








Unicode Version

“မီးသတ်အနီး ကားရပ်တဲ့ကိစ္စ အမျိုးသမီးက မီးသတ်တပ်ဖွဲ့ဝင်တွေကို အမှုဖွင့်လိုက်ပြီ”

လူမှုကွန်ရက်ပေါ်မှာ မီးသတ်တပ်ဖွဲ့ရှေ့မှာ ကားရပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး Live လွှင့်တဲ့အကောင့်ပိုင်ရှင် Mya Wut Yee ဟာမီးသတ်တပ်ဖွဲ့ဝင်တွေကို ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့ ကနဦးသတင်းများအရ ကြားသိရပါတယ်။
ထိုအကောင့်ပိုင်ရှင် အမျိုးသမီးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်တွင် သူမ မှားကြောင်း နဲ့ မှန်ကြောင်း ငြင်းဆိုနေတဲ့အသံတွေများစွာကိုလည်း လူမှုကွန်ရက်မှာ ရေးသားပြောဆိုနေကြပါတယ်။
အဆိုပါသတင်းနှင့် ဆက်စပ်၍ ထိုအမျိုးသမီးသည် ယခင်ကလည်း ဧရာဝတီဘဏ် လုံခြုံရေးဝန်ထမ်းနှင့် အငြင်းပွားမှုတစ်ခုဖြစ်ပွားခဲ့ပြီး တောင်းပန်ရှိခိုးခိုင်းသည့် ဖြစ်စဉ်လည်း ကြုံဖူးထားကြောင်းကိုလည်း လူမှုကွန်ရက်မှာ ပြောဆိုနေကြပါတယ်။
လက်ရှိမှာတော့ ထိုအမျိုးသမီးဟာ မီးသတ်တပ်ဖွဲ့ဝင်တွေကို ရွှေပြည်သာရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

Recent Updates

Recent Posts Widget