေဆာင္ေရးကုမၸဏီ က်ဴ႐ွဴးက ေျပးဆြဲေပးေနတဲ့ ဂ်ပန္ႏိုင္ငံေတာင္ပိုင္း ေဒသရထားလမ္းေၾကာင္းတခ်ိဳ႕မွာ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္သြားတာျဖစ္ပါတယ္။
ဒီလို လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈေၾကာင့္ ကုမၸဏီဟာ ရထားခရီးစဥ္ ၂၆ ခုကို ရပ္လိုက္ရၿပီး ကမၻာ့အခ်ိန္အမွန္ဆံုး ရထားစနစ္ရွိတဲ့ႏိုင္ငံမွာ ခရီးသည္ေသာင္းနဲ႔ခ်ီၿပီး ကေသာင္းကနင္းျဖစ္ခဲ့ရတာပါ။ ပက္က်ိတစ္ေကာင္က မီးေပးတဲ့ကိရိယာတစ္ခုကို ထိမိရာကေန လွ်ပ္စစ္ျပတ္ေတာက္သြားတာျဖစ္ၿပီး တရားခံပက္က်ိ ေသဆံုးသြားခဲ့ၿပီလို႔ ကုမၸဏီကေျပာၾကားပါတယ္။
“မီးျပတ္သြားေစတဲ့ကိရိယာကို ကၽြန္ေတာ္တို႔ ေတြ႔ထားၿပီးပါၿပီ။ အဲဒီေနရာမွာ ေသဆံုးေနတဲ့ ပက္က်ိတစ္ေကာင္ကိုလည္း ေတြ႔ရွိရပါတယ္”လို႔ ကုမၸဏီေျပာခြင့္ရအရာရွိက AFP ကို ေျပာၾကားပါတယ္။ သမင္ေတြက ရထားကို ဝင္တိုက္တာမ်ိဳး ရွိခဲ့ေပမယ့္ ပက္က်ိေၾကာင့္ဆိုတာေတာ့ သိပ္ကို ရွားပါးတဲ့ျဖစ္စဥ္ပါလို႔ ေျပာၾကားပါေသးတယ္။
Credit \\ original
Unicode
ပက်ကျိတစ်ကောင်ကြောင့် ရထားစီးခရီးသည် တစ်သောင်းနှစ်ထောင်နှောင့်နှေး
25-Jun-2019
ရထားပေါင်း ဒါဇင်များစွာ ရပ်ထားရပြီး ခရီးသည် တစ်သောင်းနှစ်ထောင် ခရီးဖင့်ခဲ့ရတဲ့ ဂျပန်က မီးပြတ်မှုကြီးကို ဖြစ်စေခဲ့တာကတော့ ပက်ကျိတစ်ကောင်ပဲဖြစ်ပါတယ်လို့ ဂျပန်က ရထားပြေးဆွဲတဲ့ လုပ်ငန်းတစ်ခုက ဆိုပါတယ်။ ရထားပို့ဆောင်ရေးကုမ္ပဏီ ကျူရှူးက ပြေးဆွဲပေးနေတဲ့ ဂျပန်နိုင်ငံတောင်ပိုင်း ဒေသရထားလမ်းကြောင်းတချို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတာဖြစ်ပါတယ်။
ဒီလို လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ကုမ္ပဏီဟာ ရထားခရီးစဉ် ၂၆ ခုကို ရပ်လိုက်ရပြီး ကမ္ဘာ့အချိန်အမှန်ဆုံး ရထားစနစ်ရှိတဲ့နိုင်ငံမှာ ခရီးသည်သောင်းနဲ့ချီပြီး ကသောင်းကနင်းဖြစ်ခဲ့ရတာပါ။ ပက်ကျိတစ်ကောင်က မီးပေးတဲ့ကိရိယာတစ်ခုကို ထိမိရာကနေ လျှပ်စစ်ပြတ်တောက်သွားတာဖြစ်ပြီး တရားခံပက်ကျိ သေဆုံးသွားခဲ့ပြီလို့ ကုမ္ပဏီကပြောကြားပါတယ်။
“မီးပြတ်သွားစေတဲ့ကိရိယာကို ကျွန်တော်တို့ တွေ့ထားပြီးပါပြီ။ အဲဒီနေရာမှာ သေဆုံးနေတဲ့ ပက်ကျိတစ်ကောင်ကိုလည်း တွေ့ရှိရပါတယ်”လို့ ကုမ္ပဏီပြောခွင့်ရအရာရှိက AFP ကို ပြောကြားပါတယ်။ သမင်တွေက ရထားကို ဝင်တိုက်တာမျိုး ရှိခဲ့ပေမယ့် ပက်ကျိကြောင့်ဆိုတာတော့ သိပ်ကို ရှားပါးတဲ့ဖြစ်စဉ်ပါလို့ ပြောကြားပါသေးတယ်။
Credit \\ original



